လားရှိုးတွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများကို MNDAA မှ အစာရေစာဖြတ်တောက်ဟု သတင်းအမှားဖြန့်
ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းမိသားစုများအား အစာရေစာ ဖြတ်တောက်၍ စစ်သင်တန်းရက်တိုတက်ရောက်မှသာ ထမင်းကျွေးကြောင်း ဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ် Thazin Oo ချန်နယ်လ်မှ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖြစ်ချိခဲ့ပြီး “အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုက ဖမ်းဆီးခံထားရတဲ့ မိသားစုတွေကို...
တာချီလိတ်မြို့တွင် ဖုန်းဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ဝန်ထမ်း ၁ ဦးသေဆုံး
SHAN -
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်သည် ယနေ့ (နိုဝင်ဘာ ၁၃)ရက် နံနက်ပိုင်းတွင် ဓားပြတိုက်ခံရပြီး ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးသွားသည့်အထိ ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၃ ရက်)နေ့ နံနက်ပိုင်း ၁၀နာရီခွဲဝန်းကျင်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦးသည် ရန်အောင်မြေရပ်ကွက် ပါလျံ(၃)ရှိ...
TNLA ထိန်းချုပ်သည့် နောင်ချို နှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်း အပြင်းအထန် တိုက်ခိုက်နေ
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်သည့် ဒေသများကို စစ်ကောင်စီ က ယခုရက်ပိုင်း လေကြောင်းဗုံးကြဲမှု အပြင်းအထန် တိုက်ခိုက်နေပြီး အရပ်သားသေဆုံးမှု အများအပြား ရှိကြောင်း စုံစမ်းသိရသည်။ TNLA ထိန်းချုပ်သည့် နောင်ချိုမြို့နှင့် မိုးကုတ်မြို့ ကို စစ်ကောင်စီက နိုဝင်ဘာ ၁၁ရက်မှစတင်ကာ လေကြောင်း ဗုံးကြဲမှု အပြင်းအထန်တိုက်ခိုက်ပြီး အရပ်သား ၂၀...
နယ်စပ်ဂိတ်ပိတ်ဆိုင်းမှုကြောင့် ပြည်သူများဝမ်းရေး ရှာစားရ ပိုခက်လာ
SHAN -
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင် တရုတ်အာဏာပိုင်မှ နယ်စပ် ကို ပိတ်ပင်လိုက်ပြီးနောက် ဝမ်းရေးအတွက် ရှာဖွေလုပ်ကိုင်နေသည့် ပြည်သူများသည် စတင်အခက်ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။ စစ်အာဏာမသိမ်းခင် ကိုဗစ်-၁၉ ကာလမှစတင်ပြီး ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာရာ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်းမှာ သျှမ်းပြည် တရုတ်-မြန်မာနယ်စပ်တွင်နေထိုင်သည့်သူများသည် စားဝတ်နေရေး ပိုခက်ခဲလာသည်။ ထို့အပြင် တရုတ်အာဏာပိုင်မှ...
သျှမ်းတောင်မှ သျှမ်းမြောက်သို့ သွားခွင့် စစ်ကောင်စီတပ် ရက်အကန့်အသတ်မရှိ ပိတ်ပင်
SHAN -
သျှမ်းတောင်၊ ရပ်စောက်မှ သျှမ်းမြောက်သို့ သွားရာလမ်းကို စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ယာဥ်မောင်းများက ယမန်နေ့ (နိုဝင်ဘာလ ၁၂) တွင် ပြောသည်။ သျှမ်းတောင်မှ မြောက်ပိုင်းသွားသည့် ရပ်စောက်-ကျောက်ဂူ လမ်းပိုင်း၊ ရပ်စောက်မြို့ အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ယမန်နေ့ (နိုဝင်ဘာ ၁၂)ရက် နံနက်...
မိုးကုတ်မြို့ လူအိပ်ချိန် စစ်ကောင်စီ ဗုံးကြဲ ပြည်သူ ၆ ဦး သေဆုံး
SHAN -
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သဖြင့် ပြည်သူ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။ TNLA သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကို ယမန်နေ့ည ၁၁ နာရီ ဝန်းကျင်က...
ကျားဖြန့်ထောင်ချောက်ထဲကျနေတဲ့ အနာဂတ်များ
SHAN -
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်လာခဲ့ပါတယ်။ ဆိုးရွားတဲ့လမ်းကိုဖြတ်ကျော်လာပြီး စိုင်းပန် ရဲ့ မျက်စိတစ်စုံမှာ ကြီးမားသော တိုက်တွေမြင်လာရချိန်မှာပဲ ကားရဲ့ ဘီးကလည်း ကွန်ကရစ်လမ်းမပေါ် မောင်းနှင်းကာ သွားလိုတဲ့နေရာကို ဦးတည်နေပါတယ်။ အဲ့ဒီနေရာကတော့ ထိုင်းနိုင်ငံနဲ့ သောင်းရင်းမြစ်သာခြားပြီး မြစ်နဘေးမှာ ခန်းနားထည်ဝါအောင် တည်ဆောက်ထားတဲ့ ကရင်ပြည်...
PNO က ပင်လောင်းစစ်ရှောင်များကို ခြိမ်းခြောက်နေရပ်ပြန်ခိုင်း
သျှမ်းပြည် ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး အတင်းအကြပ် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ အမျိုးသားများကို ပအိုဝ်းပြည်သူ့စစ် PNO က ပြီးခဲ့သည့် (နိုဝင်ဘာလ ၉ ရက်)နေ့တွင် ခြိမ်းခြောက်ပြောဆိုကာ အတင်းအကြပ်...
ဖယ်ခုံ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံးကြဲချမှုကြောင့် ဒေသခံများ ကြောက်လန့်နေ
SHAN -
သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကာလကျေးရွာ ကို စစ်ကောင်စီတပ်တပ်မှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ကြောက်လန့်နေကြရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၈) ရက် ညပိုင်းတွင် စစ်ကောင်စီတပ်မှ ကာလရွာကို လေယာဉ်ဗုံးကြဲမှုကြောင့် စစ်ရှောင်နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာ အပြင်းထန်ရရှိခဲ့ကာ နေအိမ် ၆ လုံးခန့် ပျက်စီးသွားခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ...
စစ်ကောင်စီမှအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး
SHAN -
ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာအတွင်းသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင့်မဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၈ ရက်...





