Saturday, May 4, 2024

CATEGORY

စစ်ရေး

ဆီဆိုင်မြို့နယ် စစ်ရှောင်များ ရာသီတုပ်ကွေး ဖြစ်ပွားနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်များ ယခုရက်ပိုင်း ရာသီတုပ်ကွေး ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်ဦးရေ (၅,၀၀၀) ကျော်ရှိရာ ထိုထဲမှ ဦးရေ (၃,၀၀၀) ကျော်သည် အမျိုးသမီး နှင့် ကလေးငယ်များ ဖြစ်သည်။ ယခုကာလ အတွင်း အလှူရှင်များ နည်းပါးလာသဖြင့် စစ်ရှောင်များ အတွက်...

သိန္နီ-ကွတ်ခိုင် တိုက်ပွဲကြား ကလေးအပါအဝင် အရပ်သား ၃ ဦး ကျည်ထိမှန်/ နေအိမ် ထိခိုက်ပျက်စီးဆုံးရှုံး

သျှမ်းပြည်မြောက်ပိုင်း သိန္နီ -ကွတ်ခိုင်တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကလေးငယ် အပါအဝင် အရပ်သား ၃ ဦး ကျည်ထိ မှန်ပြီး လူနေအိမ်များလည်း ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၆ ) ရက် နံနက် ၄ နာရီဝန်းကျင်မှ ၁၀...

သျှမ်းနီ စာ/ယဥ် အရေး လှုပ်ရှားသည့် ဆရာတော်တစ်ပါး အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီ စာပေ နှင့် ယဥ်ကျေးမှုအရေး ဆောင်ရွက်သည့် ဆရာတော်တစ်ပါးကို (KIA+PDF) တို့ဖမ်းဆီးပြီး အသတ်ခံလိုက်ရကြောင်း သတင်းသိရသည်။ ဗန်းမောက်မြို့နယ်ရှိ နောင်ပတ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဂန္ဓမာသည် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် KIA+PDF တို့သည် လက်နက်ကိုင်ဆောင်ပြီး ကျောင်းဝန်းအတွင်းထိ...

ရွာငံမြို့နယ် စစ်ကောင်စီ အင်အားဖြည့်၊ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့မှ စစ်အင်အားဖြည့်တင်းမှုများ ရှိနေပြီး အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ စက်တင်ဘာလ ၆ ရက်တွင် ရွာငံမြို့နယ်အတွင်းသို့ စစ်ကောင်စီ အများအပြားရောက်ရှိလာပြီး ရွာမကျေးရွာ ဘုန်းကြီးကျောင်းအတွင်း စခန်းချနေထိုင်နေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။ ထို့နောက်ပိုင်းတွင် ရွာငံနှင့် ပင်းတယဆက်သွယ်ထားသည့် ကောင်းဘိုရွာလမ်း...

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် - သိန္ဒီတိုးဂိတ် အနီး ယနေ့ (စက်တင်ဘာ ၆) ရက် ည ၈ နာရီဝန်းကျင်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့အထွက် မော်ဟစ်ကျေးရွာမှ ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "သိန္ဒီဂိတ်မှာ...

သျှမ်းပြည်တောင်ပိုင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက စစ်ကြောရေးတွင် သေဆုံး

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက ဖြစ်သည့် ကိုအောင်ဇော်ဦးသည် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ကိုအောင်ဇော်ဦးကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ဩဂုတ်လ ၈ ရက် တွင် အေးသာယာမြို့ရှိ ၎င်း၏ နေအိမ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း...

မူဆယ်မြို့နယ် အနီး လက်နက်ကြီး ပစ်ခတ်သံ ကြားရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နယ် ခိုမုန်းရွာ နှင့် နမ့်ဖတ်ကာကြား ယနေ့ စက်တင်ဘာ (၆) ရက် မနက် (၉) နာရီခွဲဝန်းကျင်တွင် လက်နက်ကြီးသံ ကြားရကြောင်း စုံစမ်းသိရှိရသည်။ “ပစ်ခတ်သံက တစ်နာရီ လောက်ထိ ကြာတယ်။ စကစ နဲ့တော့ သေချာတယ်။ နမ့်ဖတ်ကာ...

နမ္မတူမြို့နယ် စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်ပြည်သူများက နေရပ်မပြန်နိုင်သေးကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၄) ရက် နံနက် ၆ နာရီဝန်းကျင်တွင် နမ္မတူမြို့နယ် ဟင်ပုတ်ကျေးရွာအုပ်စုရှိ လွယ်မြေ ကျေးရွာနှင့် နမ့်လကျေးရွာကြားတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း...

ဖယ်ခုံမြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် ပြည်သူ (၃) ဦးထိမှန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း ကုန်းပေါကျေးရွာ၊ တောင်ပို့ကြီးကျေးရွာထဲသို့ စစ်ကောင်စီမှ လက်နက်ကြီး တဖတ်သတ် ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ စက်တင်ဘာ ၄ ရက် ည ၉ နာရီ ဝန်းကျင်တွင် စစ်ကောင်စီမှ...

နောင်ချိုမြို့နယ် ကျေးရွာထဲ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ် ပြည်သူ ၁၄၀ နီးပါး စစ်ရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် လုံခံကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီး၊ ငယ် ပစ်ခတ်မှုကြောင့် ပြည်သူ (၁၄၀) ဝန်းကျင် စစ်ဘေးထပ်မံ တိမ်းရှောင်လာခဲ့ရကြောင်း စုံးစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက် နှင့် ၄ ရက် တွင် စစ်ကောင်စီက ကျေးရွာတွင်း PDF...

Latest news