CATEGORY

စစ်ရေး

နမ့်ခမ်းဒေသခံများ လေကြောင်းအန္တရာယ် စိုးရိမ်နေရ

“၁၀၂၇ စစ်ဆင်ရေး” နှစ်ပတ်လည်နေ့တွင် သျှမ်းပြည် နမ့်ခမ်းမြို့ ဒေသခံများသည် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) တွင် ကျရောက်သည့် “၁၀၂၇ စစ်ဆင်ရေး” နှစ်နှစ်ပြည့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့်...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

TNLA ထိန်းချုပ် နမ္မတူမြို့ ဗုံးထပ်ကြဲခံရ၊ စစ်ဘေးရှောင် ၅၀၀ နီးပါး ထပ်မံထွက်ပြေး

သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထပ်မံထွက်ပြေးရသည့် စစ်ဘေးရှောင် (၅၀၀) ကျော် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၉ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့...

သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော်...

ပင်လောင်းမြို့နယ်ထဲ စစ်ကော်မရှင်တပ်နှင့် PNO စစ်အင်အားဖြည့်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အားဖြည့်တင်းခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ တတိယပတ် အတွင်း ပင်လောင်းမြို့ဘက်မှ ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်ကားများဖြင့် စစ်အင်အား အများအပြား ဖြည့်တင်းခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ပင်လောင်းဒေသခံ...

ရွာငံစစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားပြီး ဆေးဝါးအကူညီများလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှ စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားပြီး ဆေးဝါးအကူညီများစွာ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် ရနဲကျေးရွာ အုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ် ၂၃ လုံးနှင့် စပါးကျီတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားလွတ်မြောက်ရေး တပ် DSNDA က...

သင်္ကန်းဝတ်ဖြင့် အမုန်းတရားဖြန့်နေသော ပေါက်ကိုယ်တော်

ပျူစောထီးလက်နက်ကိုင်အဖွဲ့၏ သင်္ကန်းဝတ်ခေါင်းဆောင် ပေါက်ကိုယ်တော် (ခေါ်) အရိယဝံသသည် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ ရောက်လာပြီးနောက် မြေပြင်ရှိ စစ်သည်များနှင့် တွေ့ဆုံကာ သျှမ်းနှင့် ပလောင် (တအာင်း) အကြား အမုန်းတရားပွားအောင် သွေးထိုးစကားများ ပြုလုပ်ခဲ့သည်။ တအာင်း(ပလောင်)အမျိုးသားများလွတ်မြောက်ရေးတပ်မတော် TNLA မှ တစ်နှစ်ကျော်ကြာ ထိန်းချုပ်ထားသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကော်မရှင်တပ် ဗုံးထပ်မံကြဲ

သျှမ်းပြည် - မန္တလေးနယ်စပ် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၁ ရက်) နေ့လည် ၃ နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း ဘုရားငါးဆူ အနီးတဝိုက်ကို စစ်ကော်မရှင်တပ်က...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၃၀၀၀ အတွက် အမိုးအကာ လိုအပ်နေ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာ ၄ ရွာကို စစ်ကော်မရှင်တပ်က နေအိမ်မီးရှို့ ဖျက်ဆီးမှု ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံ ၃၀၀၀ ဝန်းကျင် ထွက်ပြေးနေကြပြီး နေရာထိုင်ခင်းအတွက် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယခုလ အောက်တိုဘာ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာ၊...

လူမျိုးရေးအမုန်းပွားအောင် ဇာတ်ကြောင်းဖန်တီးနေသည့် ဒေသတွင်းသတင်းဌာနအတုပကို လေ့လာခြင်း

နိဒါန်း လူမျိုးရေးအဓိကရုဏ်း (သို့မဟုတ်) လူမျိုးရေးတိုက်ပွဲ ဆိုသည်မှာ လူမျိုးအုပ်စုများအကြား လူမျိုးချစ်တတ်သည့် စိတ်ကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခဆိုသော်လည်း မည်သူ့ ပယောဂမှမပါဘဲ အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်းတော့ မရှိပေ။ မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော အမုန်းစကားများမှာ စစ်တပ်၊ အစိုးရနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများအပါအဝင် သြဇာကြီးမားသူများက အချိန်ကြာမြင့်စွာကတည်းက စနစ်တကျ ဖြန့်ဝေလာခြင်း...

Latest news