လားရှိုး တိုက်ပွဲတွင် ရမခ စစ်တီးဝိုင်း တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့အနီး ဖြစ်ပွားနေသည့် တိုက်ပွဲ အတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) စစ်တီးဝိုင်း တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ရ ရက်)တွင် အတည်ပြု ပြောသည်။ လားရှိုးမြို့အနီးတွင်ဖြစ်ပွားနေသည့် ညီနောင်မဟာမိတ်တပ်များနှင့် တိုက်ပွဲများတွင်...
လားရှိုးမြို့မှ တိမ်းရှောင်လာသော ကားရာနှင့်ချီ စဉ့်အင်ဖောင်ဆိပ်တွင် ပိတ်မိနေ
သျှမ်းပြည် လားရှိုးမြို့တွင် တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင်ကားများ ရာနှင့်ချီ ပိတ်မိနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြို့နေပြည်သူများမှာ ယမန်နေ့ (ဇူလိုင် ၄ ရက်) တွင် စတင်ထွက်ခွာ တိမ်းရှောင်နေကြပြီး...
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြိုနယ်တို့တွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ တိုက်ပွဲများအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၅ ရက်)က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုနှင့် သီပေါမြို့နယ် ကြံခင်းရွာတို့တွင် (၂) နေရာထက်မနည်း...
လားရှိုးမြို့ အခြေပြု ခံစစ်သေဖြင့် ခုခံရန် စစ်ကာင်စီတပ် ပြင်ဆင်
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၉၁) တပ်ရင်း သိမ်းပိုက်ခံရပြီးနောက် မြို့အခြေပြု ခံစစ်သေဖြင့် ခုခံရန် ပြင်ဆင်နေ သဖြင့် မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင် ၆ ရက်) တွင်...
ရွာငံတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်၁၂ဦးထက်မနည်းသေဆုံး
SHAN -
သျှမ်းပြည် တောင်ပိုင်း၊ရွာငံမြို့နယ်၊ရေချမ်းရွာနှင့် ၀က်ကဘူးရွာကြား လမ်းပိုင်းတစ်နေရာတွင် စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီး စစ်ကောင်စီဘက် ၁၂ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရွာငံPDF(JPRF)တပ်ထံမှသိရသည်။ ဇူလိူင်လ၅ရက် နံနက်၉နာရီကျော်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ၁နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ "သူတို့က ၁၂ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရတယ်။ကျွန်တော်တို့ဖက်ကနှစ်ဦး ဒဏ်ရာရရှိတယ်"ဟု ရွာငံPDF(JPRF)တပ်ဖွဲ့မှ ကိုကေပီက...
ကျောက်မဲမြို့နယ်ရှိ SSPP စခန်းချနေရာကို TNLA တိုက်ခိုက်
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည် ဇွန်လ နောက်ဆုံးပတ်တွင် TNLA တပ်ဖွဲ့က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု ရဲစခန်းအနီးရှိ SSPP တပ်စခန်းကို ပြောင်းရွှေ့ခိုင်းခဲ့ရာ နှစ်ဘက်တင်းမာမှု...
သီပေါမြို့ အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာပြင်းထန်
သျှမ်းပြည် သီပေါမြို့တွင် လက်နက်ကြီးထိမှန်၍ အမျိုးသားတစ်ဦး ဒဏ်ရာပြင်ထန်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇူလိုင် ၄ ရက်) ည ၇ နာရီ ဝန်းကျင်တွင် သီပေါမြို့ ဒုဋ္ဌဝတီတံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲကြား လက်နက်ကြီးပစ်ခတ်မှုများကြောင့်...
မိုင်းရယ် ခလရ-၆၇ တပ်မှ ဟိုယကျေးရွာဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ-၆၇ မှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် တစ်ဘက်သက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၄ ရက်) ည ၇ နာရီခွဲခန့်တွင် မိုင်းရယ်မြို့နယ်အတွင်း ဟိုယ-တန့်ယန်းလမ်းခွဲရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ မှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့်...
ရမခ စစ်တိုင်းမှူးနှင့် ဒုတိုင်းမှူး မိသားစုများ လားရှိုးမှာ နေပြည်တော်သို့ ထွက်ပြေး
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိုင်းမှူး တို့၏ မိသားစုများ ယမန်နေ့ (ဇူလိုင်လ ၄ ရက်) က လားရှိုးမှ နေပြည်တော်သို့ ထွက်ပြေးသွားသည်ဟု တပ်တွင်းသတင်းရင်းမြစ်က အတည်ပြုသည်။ လားရှိုးမြို့ အခြေစိုက် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊...
နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ အမြောက်တပ်-၆၀၆ ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၄ ရက်) နေ့လယ် ၂ နာရီခန့်တွင် နောင်ချိုမြို့နယ်အတွင်း နောက်ဆုံးကျန်ရှိသည့် အမြောက်တပ်-၆၀၆...





