စစ်တပ်အပါအဝင်လက်နက်ကိုင်အဖွဲ့အားလုံး စာသင်ကျောင်းများကို မတိုက်ခိုက်ရန် ရန်ကုန်ဗြိတိန်သံရုံး တောင်းဆို

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပဋိပက္ခအတွင်း ပါဝင်နေကြသည့် အဖွဲ့များအားလုံး စာသင်ကျောင်းများကို မတိုက်ခိုက်ရန် ရန်ကုန်ဗြိတိန်သံရုံးက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ အဖျက်ဆီးခံနေရပြီး အရပ်သားများလည်း စိုးရိမ်ရအောင် ထိခိုက်မှုရှိနေရုံသာမက ပညာရေးအခွင့်အလမ်းများလည်း ဆုံးရှုံးနေသည်ကိုတွေ့နေရကြောင်း ရန်ကုန်ရှိ ဗြိတိသျှသံရုံးဆက်သွယ်ရေးဆိုင်ရာ တာဝန်ခံ မစ္စ Lisa Gill က ဇူလိုင် ၂၁ရက် တနင်္ဂနွေနေ့တွင် ကြေညာချက်ထုတ်ပြန်ကာ ပြောဆိုခဲ့သည်။

စာသင်ကျောင်းများသည် လုံခြုံစိတ်ချရပြီး အခွင့်အလမ်းများအတွက် လမ်းဖွင့်ပေးရမည့်နေရာတစ်ခုဖြစ်သည့် အတွက် ပဋိပက္ခအတွင်း ဖျက်ဆီးခြင်းကို ရှောင်ကြရန် မစ္စ Lisa Gill ကပြောသည်။

လေကြောင်းတိုက်ခိုက်မှုကိုရှောင်ပြီး အရပ်သားများ ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးရန်၊ စာသင်ကျောင်းများအပါအဝင် အရပ်ဘက်အခြေခံ အဆောက်အုံများကို အကာအကွယ်ပေးရန် အထူးသဖြင့် စစ်တပ်အပါအဝင် ပဋိပက္ခအတွင်း ပါဝင်နေကြသည့် အဖွဲ့အားလုံးကို ရန်ကန်ရှိဗြိတိသျှသံရုံးက ထပ်မံတောင်းဆိုလိုက်ခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စာသင်ကျောင်းများနှင့် ပတ်သက်ပြီး အကြမ်းဖက်မှုဖြစ်ရပ် ၁၇၄ ခုရှိကြောင်း မြန်မာ့အရေးနှင့် မြန်မာ့ပညာရေးဆိုင်ရာ စောင့်ကြည့်လေလာနေသည့် Myanmar Witness က ဇူလိုင် ၂၀ ရက်တွင် အစီရင်ခံစာထုတ်ပြန်ထားသည်။

စာသင်ကျောင်းများသည် လေကြောင်းတိုက်ခိုက်ခံရခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းအပြင် မီးလောင်းကျွမ်းခံရခြင်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြရသည်ကိုတွေ့ရပြီး တချို့တွင် အကြိမ်းပေါင်းများစွာ အဖျက်ဆီးခံရသည်ဟု Myanmar Witness ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အဖျက်ဆီးခံခဲ့ရသောကြောင့် မြန်မာနိုင်ငံမှ ကလေးများ၏ ပညာရေးအပေါ်တွင် လက်ရှိမှာရော ရေရှည်အတွက်ပါ ထိခိုက်ခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...