တရုတ်တောင်းဆိုမှု ဇူလိုင် လကုန်ထိ MNDAA အပစ်ရပ်မည်

တရုတ်နိုင်ငံ၏ တောင်ဆိုမှုကြောင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)သည် ဇူလိုင်လ ၃၁ရက်ထိ ယာယီ အပစ်ရပ်ထားမည် ဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၁၉)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ 

အဆိုပါထုတ်ပြန်ချက်တွင် MNDAA မှ တရုတ် အာဏာပိုင်၏ တောင်းဆိုချက်ကြောင့်  ဇူလိုင် ၁၉ရက်မှ ဇူလိုင် ၃၁ရက်ထိ ၁၂ရက်ကြာ အပစ်ခတ်ရပ်စဲမည်ဟု ဖော်ပြထားသည်။ 

MNDAA

သို့သော် MNDAA ဘက်မှ စတင်ထိုးစစ်ဆင်ခြင်းများ ရပ်တန့်နှင့်  လေကြောင်းရန် ကာကွယ်ရေး အစီအမံများကို ဆောင်ရွက်သွားကြမည်ဖြစ်ပြီး၊ အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်ခြင်း ခံရပါက ခုခံကာကွယ်သည့် တန်ပြန် တိုက်ခိုက်မှုများကို သင့်လျော်သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

MNDAA ၏ ဇူလိုင် ၃၁ရက်ထိ အပစ်ရပ်သည့် ကိစ္စထုတ်ပြန်လာပြီးနောက် လားရှိုးမြို့ ဒေသခံအမျိုးသား တစ်ဦး က “ သူတို့ အပစ်ရပ်တုန်း တခြားကို ပြောင်းရမယ်ထင်တယ်။ တဖက်က အပစ်ရပ် တဖက်က လေကြောင်းနဲ့ ဗုံးကြဲ၊ အခု တိုက်ပွဲက ဘယ်ကို ဦးတည်နေလဲမသိတော့ဘူး။ ကျနော်တို့ ပြည်သူတွေ အိုးအိမ်တွေ သေကြေ ပျက်စီးနေပြီ၊ စစ်အာဏာကို အမြစ်ဖြတ်ဖို့ထက် နယ်မြေအပြိုင်ချဲ့နေတယ် လို့ပဲမြင်တယ်” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်အာဏာအမြစ်ဖြတ်ဖို့ တော်လှန်ရေးပြုလုပ်သည့် အဖွဲ့တိုင်းသည် အရပ်သားထိခိုက်မှု သေကြေမှု အနည်းဆုံးကို ကြည့်ကြမည်ဖြစ်ကြောင်း၊ လက်ရှိ အပစ်ရပ်စဲကိစ္စများကို ကြည့်မည်ဆိုလျှင်လည်း တရုတ်အစိုးရ၏ တောင်းဆိုမှုများကြောင့်သာဖြစ်နေသည်ကိုတွေ့ရကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ထောက်ပြပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရန် MNDAA က လေးရက်ကြာ အပစ်ရပ်ကြေညာခဲ့သည်။ 

ထိုကြေညာချက်ထုတ်ပြီးနောက် MNDAA ထိန်းချုပ်သည့် သိန္နီမြို့ပေါ်သို့ စစ်ကောင်စီ တပ်မှ လေကြောင်းဖြင့် ဇူလိုင် (၁၈)ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား (၁၀)ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ ဒဏ်ရာရရှိသူ (၂၀)ကျော်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ဇူလိုင် ၁၄ရက်မှ ၁၈ရက်ထိ သျှမ်းပြည် မြောက်ပိုင်း တွင် တဖက်သက် အပစ်ခရပ်ရန် ညွှန်ကြားထားရာ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၈ ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...