စစ်ကော်မရှင်တပ်က မိုးကုတ်မြို့ ပြန်ရရှိရေး လေကြောင်းဆက်တိုက်ဗုံးကြဲ
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁၆ ရက်) နံနက် ၇ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း အထက်ညောင်ကုန်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် (၂၅၀)...
စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...
NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ
စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...
ဖယ်ခုံမြို့နယ် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲထပ်မံဖြစ်
သျှမ်းပြည်ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တို့ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညပိုင်းတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် (အောက်တိုဘာ ၁၁ ရက်)တွင်လည်း စစ်ကော်မရှင်တပ်၊PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ခေါင်းအီကျေးရွာအုပ်စု၊ ဘောရန်ကျေးရွာအတွင်းသို့...
စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...
PNO တပ်သားကို ဝက်အကောင်ကြီး မပေးသည့် ဆီဆိုင်ဒေသခံ သတ်ခံရ
သျှမ်းပြည် ဆီဆိုင်မြို့နယ် နောဝ်ထောင်ကျေးရွာအတွင်း ပအိုဝ်းပြည်သူ့စစ်PNO တပ်သားကို ဝက်အကောင်ကြီး မပေးသည့် ဒေသခံတစ်ဉီးကို သတ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်တွင် ဆီဆိုင်မြို့နယ် နောဝ်ထောင်ကျေးရွာတွင် PNO တပ်သားတစ်ဉီးက အသက် (၆၀)အရွယ်ရှိ ဒေသခံ ခွန်လှ (အမည်လွှဲ)ထံ ဝက်တစ်ကောင် တောင်းရာမှ...
ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ နေအိမ် ၃၀ ထက်မနည်း မီးရှို့ခံရ
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ စစ်ကြောင်းထိုးလာပြီး နေအိမ် (၃၀)ထက်မနည်း အကြောင်းပြချက်မရှိဘဲ မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာ ၁၃)ရက် ညနေ ၄နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ခေါင်းအီးကျေးရွာအုပ်စု ဘောရန်ကျေးရွာကို...
နမ့်ဆန်တွင် စစ်တပ် ဗုံးထပ်ကြဲ၊ မိန်းကလေးတစ်ဉီး သေဆုံးပြီး တစ်ဉီးဒဏ်ရာရ
သျှမ်းပြည် နမ့်ဆန်မြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မိန်းကလေးတစ်ဉီး သေဆုံးကာ တစ်ဉီးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာ ၁၄ ရက်) နံနက် ၇ နာရီ ဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် အုမ်းမစွမ်ကျေးရွာကို စစ်ကော်မရှင်တပ်က...
ရွာငံမြို့နယ် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ အရပ်သားဖမ်းဆီးမှုကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်နေ
သျှမ်းပြည် ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ် မကြာခဏ စစ်ကြောင်းထိုးပြီး အရပ်သား နေအိမ်ကို မီးရှို့ခြင်း၊ အမျိုးသမီးများပါမကျန် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို...
ဒုစရိုက်သမား ပေါများလာသည့် တောင်ကြီး
စစ်အာဏာသိမ်းပြီး ၄နှစ်ကျော် ကာလအတွင်း သျှမ်းပြည်အထင်ကရမြို့တော်ဖြစ်သည့် တောင်ကြီးမြို့ပေါ်တွင် မကြုံစဖူး ဒုစရိုက်သမားများ ပေါများလာကြောင်း ဒေသခံများထံစုံစမ်းသိရသည်။ မြန်မာနိုင်ငံတဝှမ်းတွင် အာဏာသိမ်း စစ်ကောင်စီကို နည်းမျိုးစုံဖြင့် တွန်လှန်တော်လှန်နေကြပြီး၊ မြန်မာနိုင်ငံ၏ ဒေသအများစုတွင် စစ်ကော်မရှင်တပ်နှင့် တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ တော်လှန်ရေး အင်အားစုများဖြင့် စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေကြသည်။ ထို့ကြောင့် စစ်ရေး...





