ညောင်ရွှေမြို့နယ် တိုက်ပွဲကြောင့် ကလေးအပါအဝင် ၃ ဦးထိခိုက်၊ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် စံကားဒေသတွင် စစ်ကောင်စီတပ်နှင့် ကရင်နီလက်နက်ကိုင် တော်လှန်ရေးအင်းအားစုများအကြား တိုက်ပွဲဖြစ်ပွားကာ ကလေးအပါအဝင် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နှင့် မိုင် ၅၀ ခန့်သာကွာဝေးသည့် စံကားကျေးရွာအနီးကို နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် စစ်ကြောင်းထိုးလာသောကြောင့် ဇူလိုင် ၁၉ ရက်မှစ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စံကားဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကလေး (PDF) တွေကျတော့ ရေပူ၊ ဘုရားတောင်ဘက်မှာရောက်နေတာကြာပြီ။ ဒါပေမဲ့ မနေ့ရှေ့တစ်ရက်က ဒီဘက်ကိုတက်လာတာ။ ဒီဘက်ကိုလည်း စစ်တပ်က စစ်ကြောင်းထိုးဆင်းလာတာ။ မနေ့က စံကားအရှေ့ဘက် တောင်ခြမ်းမှာလာဆုံပြီး ထိတွေ့တိုက်ပွဲဖြစ်ကြတာ” ဟု ၎င်းကရှင်းပြသည်။

ယနေ့ (ဇူလိုင် ၂၀) ရက် နံနက် ၁၀ နာရီဝန်းကျင်မှစပြီး အင်းစံကားကျေးရွာအုပ်စုတွင် တိုက်ပွဲဆက်ဖြစ်နေပြီး ကုန်းသာကျေးရွာ အရှေ့ဘက်တောင်ကြောတွင် လက်နက်ကြီး ၄ လုံးကျသလို စံကားလေဆိပ်၊ မြို့ဟောင်း၊ ဘုရားတောင်၊ ရေပူ၊ နမ်းဗွန် စသည့်ကျေးရွာအသီးသီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုရှိကြောင်း သိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထီးကာရွာ ကလေးအပါအဝင် အရပ်သား ၃ ဦးထိခိုက်ပြီး နေအိမ်များလည်း ကျည်စထိမှန်ခဲ့ကြောင်း စံကားဒေသခံတစ်ဦးက ဆက်ပြောသည်။

“ဒီနေ့မြို့ဟောင်းမှာလည်း လက်နက်ကြီး လေးလုံးကျတယ်။ ထီးကာရွာထဲမှာလည်း ဒီနေ့နေ့လည်က လက်နက်ကြီး ၆ လုံးကျတာ လူ ၃ ယောက်ထိတယ်။ ကလေးတစ်ယောက်ပါတယ်။ ပြီးတော့ ဒီဘက်ဆင်းလာရင် လုံကန်ရွာရှိတယ်။ လုံကန်ဈေးမှာလည်း ကျတယ်” ဟု ပြောသည်။

လက်နက်ကြီးသည် ပင်လောင်းမြို့ရှိ စစ်ကောင်စီတပ်အထိုင်ချထားသော အမြှောက်တပ်မှနေ၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲကြောင့် ဟူးရန်း၊ ထီဟန်းတား၊ နမ်းဗွန်၊ အောင်ချမ်းသာနှင့် ဆည်ခေါင်း စသည့် ကျေးရွာများမှ ဒေသခံနှင့် စစ်ဘေးရှောင်များ ထောင်နှင့်ချီ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အခုကအကုန်လုံးရှောင်ကုန်ပြီ။ အရင်တုန်းက ကရင်နီပြည်က စစ်ဘေးရှောင်တွေ ကျနော်တို့ဘက်မှာ လာနေကြတာကြာပြီ။ အခုကျတော့ အဲ့ဒီစစ်ဘေးရှောင်အပြင် ရွာခံတွေပါ အကုန်လုံးရှောင်နေရတယ်။ တချို့ အနောက်ကမ်းက မိသားစု၊ ဆွေမျိုးဆီကိုပြေးကြတာပေါ့။ အကုန်လုံး အကုန်လုံး ရွာလုံးကျွတ်ဘဲ ပြေးကြတာ” ဟု အင်းစံကား စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဦးတည်ရာမဲ့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်သောကြောင့် နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူခြင်း၊ အင်းထဲ လှေစီးပြီး ဖြတ်ကူးခြင်း မပြုလုပ်ကြရန် စံကားကျေးရွာဒေသခံ အမျိုးသားတစ်ဦးက သတိပေးထားသည်။

“စစ်ကောင်စီကတော့ တစ်နေ့တစ်နေကုန် လက်နက်ကြီးပစ်ပြီး၊ ဒီညထပ်ပစ်မှာလည်း ကြောက်နေတယ်။ ရွာထဲကျမှာကိုကြောက်နေရတာပေါ့။ ပြီးတော့ လေယာဉ်နဲ့ ထင်ရာကြဲချမှာကိုလည်း ကြောက်နေရတယ်။ ဒါကြောင့် အခုဒေသခံတွေ၊ စစ်ဘေးရှောင်တွေနဲ့ ရွာကိုပြန်တာမလုပ်ကြဖို့” ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိမှာ စံကားအင်း၏ အရှေ့ဘက်ကမ်း၊အနောက်ဘက်ကမ်းကို လှေဖြင့်သွားရပြီး၊ ညဘက်တွင် ရှောင်ကာ နံနက်အချိန်မှ ရွာပြန်မည်ဖြစ်ကြောင်း ၊စစ်ကောင်စီတပ်ကိုလည်း ထီရိရွာမှ လှမ်းမြင်နေတွေ့နေရကြောင်း ဒေသခံများကပြောသည်။

“ပင်လောင်းဘက်တောင်ပေါ်နေလည်း စစ်ကောင်စီကို လှမ်းမြင်နေရတယ်။ လှေအသွားအလာမြင်ရင် အကုန်လုံးလိုက်ပစ်တယ်။ ဒါကြောင့်အခုရှောင်နေတဲ့နေရာမှာ ငြိမ်ငြိမ်နေကြဖို့ ပြောချင်တယ်” ဟု ယင်းအမျိုးသားက ဆိုပြန်သည်။

ထို့အပြင် လက်နက်ကိုင်တော်လှန်ရေးအင်းအားစုဘက်ကလည်း လှေစီးပြီး ကျေးရွာအနီး လှေဆိုက်ကပ်ခြင်း မပြုလုပ်ကြရန်၊ ကျေးရွာနှင့်ဝေးရာကမ်းတွင် လှေဆိုက်ကပ်ကြရန် ၎င်းကတောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...