ရွာငံမြို့နယ် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ အရပ်သားဖမ်းဆီးမှုကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်နေ
သျှမ်းပြည် ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ် မကြာခဏ စစ်ကြောင်းထိုးပြီး အရပ်သား နေအိမ်ကို မီးရှို့ခြင်း၊ အမျိုးသမီးများပါမကျန် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို...
ဒုစရိုက်သမား ပေါများလာသည့် တောင်ကြီး
စစ်အာဏာသိမ်းပြီး ၄နှစ်ကျော် ကာလအတွင်း သျှမ်းပြည်အထင်ကရမြို့တော်ဖြစ်သည့် တောင်ကြီးမြို့ပေါ်တွင် မကြုံစဖူး ဒုစရိုက်သမားများ ပေါများလာကြောင်း ဒေသခံများထံစုံစမ်းသိရသည်။ မြန်မာနိုင်ငံတဝှမ်းတွင် အာဏာသိမ်း စစ်ကောင်စီကို နည်းမျိုးစုံဖြင့် တွန်လှန်တော်လှန်နေကြပြီး၊ မြန်မာနိုင်ငံ၏ ဒေသအများစုတွင် စစ်ကော်မရှင်တပ်နှင့် တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ တော်လှန်ရေး အင်အားစုများဖြင့် စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေကြသည်။ ထို့ကြောင့် စစ်ရေး...
နမ့်ဆန်မြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်သတင်းရသည်။ ယနေ့ (အောက်တိုဘာလ ၁၃ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် နမ့်ဆန်မြို့နယ် ကယားကြီး ကျေရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နမ့်ဆန်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
မိုးကုတ်-မိုင်းလုံကြား စစ်ကော်မရှင်တပ် လေကြောင်းဗုံးထပ်ကြဲ၊ နေအိမ် ၄ လုံးပျက်စီး
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုင်းလုံမြို့အကြား စစ်ကော်မရှင်တပ်က လေကြောင်းဗုံးဖြင့် ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၂ ရက်) ညနေ ၅ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် မိုင်းလုံမြို့အကြား စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး ၃...
ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...
မူဆယ်မြို့ လွယ်တိန်ခမ်း သာသနာ့နယ်မြေကို ပွဲစားများ ကျူးကျော် မြေကွက်ရိုက်ပြန်ရောင်း
SHAN -
သျှမ်းပြည် မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ရှိ သာသနာ့နယ်မြေကို ပွဲစားများ ပိုင်နက်ကျူးကျော်ကာ တရုတ်လုပ်ငန်းရှင်များထံ အကွက်ရိုက် ပြန်ရောင်းချနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ကာ တိုက်ပွဲကြား အခွင့်ကောင်းယူပြီး မြေပွဲစားများနှင့် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပြင်နှင့် အနီးအနားရှိ မြေလွတ်မြေရိုင်းများကို ခွဲတမ်းကျ အကွက်ရိုက်ပြီး...
ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...
လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် သီပေါစစ်ရှောင် မိန်းကလေးတစ်ဦး သေဆုံး
သျှမ်းပြည် သီပေါမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များထဲမှ လားရှိုးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် မိန်းကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် သီပေါမြို့စစ်ရှောင် အသက် (၁၃)...
တရုတ်လမုန့် ပွဲ နာမည်ခံ သိန္နီမြို့ လောင်းကစားပွဲတော်
ဘောလုံးကွင်း တကွင်းစာခန့်ရှိသော မြေလွတ်တစ်နေရာတွင် လူတွေက “ဖားဖား…၊ ကျားကျား..၊ ဆင်ဆင်..”ဟု အော်သူကအော်ပြီး ဆော့သူကဆော့ကာ အများအကြိုက် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် ဖဲဝိုင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဆော့ကစားနေကြသည်။ အများသူဌာသည် လမုန့်စားပွဲတော်ဟု နှုတ်ကနေပြောဆိုသော်လည်း အမှန်တကယ်တွင် လောင်းကစား ပွဲတော်ပင် ဖြစ်နေသည်။ ထိုနေရာသည် တချိန်တခါက သျှမ်းစော်ဘွား နန်းစိုက်ရာ...
မိုးမိတ်မြို့နယ်ထဲ လေကြောင်းဗုံးကြဲခံရပြီး ကလေး ၂ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ
သျှမ်းပြည် မိုးမိတ်မြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၆ နာရီခွဲကျော်တွင်...





