Monday, February 16, 2026

CATEGORY

စစ်ရေး

ကျောက်မဲမြို့နယ်ရှိ SSPP စခန်းချနေရာကို TNLA တိုက်ခိုက်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စခန်းချနေရာကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည် ဇွန်လ နောက်ဆုံးပတ်တွင် TNLA တပ်ဖွဲ့က ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု ရဲစခန်းအနီးရှိ SSPP တပ်စခန်းကို ပြောင်းရွှေ့ခိုင်းခဲ့ရာ နှစ်ဘက်တင်းမာမှု...

သီ‌ပေါမြို့ အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာပြင်းထန်

သျှမ်းပြည် သီပေါမြို့တွင် လက်နက်ကြီးထိမှန်၍ အမျိုးသားတစ်ဦး ဒဏ်ရာပြင်ထန်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇူလိုင် ၄ ရက်) ည ၇ နာရီ ဝန်းကျင်တွင် သီပေါမြို့ ဒုဋ္ဌဝတီတံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲကြား လက်နက်ကြီးပစ်ခတ်မှုများကြောင့်...

မိုင်းရယ် ခလရ-၆၇ တပ်မှ ဟိုယကျေးရွာဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ-၆၇ မှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့် တစ်ဘက်သက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၄ ရက်) ည ၇ နာရီခွဲခန့်တွင် မိုင်းရယ်မြို့နယ်အတွင်း ဟိုယ-တန့်ယန်းလမ်းခွဲရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ မှ ဟိုယကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးဖြင့်...

ရမခ စစ်တိုင်းမှူးနှင့် ဒုတိုင်းမှူး မိသားစုများ လားရှိုးမှာ နေပြည်တော်သို့ ထွက်ပြေး

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိုင်းမှူး တို့၏ မိသားစုများ ယမန်နေ့ (ဇူလိုင်လ ၄ ရက်) က လားရှိုးမှ နေပြည်တော်သို့ ထွက်ပြေးသွားသည်ဟု တပ်တွင်းသတင်းရင်းမြစ်က အတည်ပြုသည်။ လားရှိုးမြို့ အခြေစိုက် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊...

နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ အမြောက်တပ်-၆၀၆ ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၄ ရက်) နေ့လယ် ၂ နာရီခန့်တွင် နောင်ချိုမြို့နယ်အတွင်း နောက်ဆုံးကျန်ရှိသည့် အမြောက်တပ်-၆၀၆...

တန့်ယန်း-မိုင်းရယ်ကားလမ်းကို တော်လှန်ရေးအင်းအားများက ဖြတ်တောက်ထားဟု သတင်းအမှားဖြန့်နေ

သျှမ်းပြည် တန့်ယန်း-မိုင်းရယ်ကြား ကားလမ်းကို လက်နက်ကိုင် တော်လှန်ရေးအင်းအားစုများက ဖြတ်ထောက်ထားတယ်လို့ ဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် မှိုင်းဝေချယ်ကနေ ဖြန့်ချိခဲ့ပြီး“တန့်ယန်း-မိုင်းရယ် ကြားကားလမ်းကို အကြမ်းဖက်သမားများ ဖြတ်ထောက်ထား” (မူရင်းအတိုင်း) ဟုဆိုကာ ဓာတ်ပုံအချို့ဖြင့် ဖြန့်ချိနေတာပါ။ ထိုသတင်းမှားကို ကြည့်ရှု့သူပေါင်း ၃၈,၀၀၀ ကျော်ရှိပြီး အခြားဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်များကလည်း ထပ်ဆင့်ဖော်ပြတားတာကို တွေ့ရပါတယ်။ မူရင်းလင့်ခ်...

နမ့်ခမ်း TLEC ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် TNLA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများကို ရက်အကန့်အသတ် မရှိ ပိတ်သိမ်းရန် TLEC မှ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၄ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ အထက်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း...

တိုက်ပွဲများကြောင့် မူဆယ်-လားရှိုးလမ်းပိုင်း ကားရာနှင့်ချီ ပိတ်မိနေ

သျှမ်းပြည် မူဆယ်မြို့မှ လားရှိုးမြို့သို့ ထွက်လာသော ကားများသည် တိုက်ပွဲများကြောင့် လမ်းပိုင်းတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။ မူဆယ်မြို့မှ လားရှိုးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားများသည် ယမန်နေ့ (ဇူလိုင် ၃ ရက်)မှစတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် လားရှိုးမြို့ အဝင်အထွက် ပိတ်ထားသဖြင့် မိုင်းတင်ကျေးရွာ အနီးတွင်...

လားရှိုး တိုက်ပွဲနှစ်ရက်အတွင်း လက်နက်ကြီး၊ ရှော့တိုက်ဒုံးကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၄ ဦး သေဆုံး

သျှမ်းပြည် လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၃ ရက်)မှ စတင်ပြီး ယနေ့ (ဇူလိုင်...

ဆီဆိုင် PNO အဖွဲ့က ဒေသခံ ၁ ဦးကို ပစ်သတ်ခဲ့

သျှမ်းပြည် ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ကျေးရွာတွင် ပအိုဝ်း ပြည်သူ့စစ် PNO အဖွဲ့က ဒေသခံ ၁ ဦးကို ရွာလယ်ခေါင်၌ ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင် ၃) ရက် နံနက် ၇ နာရီခန့်တွင် ထမ်းယံတိုင်ကျေးရွာနေ ခွန်တငွေနှင့် ခွန်မောင်ပေး တို့သည်...

Latest news