ဘတ်ရိုက်ခြင်း (သို့မဟုတ်) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြသူများ

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် Work Permit (ဝေါ့ခ်ပါမစ်) အသစ်ပြုလုပ်ပေးရန် အမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယခုအခါ အလုပ်လုပ်ခွင့်လက်မှတ် (ဝေါ့ခ်ပါမစ်) ပြုလုပ်ရန် ပထမဆင့်ဖြစ်သော အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ ၁၅ ရက်တာ စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

လုပ်သားရှားပါးမှုကို ဖြေရှင်းရန် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအား ဝေါ့ခ်ပါမစ် အသစ် ပြုလုပ်ပေးရန် စာရင်းတင်သွင်းမှုကို ထိုင်းအစိုးရဘက်မှ ပြီးခဲ့သော အောက်တိုဘာလအတွင်း ရက်ပိုင်းခန့် ဖွင့်လှစ်ပေးခဲ့သော်လည်း နယ်စပ်ပဋိပက္ခများကြောင့်ဆိုကာ ဝေါ့ခ်ပါမစ် ထုတ်ပေးမည့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့သည်။

ယခင်နှင့်မတူသော ယခုအစီအစဉ်သစ်တွင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ခေါ် ဘတ်စာရင်း တင်သွင်းကြေးကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော ဝက်ဘ်ဆိုဒ်စာမျက်နှာ လင့်ခ်မှတဆင့် ပေးသွင်းရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဘတ်အသစ်ပြုလုပ်ရန် ထိုင်းငွေ ၂,၉၈၀ ဘတ်မှ ၃,၈၇၀ ဘတ် ကုန်ကျမည်ဖြစ်ပြီး ဘတ်အမည်စာရင်း လျှောက်ထားမည့် အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၁ နှစ်သက်တမ်း ရရှိမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။

ထို့အပြင် အလုပ်လုပ်ခွင့်လက်မှတ် အသစ် လျှောက်ထားမည့်သူများ အနေဖြင့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ် ရှိထားပါက တစ်ပါတည်း လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

သို့သော် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးမည့် အစီအစဉ်သစ်တွင် တကျော့ပြန် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။

ရေကြည်ရာ မြက်နုရာသို့

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ လူငယ်များသည် စစ်ရေး ပဋိပက္ခများ၊ စီးပွားရေး ပြိုလဲမှုများနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် နိုင်ငံအတွင်းမှ ရသည့် နည်းလမ်းဖြင့် ထွက်ခွာရန် ကြိုးစားနေကြသည်။

ပြီးခဲ့သော သြဂုတ် ၁၂ ရက်က ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) မှ ဖော်ပြသော “ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွှေ့ပြောင်းအခြေချနေထိုင်ခြင်း” အစီရင်ခံစာတွင် လူငယ် ၇,၀၀၀ ကျော်၏ အမြင်များကို မေးမြန်းခဲ့ရာ လူငယ် ၁၀ ယောက်တွင် ၄ ယောက်က မြန်မာနိုင်ငံမှ ထွက်ခွာလိုကြကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ လူငယ်အများစု အသွားချင်ဆုံး နိုင်ငံမှာ ဂျပန်နိုင်ငံ ဖြစ်သော်လည်း လက်တွေ့မှာတော့ ထိုင်းနိုင်ငံကိုသာ သွားရောက်မှု အများနိုင်ငံဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် နည်းလမ်းဖြင့် လည်းကောင်း၊ တရားဝင် နည်းလမ်းဖြင့်လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာသူ သန်းနှင့်ချီ ရှိနေကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ခန့်မှန်း ပြောဆိုနေကြသည်။

ယခုနှစ် ၂၀၂၅ အတွင်း ထိုင်းအစိုးရမှ ထုတ်ပြန်သော ဇူလိုင်လအထိ စာရင်းများအရ အလုပ်လုပ်ခွင့်လက်မှတ် လျှောက်မည့်သူ၊ သက်တမ်းတိုးမည့်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂ ဒသမ ၉ သန်းရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင်မှု အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လျှောက်ထားဆဲ မြန်မာရွေ့ပြောင်းအလုပ်သမား ၉၃,၃၀၅ ဦးရှိသည်ဟု ချင်းမိုင်ခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ယခုနှစ် ၂၀၂၅ သြဂုတ် ၆ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဘတ်ရိုက်ရန်အတွက် အကြွေးတင်နေသူများ

ထိုင်းအစိုးရဘက်မှ ယခုစတင်မည့် ဘတ်အမည်စာရင်း တင်သွင်းခြင်း လုပ်ငန်းစဉ်တွင် အစအဆုံး ပေးသွင်းရမည့် ကုန်ကျစရိတ်ကို ထိုင်းဘတ်ငွေ ၃,၈၇၀ ( မြန်မာကျပ်ငွေ ကာလပေါက်စျေး ၄ သိန်းခွဲကျော်) ကျသင့်မည်ဟု တရားဝင် ကြေညာထားသည်။

သို့သော် ပြင်ပ အကျိုးဆောင် ပွဲစားများဖြင့် လုပ်ဆောင်မည်ဆိုပါက ထိုင်းဘတ်ငွေ ၈,၀၀၀ မှ ၁၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၁၀ သိန်းမှ ၁၂သိန်းကျော်) ပေါက်ဈေး ရှိနေသည်ဟု ဘတ်စာရင်း အသစ်လျှောက်မည့်သူများက ပြောကြသည်။

ထို့အပြင် အချို့သော ပွဲစားများသည် VIP လမ်းကြောင်းဟုဆိုကာ ထိုင်းဘတ်ငွေ ၁,၈၀၀၀ (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၂၂ သိန်းကျော်) အထိ တောင်းယူကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

“အရင်တစ်ခါက VIP လမ်းကြောင်းဆိုပြီး ဘတ် ၁၈,၀၀၀ ပေးပြီး လုပ်လိုက်တာ မရဘူး။ ပိုက်ဆံပဲ လိမ်သွားလား မပြောတတ်ဘူး” ဟု ဘတ်အသစ် လျှောက်မည့် ကိုကျော် (အမည်လွှဲ)က ပြောသည်။

အဆိုပါ ဈေးနှုန်းသည် ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနမှ တရားဝင် ကြေညာထားသော သတ်မှတ်နှုန်းထက် နှစ်ဆ၊ သုံးဆ ကုန်ကျစရိတ် ပိုမိုကြီးမြင့်နေသည်။ ထိုငွေပမာဏများသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် မလွယ်လှပေ။

ကိုကျော်သည် ဘတ်စာရင်း ခေါ် အလုပ်လုပ်ခွင့် ဝေါ့ခ်ပါမစ် ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာကာ ခရီးစရိတ်အတွက် ထိုင်းဘတ်ငွေ စုစုပေါင်း ၁၅,၀၀၀ (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၁၈ သိန်းကျော်) ကုန်ကျခဲ့ကြောင်း ပြောသည်။

“တချို့တွေကျတော့ လယ်ရောင်း၊ ခြံရောင်းပြီး လာကြတယ်။ တချို့တွေကျတော့လည်း အတိုးယူပြီးတော့ လာကြတာပေါ့” ဟု ကိုကျော်က လမ်းစရိတ် အခက်အခဲကို ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့် ဝေါ့ခ်ပါမစ် ပြုလုပ်ရန်အတွက် တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာကြရာ အချို့လည်း လမ်းပိုင်းတွင် ဖမ်းဆီးခံရပြီး မြန်မာပြည်သို့ ပြန်ပို့ခံရသူများလည်း ရှိနေသည်။

ထို့အပြင် ဘတ်စာရင်း ပြုလုပ်ပေးမည့် ပွဲစားအချင်းချင်း အဝေ မတည့် ဖြစ်ရာမှ ပွဲစားတစ်ဦးက နေရာအတိအကျဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနထံ တိုင်ကြားသဖြင့် ဝင်ရောက်ဖမ်းခံရသူများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်ဖြစ်စေရန် ရည်ရွယ်၍ ထိုင်းအစိုးရဘက်မှ အလုပ်လုပ်ခွင့် အသိအမှတ်ပြုလက်မှတ် ခေါ် ဝေါ့ခ်ပါမစ်ကို နှစ်စဉ် ထုတ်ပေးသည်။ ထိုလုပ်ငန်းစဉ်အား ဘတ်ရိုက်ခြင်း (သို့မဟုတ်) ပန်းရောင်ကတ် ပြုလုပ်သည်ဟုလည်း ခေါ်ကြသည်။

ယခုဘတ်ရိုက်လုပ်ပေးမည့် လုပ်ငန်းစဉ်တွင် ဝေါ့ခ်ပါမစ် သက်တမ်းကုန်ဆုံးနေသူများ၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသူများနှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများ အကျုံးဝင်ကြောင်း နိုဝင်ဘာလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သော ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်ထဲတွင် ပါရှိသည်။

အခုလုပ်မည့် လုပ်ငန်းစဉ်တွင် အမည်စာရင်းတင်သွင်းခြင်း၊ အလုပ်လုပ်ခွင့် လျှောက်လွှာတင်ခြင်း၊ ငွေသွင်းခြင်း၊ ကျန်းမာရေး ဆေးစစ်ခြင်း၊ အာမခံဝယ်ယူခြင်းနှင့် လက်ဗွေနှိပ်ခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများ ဘတ်ရိုက်ရာတွင် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောသည်။

“အရင်က ပုံစံအတိုင်းပဲ၊ သတ်မှတ်ထားတဲ့ ၁၅ ရက်အတွင်း လုပ်ပေးမှာ။ စာရင်းပေးသွင်းစရာရှိတာ သွင်းရမယ်။ ပြီးမှ တစ်လ၊ နှစ်လအတွင်းထဲမှာ သွေးစစ်ရမယ်၊ လက်ဗွေနှိပ်ရမယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးလျှင် ရွှေ့အလုပ်သမားများအနေဖြင့် တရားဝင် နေထိုင်ခွင့်အတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံကူးလက်မှတ် Passport (သို့မဟုတ်) CI စာအုပ်များကို ရက်ပေါင်း ၁၈၀ အတွင်း ပြုလုပ်ကာ ဗီဇာထည့်သွင်းခြင်း လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆိုသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့် ဝေါ့ခ်ပါမစ် လျှောက်ထားကြမည့် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း လိမ်လည်မှုများ မကြုံရအောင် ဝန်ဆောင်မှုယူမည့် ပွဲစားများကို သေချာစိစစ် ရွေးချယ်ကြရန် အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများကလည်း သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...