လားရှိုးမြို့သို့ ဦးဆောင်ချီတက်လာသည့် ဗိုလ်မှူးချုပ်သန်းထွန်းအောင် ခိုလမ် စစ်ဆေးရုံ ရောက်သွား

သျှမ်းပြည်၊ တန့်ယန်းမြို့မှ လားရှိုးမြို့သို့ အင်အားဖြည့်တင်းမည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကြားဖြတ်တိုက်ခိုက်ရာ ဦးဆောင်သူ ဗိုလ်မှူးချုပ် သန်းထွန်းအောင် ဒဏ်ရာအပြင်းအထန် ရရှိသဖြင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်-ရလခ ခိုလမ် စစ်ဆေးရုံတွင် ဆေးကုသနေရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၃၁ ရက်) တွင် ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်) နံနက် ၃ နာရီခန့် တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့ စစ်ကား (၈) စီး အင်အား (၄၀၀) ခန့်ဖြင့် ချီတက်လာသည့် စစ်ယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် BPLA ပူးပေါင်းတပ်တို့က လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှုများကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ရလခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန်းထွန်းအောင် ဒဏ်ရာပြင်းထန်လို့ အခု ခိုလမ် စစ်ဆေးရုံမှာပါတယ်။ သေတယ်ဆိုတာတော့ မဟုတ်ပါဘူး။ သူက NLD အစိုးရလက်ထက်က စစ်ကိုင်းတိုင်း နယ်လုံ ဝန်ကြီးပါ။ တေဇ (၂၂) ဆင်းပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

၎င်းကို ခိုလမ်သို့ သယ်ဆောင်ရန် စစ်ကောင်စီတပ်က နယ်မြေခံ သျှမ်းတော်လှန်ရေးတပ်ကို လမ်းကြောင်း တောင်းခံခဲ့ရကြောင်း ၄င်းကဆက်ပြောသည်။

အဆိုပါ စစ်အင်အား (၄၀၀) ခန့်ပါ စစ်ကားကြီး (၈) စီးကို ကြားဖြတ် တိုက်ခိုက်ရာ တစ်နေကုန် တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးကာ ၈၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

အလားတူ ဇူလိုင်လ ၂၉ ရက်ကလည်း စစ်ကားကြီးများဖြင့် စစ်ကောင်စီတပ် အင်အား (၁၀၀၀) ခန့် မိုင်းကိုင်မြို့မှ တန့်ယန်းမြို့သို့ ဦးတည် ချီတက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဇူလိုင်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ ‘ဝ’တပ်ဖွဲ့များ လားရှိုးမြို့ပေါ် ဝင်ရောက် တပ်စွဲခဲ့ပြီးနောက် စစ်ကောင်စီတပ် ထပ်မံအင်အားဖြည့်တင်းလာခြင်း ဖြစ်သည်။

တိုက်ပြွများပြင်းထန်နေသည့် လားရှိုးတွင် စစ်မြေပြင်တွင် ကြီးကြပ် ကွက်ကဲနေသည့် ရမခ ဒုစစ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင် ဒဏ်ရာပြင်းထန် သဖြင့် ပြင်ဦးလွင် စစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရာက ဇူလိုင်လ ၂၈ ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...