MNDAA အပစ်ရပ်ကာလ လားရှိုးတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တိုက်ခိုက်

သျှမ်းမြောက်၊ လားရှိုးမြို့တွင် ယနေ့ (ဇူလိုင်လ ၂၁ ရက်) နံနက်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး မြို့တွင်း ကျန်ရှိနေသည့်ပြည်သူ အများအပြား ထွက်ခွာရန် ကြိုးစားခဲ့သည်ဟု မြို့ခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ အထွက် မုဒ်ဦး၌ မြို့တွင်းမှ ထွက်ခွာမည့် ယာဥ်အစီးရေ ရာနှင့်ချီ ပိတ်မိခဲ့သည်ဟု မြို့ခံ တစ်ဦးက ပြောသည်။

“နားမခေါ်၊ မယ်ဟန်၊ အောင်သစ္စာဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်တယ်။ မြို့အထွက် စစ်တပ်က ပိတ်ထားတော့ မနက်က ပြန်လှည့်တဲ့သူတွေများတယ်။ တိုက်ပွဲပါးရင်တော့ လမ်းဖွင့်ပေးတယ်။ ဖွင့်လိုက်ပိတ်လိုက် ဆိုတော့ ထွက်မဲ့သူတွေ နားစွင့်သွားကြပါ” ဟု ယနေ့ နံနက်ပိုင်း အခြေအနေကိုမြို့ခံ တစ်ဦးက ရှင်းပြသည်။

ထို့အပြင် မြို့အတွင်း စစ်ကောင်စီ သံချပ်ကာကားများ သွားလာနေသည်ဟု ၎င်းကဆက်ပြောသည်။

ယနေ့ နံနက်ပိုင်းမှ ညနေပိုင်း အထိ တိုက်ပွဲ ဧရိယာတဝိုက် လေယာဥ်ဖြင့် ဗုံးကြဲမှုများ ရှိနေသော်လည်း မြို့တွင်း၌ သွားလာသူတချို့ရှိပြီး ရပ်ကွက် စျေးဆိုင်အချို့ ရောင်းချပေးနေဆဲဖြစ်သော်လည်း စားနပ်ရိက္ခာ နည်းပါးနေပြီဟု ၎င်းကဆိုသည်။

 နေ့လည်ပိုင်းတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၄၁) တပ်ကို ကိုးကန့်တပ်က သိမ်းပိုက်လိုက်ပြီး ညနေပိုင်းတွင် (၅၀၇) တပ်တွင်းအထိဝင်ရောက်နေပြီ ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်ကြောင်း အခြား မြို့ခံ တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရေးက သေချာသိဖို့ခက်တယ်။ တဖက်ကဝင်လိုက် ဗုံးကြဲလိုက်၊ ပြန်ဆုတ်လိုက် အဲလိုတွေ ဖြစ်နေတယ် ကြားတယ်။ လေယာဥ်ကတော့ တနေကုန် ဗုံးကြဲနေတယ်” ဟု ၎င်းက ပြောသည်။

လားရှိုးမြို့ ယနေ့ အခြေအနေနှင့် ပတ်သက်၍ ပညာရေးကောလိပ်ဘက်၊ ရပ်ကွက် (၇)၊ ဘူတာဘက် စသည်ဖြင့် နေရာအများစု အခြေအနေကောင်းမွန်သော်လည်း  ရပ်ကွက် (၄) နှင့် (၅) ဘက် အခြေအနေ မကောင်းကြောင်း (၅၀၇) တပ်နှင့် (၄၁) (၆၈)  တပ်များဘက် ယနေ့ (ဇူလိုင် ၂၁)ရက် ညပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေကြောင်း မြို့တွင်း၌ ပြည်သူများအား အကူအညီပေးနေသည့် Freedom Youth Volunteers- FYP တာဝန်ရှိသူ တစ်ဦးက လူမှုကွန်ရက်မှ တစ်ဆင့် တိုက်ရိုက်ပြောသည်။

“ရေကန်တောင်ဘုရားလည်း စုတ်ပြတ်သတ်သွားပြီ။ ရပ်ကွက် (၅) ကို ကယ်ဆယ်ရေး သွားချင်ပေမည့် ၅၇ လမ်းကို ကျော်လို့မရဘူးပေါ့”၊“ရပ်ကွက် ၈ ကတော့ ကောင်းသေးတယ်၊ ……နားက လောင်းကစားဝိုင်းတောင် ဖွင့်နေသေးတယ် ဆိုတော့ အခြေအနေကောင်းလား မကောင်းလား စဥ်းစားကြည့်ပေါ့” ၎င်းက ရှင်းပြသည်။

လက်ရှိ လားရှိုးမြို့ အမြင့်ပိုင်းများတွင် MPT၊ MYTEL ဖုန်းနှင့် အင်တာနက်လိုင်း အသုံးပြု၍ရကြောင်း၊ ဝိုင်ဖိုင်ရသည့် နေရာတချို့ အခမဲ့ ပေးသုံးနေကြောင်း ယင်းက ထပ်လောင်းဆိုသည်။

ထို့အပြင် လားရှိုး ပြည်သူ့ဆေးရုံ၌ ဆရာဝန်များ ရှိနေဆဲဖြစ်ပြီး မွေးလူနာနှင့် အရေးကြီး လူနာများ လက်ခံ ကုသပေးနေကြောင်း သိရသည်။

Freedom Youth Volunteers- FYP အဖွဲ့ အနေဖြင့် ကိုယ်ဝန်ဆောင် ၃၀ ခန့် အပါအဝင် သံဃာတော်များနှင့် တကွ ရာနှင့်ချီသည့် စစ်ဘေးရှောင်များကို လက်ခံစောင့်ရှောက်နေကြောင်း ပင်ပန်းသော်လည်း မညည်းညူရဲကြောင်း ၎င်းကရှင်းပြသည်။

“ထောင်ဘက် အခြေအနေ ကောင်းပါတယ်။ ရပ်ကွက် ၁၂ အခြေအနေ ကောင်းပါတယ်၊ အောင်သစ္စာ ရှမ်းကုန်း မပါဘူးပေါ့နော်။ အခု ရပ်ကွက်….ကနေ LIVE လွှင့်နေတာပါ။ ရပ်ကွက် ၈ အခြေအနေ ကောင်းပါတယ်။ မကောင်းတဲ့ ရပ်ကွက်က ရပ်ကွက် ၅ ရှိမယ်၊ ရပ်ကွက် ၅ မှာ တိုက်ပွဲ ဖြစ်နေပါတယ်။ မကောင်းတဲ့ဘက်က အောင်သစ္စာရှိမယ်။ ၆၈ ဘက်၊ ၄၁ ဘက်ရှိမယ်၊ ချယ်ရီမြိုင် ဒီ ၅ ခုပဲ မကောင်းတာဗျ။ ရှော့တိုက်ဒုံး ကျတာတွေတော့ ရှိတာပေါ့နော်” ဟု FYP တာဝန်ရှိသူ ပြောဆိုသည်။

ယနေ့ည ၈ နာရီကျော်ခန့်က ယင်းသို့ လူမှုကွန်ရက်မှ တိုက်ရိုက် ပြောဆိုနေစဥ် ဗုံးသံများကြားနေရပြီး အနည်းဆုံး ဗုံး ၅ လုံး ကြဲချခဲ့ရာ မြို့ပြင်နေရာများဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“လားရှိုး တက္ကသိုလ်ဘက် ဘာမှမဖြစ်၊ —အေဒီတံတားချိုးတယ်ဆိုတာ မဟုတ်ပါဘူး” “ဗျူဟာလမ်းဘက် အအခြေအနေကောင်းတယ်။ စစ်ရှောင်မဲ့သူတွေ ရှမ်းမြောက်ထဲပဲဆိုရင် ရှောင်လည်းမထူးဘူး။ ရပ်ကွက် ၉ သံလမ်းဘက် ကောင်းပါတယ်။ အခု လေယာဥ်နဲ့ ဗုံးကြဲတာ အမြင်အရရပ်ကွက် ၄-၅ ဘက်” ဟုဆိုသည်။

လက်ရှိ လားရှိုးမြို့တွင် နံနက် ၆ ၊ ည ၆ မာရှယ်လော မရှိတော့ကြောင်း၊ ရပ်ကွက် စစ်ဘေေးရှောင်များ ထောင်လာဂျီ၊ ကား ဆိုင်ကယ်များနှင့် အလံဖြူ တလူလူထောင်ကာ ဘေးကင်းသည်ဟု ယူဆရသည့် ရပ်ကွက်များသို့ ညပိုင်း သွားလာနေကြောင်း သိရသည်။

ယခု သတင်းရေးသားနေချိန်အထိ လားရှိုးမြို့ ဆင်ခြေဖုံး ဒေသများတွင် တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးသံ၊ ဗုံးကြဲသံများ ကျယ်လောင်စွာကြားနေရကြောင်း၊ မြို့တွင်း တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း မြို့ခံ တချို့က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...