သမဝါယမ စနစ် ထုတ်ပြန်ပြီးနောက် မန္တလေးတွင် စက်သုံးဆီများ ပြတ်လပ်သည်အထိ တိုးဝှေ့ဝယ်ရ

စစ်အာဏာရှင် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သော သမဝါယမ စနစ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်ကျင့်သုံးမည်ဟု ပြောဆိုပြီးနောက် မန္တလေးမြို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်နေကြောင်း စုံစမ်းသိရသည်။

သမဝါယမစနစ်ကို ပြန်လည်ကျင့်သုံးမည်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ ဇူလိုင် ၂၉ ရက် နေပြည်တော် အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောဆိုပြီးနောက်ပိုင်း မန္တလေးတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး အကန့်အသတ်ဖြင့် ရောင်းချခြင်း၊ အချို့ဆိုင်များတွင် ပိတ်ထားကြောင်း မန္တလေးမြို့ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“ဆီတစ်ခါ ဖြည့်မယ်ဆိုရင် ကားက ၅သောင်းပဲ ရတယ်။ ဆိုင်ကယ်တွေဆိုရင် ၅၀၀၀ ကျပ်ပဲ ရတယ်။ ဆီဖြည့်ဖို့လည်း ကားတန်းအရှည်ကြီးပဲ။ ၁ ရက်လောက်ကို အချိန်ပေးပြီး ဖြည့်ဖို့ စောင့်ရတယ်။ ဆိုင်ကြီးတွေတောင် ဆီတွေ စပြတ်နေပြီ။ မြင်ရတာ တစ်မြို့လုံးကို ဖြစ်နေတယ်။ သမဝါယမ စနစ်လို ဟိုအနှစ် ၄၀ လောက် ပုံစံ ပြန်ရောက်သွားသလိုပဲ”ဟု မန္တလေးမြို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

လက်ရှိ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေပြီး စက်သုံးဆီ 92 တစ်လီတာလျှင် မြန်မာကျပ်ငွေ ၅၁၀၀ ထိရှိနေပြီး စက်သုံးဆီဆိုင်ကြီးများလည်း ဆီများ စတင်ပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။

အလားတူ သျှမ်းပြည်တဝှမ်းရှိ မြို့နယ်များတွင်လည်း စက်သုံးဆီများ စတင်ပြတ်လပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...