တန့်ယန်းလမ်းခွဲတွင် ကားသမားတစ်ဦးကို MNDAA ပစ်သတ်

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ယမန်နေ့ ( ဇူလိုင် ၂၀)ရက် နံနက် ၅နာရီဝန်းကျင်တွင် ကားသမားတစ်ဦးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့မှ လားရှိုးမြို့သို့ ပြေးဆွဲနေသည့် အသက် ၂၆နှစ်အရွယ်ရှိ ကားသမား ကိုဝေယံထွန်း သည် ယမန်နေ့ (ဇူလိုင် ၂၀)ရက် နံနက်ပိုင်းတွင် တန့်ယန်းလမ်းခွဲရှိ MNDAA တပ်စွဲထားသည့် ဂိတ်ကို ဖြတ်သန်းရန် ပြုလုပ်နေစဥ် ပစ်သတ်ခံရကြောင်း မျက်မြင်တွေ့ရှိသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုပစ်သတ်မှုကြောင့် ကိုဝေယံထွန်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ကားသမားနောက်တစ်ဦးမှာ ကျည်စအနည်းငယ် ထိမှန်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ ကိုဝေယံထွန်း က တန့်ယန်းလမ်းခွဲ မှာရှိတဲ့ ကိုးကန့်တပ်တွေရဲ့ ဂိတ်ကို ဖြတ်ဖို့ ကြိုးစားနေချိန်မှာ။ ဖြတ်လို့မရတော့ ပြန်လှည့်ဖို့ လုပ်နေချိန် ကိုးကန့်တပ်သား က သေနတ်နဲ့ပစ်လိုက်တာ။ လည်ပင်းကို ထိပြီး ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်က ကားမှန်စတွေ လွှင့်စင်တာထိတယ်။ အရမ်းမများဘူး” ဟု မျက်မြင်တွေ့ရှိသည့် ကားသမားက ဆိုသည်။

လက်ရှိ ကိုဝေယံထွန်း၏ ရုပ်အလောင်းကို နမ့်ပေါင်ဆေးရုံတွင် ပို့ဆောင်ထားကြောင်းသိရသည်။

လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ကားသမားကို မသင်္ကာမှုဖြစ်ပါက ခေါ်ယူစစ်ဆေးနိုင်ကြောင်း၊ ကားသမားများသည် လက်နက်မရှိသည့် အရပ်သားများဖြစ်ကြောင်း ယခုကဲ့သို့ ပြုလုပ်ခြင်းသည် လွန်စွာဆိုးရွားသည့် လုပ်ရပ်ဖြစ်ကြောင်း ကားသမားများက ပြောသည်။

“ အရင်က သူတို့ဂိတ်ကို ဖြတ်ဖို့ကြိုးစားရင် ပြန်ပဲလှည့်ခိုင်းတာ အခုက လှည့်တောင်မခံဘူး သေနတ်နဲ့ ပစ်လိုက်တာ ရုပ်ဆိုးလွန်းတယ်။ မသင်္ကာရင် ခေါ်စစ် မေးမြန်းလို့ရတယ်လေ” ဟု မန္တလေး -လားရှိုး ပြေးဆွဲနေသည့် ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတကြောတွင် လက်ရှိမှာ စစ်ကောင်စီတပ် နှင့် ကိုးကန့်တပ် (MNDAA) ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ စစ်ရေး ပြင်းထန်နေသည့် အချိန်ဖြစ်ကြောင်းသိရသည်။

သို့သော် MNDAA တပ်ဖွဲ့သည် တရုတ်အစိုးရ၏ တောင်းဆိုမှုကြောင့် ဇူလိုင် ၃၁ရက်ထိ အပစ်ရပ်မည်ဟု ကြေညာထားသော်လည်း အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်ခြင်းခံရလျှင် ခုခံကာကွယ်သည့် တန်ပြန် တိုက်ခိုက်မှုများကို သင့်လျော်သလို လုပ်ဆောင်သွားမည်ဟု ဇူလိုင် ၁၉ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် MNDAA တပ်ဖွဲ့ တဖက်သက် အပစ်ရပ်ထားသည့်အချိန် အရပ်သားများအနေဖြင့် မိမိနေရပ်ကို အရဲစွန့်ပြီး ပစ္စည်းပြန်မယူရန်၊ ကားသမားများလည်း အရဲစွန့်ပြီးမသွားလာကြရန် မန္တလေး-လားရှိုး ပြေးဆွဲနေသည့် ကားသမားများက ပြောသည်။

“လက်ရှိ အပစ်ရပ်လို့ပြောဆိုပေမယ့်တဖက်မှာလည်း တိုက်နေကြတုန်းပါ။ နောက်ပြီးနယ်မြေစိုးမိုးမှု နေရာယူထားတဲ့ လက်နက်ကိုင်တွေ အနေနဲ့လည်း ပြည်သူတွေကို လက်နက်နဲ့ခြိမ်းခြောက်တာတွေ မပြုလုပ်စေချင်ဘူး။ ” ဟု အထက်ပါ ကားသမားတစ်ဦးက ဆိုသည်။

MNDAA သည် တရုတ်အစိုးရ တောင်းဆိုမှုကြောင့် ဇူလိုင် ၁၉ရက်မှ ဇူလိုင် ၃၁ရက်ထိ ၁၂ရက်သာ အပစ်ခတ်ရပ်စဲထားသော်လည်း ယနေ့ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့သည့် လားရှိုးမြို့၊ မိုးကုတ်မြို့တွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...