မကူညီရဲတော့ပါ…

သိန္နီမြို့မှာ ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါး အကြောင်းပြပြီး အရပ်သားတွေကို ဖမ်းဆီးကာ ငွေကြေးနဲ့ ပြန်လည် ရွေးခိုင်းတဲ့ အထဲတွင် မကျော့(အမည်လွှဲ) ကလည်း ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။

“ကျမကို ရတဲ့ နည်းနဲ့ အပြင်ကို ထုတ်ပေးပါလို့ ပြောပေးပါရှင်”လို့ အပြင်မှာ ရှိနေတဲ့ တစ်စုံတစ်ဦးက ကူညီပေးရန်အတွက် မကျော့(အမည်လွှဲ)က အမှာ ပါးလိုက်တာလည်း ဖြစ်ပါတယ်။

မကျော့(အမည်လွှဲ)ကိုတော့ သတင်းပေးဟု စွပ်စွဲကာ ကိုးကန့်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး တစ်လကျော်ကြာ အိမ်နဲ့ အဆက်အသွယ် ပေးမလုပ်ဘဲ ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

မကျော့(အမည်လွှဲ )က မြို့တွင်းကို ပြန်လည် ဝင်ရောက်လာတဲ့ အသိမိတ်ဆွေ (Non-CDM) ဝန်ထမ်းအချို့ကို စားရေးသောက်ရေးနဲ့ နေထိုင်ရေးတို့ကို ကူညီပေးခဲ့ရာမှ မကျော့ ရော ဝန်ထမ်းတွေပါ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”မှာ ဒေသခံ စစ်ကောင်စီ ဝန်ထမ်း(Non-CDM) အများအပြား ထွက်ပြေးခဲ့ကြရပြီးနောက် ဒေသတွင်း အနည်းငယ် ပြန်တည်ငြိမ်နေချိန်မှာ MNDAA က ဝန်ထမ်းများကို ဖမ်းဆီးခြင်း ပြုလုပ်မှာ မဟုတ်ဘူး ဆိုတဲ့အတွက် မြို့တွင်း ပြန်လည် ဝင်ရောက်လာကြသလို အချို့ ဒေသခံတွေကတော့ မြို့ကို ပြန်မဝင်ရင် အိမ်တွေကို သိမ်းမယ် ဆိုတဲ့ အတွက် မြို့ကို ပြန်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

MNDAA တပ် သိန္နီသိမ်းပိုက်ခဲ့ပုံ

“ဘာတွေဖြစ်လဲ ဆိုတာတော့ မပြောချင်ဘူး၊ အဆင်ပြေပါတယ်။ အစားအသောက်ကလည်း ထောင်ထမင်း ဟင်း ဆိုတော့ ရေလုံပြုတ်ပေါ့၊ လေကြောင်းရန်တော့ ပိုကြောက်ရတာပါ၊ အခန်းပိတ်ထားတော့ ပြေးစရာလည်း မရှိဘူး”လို့ တစ်လကျော် ဖမ်းဆီးခံထားရာမှ လွတ်မြောက်လာသူတစ်ဦးက ပြောပြပါတယ်။

လွတ်မြောက်ဖို့ရာအတွက် ငွေကြေးတစ်စုံတစ်ရာ မပေးရပေမယ့် အဆင့်ဆင့် တောင်းပန်နှိမ့်ချ ပြောဆိုခဲ့ပြီးနောက် လွတ်မြောက်ခဲ့ရတာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

လက်ရှိ သိန္နီမြို့မရဲစခန်းမှာ ဖမ်းဆီးခံရထားသူ အယောက် (၁၆၀) နီးပါး ကျန်ရှိသေးတယ်လို့ ပြန်လည် လွတ်မြောက်လာသူက ပြောပါတယ်။

“အကုန်လုံးက ဒီမြို့မှာမွေး ဒီမြို့မှာ ကြီးကြတာလေ၊ တစ်ဘက်လူ ဒုက္ခဖြစ်ရင်လည်း ကူညီ၊ အချင်းချင်း ကူညီကြတာပဲလေနော်။ အဲ့ဒါကို ကူညီလို့ သတင်းပေးလို့ ဆိုပြီး ဖမ်းသွားကြတာ၊ အိမ်နဲ့လည်း အဆက်အသွယ် ပေးမလုပ်ဘူး”လို့ မကျော့(အမည်လွှဲ)ရဲ့ မိတ်ဆွေဖြစ်သူ ဒေသခံ အသက် (၅၀) အရွယ် အမျိုးသမီးကြီး တစ်ဦးက ပြောပါတယ်။

သိန္နီ စစ်ရှောင်များ

ဖမ်းဆီးခံရသူတွေထဲမှာတော့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ၊ ဒေသခံ စစ်ကောင်စီ ဝန်ထမ်းတွေ (Non-CDM) ၊ အဆိုပါ ဝန်ထမ်းတွေကို ကူညီပေးသူတွေကိုတော့ သတင်းပေး ဒလန် လို့ စွပ်စွဲကာ ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါ တယ်။

“အခု အချင်းချင်းတောင် ဘာမှမပြောရဲကြဘူး၊ ကူညီလည်း မကူညီရဲကြတော့ဘူး၊ အသိတွေ အမျိုးတွေလည်း ဖမ်းဆီးခံထားရတယ်။ သတင်းလည်း သွားမမေးရဲဘူး၊ တစ်ချို့ဆို ဝန်ထမ်း မဟုတ်ဘူး၊ အိမ်တွေ ပြန်တောင်းတာ မပေးပဲ အိမ်ပိုင်ရှင်တွေကို ဖမ်းထားတာ”လို့ အဖမ်းခံရသူ တစ်ဦးရဲ့ မိတ်ဆွေဖြစ်သူ အသက် (၄၀) အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ အကြောင်းပြ ဖမ်းဆီးသူတွေကိုတော့ တစ်ဦးကို ကျပ်သိန်း ၂၀ နဲ့ အထက် ပြန်လည်ရွေးထုတ်ရတာတွေ ရှိပြီး အခြား အကြောင်းပြချက် နဲ့ ဖမ်းဆီးထားတဲ့ သူတွေကိုတော့ လွှတ်ပေးတာမျိုး မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ထွက်လာတဲ့ သူတွေကို မေးမြန်းရတာပေါ့။ အခြေအနေ ဘယ်လိုရှိလဲ၊ ဘာတွေ လုပ်ခိုင်းလဲ၊ သိပ်လည်း မပြောရဲကြဘူး၊ အခုကလည်း စစ်တပ်က မြို့တွေကို ပြန်သိမ်းမယ်လို့ ကြားနေရတော့ ဖမ်းဆီးထားတဲ့ သူတွေကို ပြန်လွှတ်ပေးစေချင်တယ်။ အထဲမှာက ပြေးစရာမရှိဘူးလေ၊ အပြင်မှာက လွတ်ရာ ရှောင်လို့ရသေးတယ်”လို့ ဖမ်းဆီးခံထားရသူ တစ်ဦးရဲ့ မိသားစုဝင် အသက် (၆၀) အရွယ် အမျိုးသမီးကြီးက ပြောပါတယ်။

အားကိုးတကြီး ပြန်လာရာမှ ဝန်ထမ်းဖြစ်တဲ့အတွက် ဖမ်းဆီးခေါ်ဆောင်သွားခံရတာလို့ အမျိုးသမီးကြီးက ဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရတာနဲ့ ပတ်သတ်ပြီးတော့ ကိုးကန့်တပ်မတော်က သီးသန့် ထုတ်ပြန်ထားတာ မရှိပါဘူး။

အခြားဒေသတွေမှာလည်း MNDAA နဲ့ TNLA တို့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ပြီး ငွေကြေးနဲ့ ပြန်လည် ရွေးထုတ်ခိုင်းတာတွေ ရှိနေတယ်လို့ သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ လေးလ အတွင်း MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်တဲ့ လောက်ကိုင်၊ လားရှိုး၊ သိန္နီမြို့ စတဲ့ ဒေသတွေကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာ အကြိမ် ၅၀ ကျော် ပြုလုပ်ခဲ့တယ်လို့ MNDAA က နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ထိုသို့ လေကြောင်းတိုက်ခိုက်တာတွေမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရားရှိခိုးကျောင်းတွေ ပါဝင်ပြီး အရပ်သား (၅၀) နီးပါး သေဆုံးခဲ့ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်ကာလအတွင်း စစ်ကောင်စီက MNDAA စတည်းချရာလို့ သတ်မှတ်ထားတဲ့ နေရာ စာသင်ကျောင်း၊ ဆေးရုံ၊ ရဲစခန်း၊ အစိုးရရုံးတွေနဲ့ တိုးဂိတ်တွေကို အကြိမ်ကြိမ် လေကြောင်းမှတဆင့် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဒေသခံ (၂၀) နီးပါး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။

MNDAA

သိန္နီမြို့ရဲ့ အနီးမှာရှိတဲ့ ကွတ်ခိုင်မြို့မှာလည်း နိုဝင်ဘာ (၁) ရက်နေ့နဲ့ နိုဝင်ဘာ (၁၇) ရက်နေ့က လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၄) ဦးသေဆုံးခဲ့ပြီး (၁၀) ဦးကျော် ဒဏ်ရာ ရခဲ့ပါတယ်။

စစ်ကောင်စီက သိမ်းပိုက်ခံမြို့တွေကို ပြန်လည် သိမ်းယူမယ်ဆိုတဲ့ သတင်းတွေအပြင် လက်ရှိ TNLA သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တိုက်ခိုက်နေတာတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ အများအပြား ရှိနေကြတဲ့အတွက် ဒေသခံတွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

“အခုက တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရတာပဲ။ဘာမှလည်း မကူညီရဲတော့ဘူး .. ၊ အဆင်ပြေလား အခြေအနေ ဘယ်လိုရှိလဲတောင် မမေးရဲဘူး”ဟု ဒေသခံတစ်ဦးက ဝမ်းနည်းစွာနဲ့ ထိုသို့ ပြောဆိုလာပါတယ်။

နန်းလောဝ် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...