Friday, January 30, 2026

လားရှိုးမှ စစ်ရှောင်လာသူ ကား ပျောက်ဆုံး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ဆောင်ကြဲကျေးရွာတွင် စစ်ဘေးရှာင် တစ်ဦး၏ ကား ယမန်နေ့ (ဇူလိုင် ၂၁)ရက် ညတွင် ခိုးခံလိုက်ရကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကားသမားသည် လက်ရှိ စစ်ရေးပြင်းထန်နေသည့် လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာပြီး ဆောင်ကြဲကျေးရွာသို့ ကားခေတ္တရပ်ဆိုင်းနေစဉ် ယမန်နေ့ (ဇူလိုင် ၂၁)ရက် ကားမှန်ဖောက်ခွဲပြီး အခိုးခံလိုက်ရကြောင်း ကားပိုင်ရှင် ကိုစိုင်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျနော်တို့ လားရှိုးက နေစစ်ရှောင်လာတာ။ ကျနော်ရဲ့ အမျိုးသမီးမောင်းလာတာပါ။ သူက ခရီးဆက်မမောင်းနိုင်တော့ ဆောင်ကြဲမှာ ခဏ ထားထားတာ။ ဆောင်ကြဲမှာလည်း တိုက်ပွဲတွေဖြစ်နေတယ် အခြေအနေမကောင်းဘူး။ မနေ့က ကားမှန်ကို ရိုက်ခွဲပြီး ခိုးသွားတာ” ဟု ကားပိုင်ရှင် ကိုစိုင်း ကဆိုသည်။

အဆိုပါခိုးခံရသည့် ကားသည် Land Cruiser Prado အမျိုးအစား ဖြစ်ပြီး SHN -38 (1D-72667) ဖြစ်ကြောင်းသိရသည်။

“ဒီနေ့မနက်အဝေးကြီးမသွားနိုင်သေးပါဘူးထင်တယ်ဗျ လမ်းသွား၊ လမ်းလာ ကားဆရာများဂိတ်များတွေ့ရှိရင်အကြောင်းကြားပေးပါခဗျာ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွ င်ရေးသားထားသည်။

ပျောက်ဆုံးသွားသည့်ကားကို တွေ့ရှိပါက ဆက်သွယ်ရန် 09687377771 / 09978266800 လည်းရေးသားထားသည်။

သီပေါမြို့နယ် ဆောင်ကြဲကျေးရွာအတွင်း MNDAA ထိန်းချုပ်နေရာယူထားကြောင်း ဆောင်ကြဲဒေသခံများပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

လားရှိုးမြို့ ဆရာတော် လုပ်ကြံခံရမှုအပေါ် တော်လှန်ရေးအင်အားစုများ လက်ချက်ဟု စစ်တပ်ဝါဒဖြန့်ချန်နယ်များ သတင်းအမှားဖြန့်ဝေနေ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်ဟု သတင်းအမှားဖြန့်ဝေသည်ကို တွေ့ရှိရသည်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော Ko Chit (MDY) က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် “လားရှိုးမှာ မဘသ ဆရာတော်တစ်ပါးအား အကြမ်းဖက်များက လုပ်ကြံသတ်ဖြတ်ကြောင်း”...
Ming_Families_Sentence_Death_in_China

ကိုးကန့်‘မြီ’မိသားစုအပါအဝင် ၁၁ ဦးကို ကျားဖြန့်မှုဖြင့် တရုတ်သေဒဏ်စီရင်ကွပ်မျက်

0
သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်ခဲ့သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’မိသားစုဝင်များ အပါအဝင် (၁၁) ဦးတို့ကို တရုတ်နိုင်ငံ တရားရုံးတစ်ခုမှ သေဒဏ်ချမှတ်ပြီးနောက် စီရင်ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နှစ် ၂၀၂၅ စက်တင်ဘာလအတွင်း အွန်လိုင်းငွေကြေး လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် အဓမ္မ ညှင်းပမ်းနှိပ်စက်မှု၊ လူသတ်မှုတို့ဖြင့်...

နိုင်ငံခြားဆေးဝါးများ ပြတ်လပ် နာတာရှည်လူနာများ အခက်တွေ့နေ

0
နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကော်မရှင်က ယာယီပိတ်ပင်ထားသည်မှာ ၅ လနီးပါး ရှိလာပြီဖြစ်သဖြင့် သျှမ်းပြည်တောင်ပိုင်းတွင် အခြေခံဆေးဝါးများ ပြတ်လပ်ကာ ဈေးနှုန်းများမှာ ယခင်ထက် ၃ ဆခန့်အထိ အဆမတန် မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၅ သြဂုတ်လ ဒုတိယပတ်မှစတင်၍ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားမှ...