သျှမ်းပြည် တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါ်ဘက်သို့ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းအပေါ် မဟုတ်မမှန်ကြောင်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တွေက ဝါဒဖြန့်ချိနေပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်က ဖြန့်ချိခဲ့ပြီး ယာဉ်တန်းပစ်ခတ်ခံရခြင်းမရှိဘဲ အိန္ဒိယနိုင်ငံက စစ်တပ်ကားတွေ၊ ပုံဟောင်းတွေပါလို့ ရေးသားဖော်ပြထားပါတယ်။
၎င်းက “ဒီကားတွေက အကြိမ်းကြိမ်းသုံးခဲ့သော အိန္ဒိယစစ်တပ်က ကားတွေ၊ ပုံဟောင်းတွေပါ။ ခွေးသစ်နဲ့ ပြည်ဖျက် မီဒီယာတွေ ပုံဟောင်းနဲ့ လန်ကျုပ်သတင်းလုပ်ကြ ပြန်ပါတယ်” လို့ (မူရင်းအတိုင်း) ရေးသားထားပါတယ်။
အဆိုပါ သတင်းအတုကို ကြည့်ရှု့သူပေါင်း ၆၁,၀၀၀ ကျော်ရှိပြီး စစ်တပ်လော်ဘီ တယ်လီဂရမ်ချယ်နယ်တွေအပြင် အခြားဝါဒဖြန့်အကောင့်တုတွေကပါ ဖြန့်ဝေထားကြပါတယ်။
မူရင်းလင့်ခ် – https://archive.ph/9BvJH
သျှမ်းသံတော်ဆင့်အချက်အလက် စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ သတင်းမီဒီယာအပေါ် ပြည်သူတွေ အယုံအကြည်မဲ့လာစေရန်၊ စစ်တပ်လော်ဘီများက လုပ်ကြုံရေးသားထားတဲ့ လိမ်လည်ဝါဒဖြန့် သတင်းအတုဖြစ်နေတာကို တွေ့ရပါတယ်။
တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့ ကားကြီး (၈) စီးဖြင့် စစ်အင်အား (၄၀၀) ခန့်ဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ BPLA ပူးပေါင်းတပ်တို့က လားရှိုးမြို့နယ် မန်ပန်နဲ့ ဟိုနားကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများရှိကြောင်း မှန်ကန်ပါတယ်။ ၂၀၂၄ ဇူလိုင်လ ၃၁ ရက်နေ့က သျှမ်းသံတော်ဆင့် သတင်းတင်ဆက်ထားတာကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သတင်းလင့်ခ် – https://shorturl.at/Xqx4v
သတင်း စစ်ဆေးခြင်း
သျှမ်းသံတော်ဆင့်မှ ဖော်ပြထားသော သတင်းဓာတ်ပုံရဲ့ သက်သေခံအနေဖြင့် ပုံအောက်မှာ (၂၀၂၄ ဇူလိုင် ၃၀ ရက်) ဆိုတဲ့ရက်စွဲနဲ့ တကွရှိပါတယ်။

၂၀၂၄ ဇူလိုင် ၃၁ ရက်နေ့တွင် People’s Spring သတင်းဌာနတွင်လည်း ယင်းဓာတ်ပုံများဖြင့် သတင်းဖော်ပြထားသလို တိုက်ခိုက်ခံရတဲ့ ရုပ်သံမှတ်တမ်းအား သတင်းတင်ဆက်ထားမှုရှိပါတယ်။
ရုပ်သံဖြင့် ဖော်ပြထားသော သတင်းလင့်ခ် – https://shorturl.at/wsmG1
အဲ့အပြင် လားရှိုးမြို့သို့ ဦးဆောင်ချီတက်လာတဲ့ ဗိုလ်မှူးချုပ်သန်းထွန်းအောင်လည်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာအပြင်းအထန်ရရှိကာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် -ရလခ ခိုလမ်စစ်ဆေးရုံမှာ ဆေးကုသနေရကြောင်း စစ်ရေးသတင်းရင်းမြစ်က (ဇူလိုင် ၃၁ ရက်) မှာပြောပါတယ်။
ဆက်စပ်ဖတ်ရှုရန် – https://shorturl.at/Jtemk
ဒါကြောင့် ယာဉ်တန်းပစ်ခတ်ခံရခြင်းမရှိဘဲ အခြားနိုင်ငံမှ ပျံများ၊ ပုံအဟောင်းများဖြင့် သတင်းဌာနများက လိမ်လည်ဖြန့်ချိခြင်းဟု စစ်ကောင်စီဝါဒဖြန့် ချယ်နယ်များရဲ့ ဖြန့်ချိမှုဟာ မှားယွင်းနေပါတယ်။
သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။
သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။












Leave a Comments