စစ်ကောင်စီကို ရွံမုန်းသလို မြောက်ပိုင်းအဖွဲ့ကိုလည်း မရွံမုန်းလာစေလို
SHAN -
သျှမ်းပြည်မြောက်ပိုင်းမှာ မြောက်ပိုင်း စစ်ရေးမဟာမိတ် ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနေရာမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်စခန်းကြီး၊ တပ်စခန်း ငယ်ပေါင်း ရာဂဏန်း သိမ်းပိုက်လိုက်တဲ့အပေါ် နိုင်ငံတဝှမ်းနေ လူထုတစ်ရပ်လုံးက ကျေနပ် ဝမ်းသာနေကြပါတယ်။ နောက်ကွယ်မှာ ကြိတ်မှိတ်ခံစားနေရတဲ့...
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာကျေးရွာအုပ်စုမှ ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရန် စစ်ကောင်စီတပ်မှ ပြောဆိုကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှစ၍ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးတွင် အခြေစိုက်သော စစ်ကောင်စီတပ် ခလရ - ၁၂၃ မှ နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရန် လာရောက်ပြောဆိုကြောင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ဒေသခံများက...
မူဆယ်-မန္တလေး ကားခ ၃သိန်းခွဲ အထက်ရှိ
သျှမ်းပြည်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မူဆယ်မြို့ မှ မန္တလေးမြို့ကို ကားခ ၃ သိန်းခွဲအထက်ပေးပြီး သွားနေရကြောင်းစုံစမ်းသိရသည်။ သျှမ်းပြည်တွင် "၁၀၂၇ စစ်ဆင်ရေး" စစ်ကောစီနှင့် ညီနောင်မဟာမိတ်တို့၏ တိုက်ပွဲများကြောင့် လမ်းပန်း ဆက်သွယ်ရေးများ၊တံတားများပျက်စီးမှုကြောင့် ပြည်သူများခရီးသွားလာမှု အတွက် အခက် အခဲများ ကြုံတွေနေရကြောင်း ဒေသခံပြည်သူများက သျှမ်းသံတောင်ဆင့်ကို...
နမ့်ဖက်ကာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာ ၆ ရက်) မွန်းလွဲ ၁ နာရီကျော်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စု မန်မိုင်ရွာတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့်...
သျှမ်းပြည် စက်သုံးဆီများ ပြတ်လပ်လုနီးပါးဖြစ် အကန့်အသတ်ဖြင့်ရောင်းနေရ
သျှမ်းပြည် မြို့နယ် အများစုတွင် စက်သုံးဆီများပြတ်လပ်နေပြီး အချို့နေရာတွင် ဈေးများတက်ကာ အကန့်သတ်ဖြင့် ရောင်းချနေရကြောင်း စုံစမ်း သိရပါသည်။ သျှမ်းပြည် မိုင်းရှူး၊ ပင်လုံ၊ ခိုလမ်နှင့် မူဆယ်မြို့တို့တွင် စက်သုံးဆီ ဓာတ်ဆီ ၁ လီတာလျှင် ၃၂၀၀ မှ ၃၈၀၀ ကျပ် ထိ ဈေးတက်နေပြီ၊...
သျှမ်း-မန္တလေးနယ်စပ် မိုင်းလုံမြို့ လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးသေ၊ အရပ်သား ၁၀ ဦးဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၉ နာရီအချိန်ခန့်က သျှမ်း-မန္တလေးနယ်စပ်ရှိ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ...
“ဝ”ဒေသရောက် စစ်ဘေးရှောင်များ ယာယီနေထိုင်ခွင့်လက်မှတ်လုပ်ရန် UWSA ထုတ်ပြန်
SHAN -
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ဝင်ရောက် စစ်ဘေးရှောင်လာကြသည့် ပြည်သူများအားလုံး နီးစပ်ရာရဲစခန်းတွေမှာ ယာယီနေထိုင်ခွင့်လက်မှတ် ပြုလုပ်ကြဖို့ UWSA က ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။ ဒီဇင်ဘာလ ၃ရက် ရက်စွဲဖြင့် " ဝ " ပြည်တရားရေးရာလုပ်ငန်းကော်မတီ မှ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးအတွက် ဟု ဆိုကာ "ဝ"ဒေသအတွင်း ဝင်ရောက်လာသည့် စစ်ဘေးရှောင်ပြည်သူများအားလုံး...
လောက်ကိုင်မှ ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးသွား
သျှမ်းပြည် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ နေရပ်ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်တွင် လောက်ကိုင်မြို့မှ နေရပ်ပြန်ရန် ထွက်ခွာလာသည့် လူငယ် ၇ ဦးသည် ချင်းရွှေဟော်မြို့သို့ မရောက်မီတွင်...
ပန်ဆိုင်းမြို့နယ်အတွင်း လူမနေ၊ စာရင်းမပေးသည့် အိမ်များကို ချိတ်ပိတ် သိမ်းမည်ဟု MNDAA ပြော
သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲဖြစ်ပြီး ပြည်သူများ နေရပ်မှ စွန့်ခွာခဲ့ရာ လက်ရှိ လူမနေတော့သည့် နေအိမ်များကို ချိတ်ပိတ်သိမ်းသွားမည်ဟု MNDAA က ကြေညာလိုက်ကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း ပန်ဆိုင်းမြို့အတွင်း MNDAAထံ သန်းခေါင်စာရင်းလာမပေးသူ၊ နေအိမ်တွင် ပြန်မလာနေသူများကို...
ဆီဆိုင် စစ်ရှောင် ၁ သောင်းကျော်တိုးလာ၊ အများစု အမျိုးသမီးနှင့် ကလေးတွေဖြစ်
SHAN -
ကရင်နီပြည်အတွင်း “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ ၁ သောင်းကျော်တိုးလာပြီး ထိုထဲတွင် အမျိုးသမီးနှင့် ကလေးများ ထက်ဝက်ကျော်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်း ယခင် စစ်ရှောင်ဦးရေနှင့် ယခု "၁၁.၁၁ စစ်ဆင်ရေး"ကြောင့် အသစ်ရောက်လာသည့် စစ်ရှောင်...





