ဆီဆိုင်မြို့နယ် နေရပ်ပြန်သူများ ကြွင်းကျန် လက်နက်နှင့် မိုင်းကြောင့် သေဆုံးသူ တစ်ဒါဇင်ကျော်ရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးရှောင်များကို စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်( PNO) တို့ဖိအားပေး နေရပ်ပြန်ခိုင်းပြီးနောက် ကြွင်းကျန် စစ်လက်နက်ပစ္စည်းနှင့် မိုင်းကြောင့် သေဆုံးသူ တစ်ဒါဇင်ရှိကြောင်း သတင်းရရှိသည်။ 

စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ဖိအားပေးခြင်းကြောင့် ဇွန်လနောက်ဆုံးအပတ်မှစ၍  ဆီဆိုင်မြို့နယ်သို့ နေပြန်လာကြသည့်ခန့်မှန်းခြေ အရပ်သား (၃၀,၀၀၀) အထိ ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်သည့် သုတေသနစာတမ်းအရ သိရသည်။

ထိုသို့ နေရပ်ပြန်လာကြစဉ် စစ်လက်နက် အကြွင်းကျန်ပစ္စည်းများနှင့် မြေမြုပ်မိုင်းနင်းမိ ပေါက်ကွဲမှုများကြောင့် အရပ်သား တဒါဇင်ကျော်သေဆုံးပြီး တဒါဇင်ကျော် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ၎င်း ထုတ်ပြန်ချက် တွင်ရေးသားထားသည်။  

မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူအများစုသည် ကျေးရွာနှင့် လူအများဖြတ်သန်းသွားလာ အသုံးပြုသည့် လမ်းများ၊ စားကျက်နေရာများ၊စိုက်ပျိုုးရေလုပ်သည့် တောင်ယာများတွင် အများဆုံးကြုံရသည်ဟု ပအိုဝ်းလူငယ်အစည်း PYO ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

ထို့အပြင် နေရပ်သို့ပြန်လာကြသည့် စစ်ဘေးရှောင်အများစုသည်လည်း ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲဆဲဟု နေရပ်ပြန်သွားသည့် ဆီဆိုင်မြို့ဘုရားကျေးရွာမှ ဒေသခံတစ်ဦး ကပြောသည်။

“အခုကျနော်တို့ပြန်လာတော့ ဘာမှလုပ်စားလို့အဆင်မပြေဘူး။ ကိုယ်လည်းခြေထောက်နာနေတော့ အလုပ်မရှိတာ။ လူမှုအဖွဲ့အစည်း တစ်ခုဆီက လာပေးတဲ့ ဆန်တွေနဲ့ပဲ စားနေရတယ်” ၎င်း ကဆိုသည်။ 

ထိုဆီဆိုင်မြို့ဘုရားကျေးရွာမှ ဒေသခံ အမျိုးသားသည် ပြီးခဲ့သည့် ဧပြီ ၂ရက်တွင် တိုက်ပွဲဖြစ်ပွားနေသော ဆီဆိုင်မြို့သို့ ပြန်စဥ် လမ်းပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ခြေထောက်ဒဏ်ရာရရှိထားသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲငြိမ်သက်နေသော်လည်း နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များသည် ပြန်လည်ထူထောင်ရေးမစနိုင်သေးကြောင်း၊ စစ်ဘေးရှောင်းများအား ဖိအားပေးနေရပ်ပြန်ခိုင်းသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO ဘက်ကလည်း ထောက်ပံ့မှုမပေးနိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူတို့ဆီကနေ ထောက်ပံ့တာလည်း မရှိဘူးဗျ။ ဒါပေမဲ့ လူမှုအသင်းအဖွဲ့တွေကတော့ နှစ်လတစ်ခါ၊ သုံးလတစ်ခါတော့ လာထောက်ပံ့တာရှိတယ်။ အခုအိမ်ကိုပြန်လာနိုင်ပေမဲ့ အရင်ကပုံစံနဲ့တော့ မတူတော့ဘူး။ နေရထိုင်ရတာလည်း အဆင်မပြေဘူး၊ စိတ်မပျော်ရွင်ဘူး။ အရင်လိုမဟုတ်တော့ ခပ်လန့်လန့်နေနေရတယ်” ဟု ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးကလည်း ထပ်လောင်းပြောသည်။

တိုက်ပွဲအတွင်း မီးလောင်ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များအား တစ်အိမ်လျှင်  မြန်မာကျပ်ငွေ ၁၀ သိန်းကျပ်ဖြင့်  စစ်ကောင်စီကထောက်ပံ့ပေးခဲ့သည်ဟု ဇွန်လက စစ်ကောင်စီမီဒီယာများကတစ်ဆင့် ပြောဆိုခဲ့သော်လည်း အမှန်တကယ် မြေပြင်တွင် စစ်ကောင်စီဘက်တော်သားများသာရကြပြီး စစ်ဘေးရှောင်များကမရကြကြောင်း ဆိုသည်။

ပအိုဝ်းလူငယ်အစည်းအရုံး PYO မှထုတ်ပြန်သော စစ်အာဏာရှင်စနစ်ဆိုး၏ မြေစာပင်စာတမ်းအရ နေရပ်သို့ ပြန်လာကြရသည့် ပြည်သူများသည် မလုံခြုံမှုများက နေတိုင်း၊ အချိန်တိုင်းတွင် ဖြစ်ပေါ်နေပြီး မလုံခြုံမှုအခြေအနေများကြောင့် သေဆုံးခဲ့ရသည့် အသက်အရွယ်ပေါင်းစုံအရပ်သား ၉၆ ယောက်ရှိသည်ဟု ဖော်ပြထားသည်။

အလားတူ ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာသွားသည့် အရပ်သား ၁၄၂ ယောက်နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရသည့်  အရပ်သားဦးရေမှာ အများအပြားရှိနေကြောင်း ဖော်ပြထားသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...