မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့အနီး စစ်ကောင်စီ ဂျက်ဖိုက်တာ ဗုံးကြဲ၊ တရုတ်ဘက် လေကြောင်းသတိပေးဟုဆို
သျှမ်းပြည် နမ့်ခမ်းမြို့အနီး စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲခဲ့ပြီး တရုတ်ဘက်မှ လေကြောင်းသတိပေး ပျံသန်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက် ၇ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပျံဝဲနေခဲ့ပြီး...
SHAN -
“အမလေး…လပြည့်နေ့ ဖယောင်းတိုင် မီးတောင် မထွန်းရဲပါဘူးအေ….တစ်နှစ်ပြည့် တစ်ခုခု လုပ် မလားဆိုပြီး သတိအပြည့် နဲ့ ရင် တမမ ရင်တထိပ်ထိပ်နဲ့ နေနေ ရတာ..”လို့ ဒေါ်နန်း(အမည်လွှဲ)က သက်ပြင်းချရင်း ပြောပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ဟာ သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆေးရေး”...
အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း
SHAN -
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...
တာချီလိတ်နှင့်ကျိုင်းတုံရှိ ဂိုဒေါင်ပစ္စည်းများကို စစ်ကောင်စီဝင်ရောက်ဖောက်စစ်နေ
SHAN -
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်နှင့်ကျိုင်းတုံရှိ ဂိုဒေါင်အချို့ကို စစ်ကောင်စီက တစ်ချို့နေရာတွင် ဝင်ရောက်ဖောက်စစ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့ရှိ ဂိုဒေါင်များ၊ စားသောက်ကုန် ရောင်းချသည့် ဆိုင်များကို စစ်ကောင်စီက ရှောင်တခင်း ဝင်ရောက်စစ်ဆေးနေကြောင်း ဆိုင်ပိုင်ရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဒုတိယအပတ်ကစပြီး ရဲကားနဲ့စစ်တပ်ကားတွေ မြို့ထဲပတ်ပြီး ဆိုင်တွေထဲဝင်တယ်...
ပင်လောင်း နှင့် ညောင်ရွှေ ကျေးရွာအချို့ PNO ကရွာပြင်ထွက်ခွင့်ပိတ်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အစပ် တွင်ရှိသည့် သစ်ပင်ကောက် ရွာနှင့် နန်းတောင်းရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ဒေသခံများကို ရွာပြင်ထွက်ခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်တွင် စစ်ကောင်စီ နှင့် PNOက အနီးနားရှိကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်လျက်ရှိသောကြောင့် သစ်ပင်ကောက်ရွာနှင့် နန်းတောင်းရွာတို့ကို ရွာပြင်ထွက်ခွင့်ပိတ်လိုက်ပြီး...
လားရှိုးမြို့ စစ်ကောင်စီ ထပ်မံ ဗုံးကြဲတိုက်ခိုက်
သျှမ်းပြည် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက လေကြောင့်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၅ ရက်) နေ့လည် ၁ နာရီကျော်တွင် လားရှိုးမြို့ပေါ် အနီးတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဗုံးတွေက ဆက်တိုက်ကြဲနေတုန်း။ကျနော်တို့လည်းသွားမကြည့်ရသေးတော့ ဘယ်နားလေးလည်းဆိုတာ...
သီပေါမြို့ လုံခြုံရေးကင်းမဲ့ နေအိမ်များ ဖောက်ထွင်းခိုးယူခံနေရ
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ ပစ္စည်းဖောက်ထွင်း ခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် သူခိုးများ သောင်းကျန်းလာပြီး ပြည်သူနေအိမ်များ...
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမက် ဒေါက်တာနေစိုးမောင် ကို စစ်ကောင်စီ ဖမ်းဆီးတရားစွဲ
SHAN -
နိုင်ငံကို ၂၂ နှစ်ကြာ အုပ်စိုးခဲ့သည့် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင် ကို မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဖမ်းဆီး အမှုဖွင့်ထားကြောင်း စစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာလ ၂၄ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။ လူမှုကွန်ရက်တွင် ရေးသားမှုများနှင့် ပတ်သက်၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို...
ပြင်ဦးလွင် တပ်မိသားစုဝင်များကို စစ်ကောင်စီ ကြိုတင်စစ်ရှောင်ခိုင်း
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက ကြိုတင်တိမ်းရှောင်ထားရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၂၁) ရက်မှ စတင်ပြီး ပြင်ဦးလွင်မြို့နှင့် မိုင်(၂၀) ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မြေပြင်စစ်ရေး ပြင်းထန်နေခြင်းကြောင့် တိုက်ပွဲကူးစက်လာနိုင်သည့် ပြင်ဦးလွင်မြို့ရှိ...
ကရင်နီစစ်ရှောင်ပြည်သူများ ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရ၊ ထမင်းနပ်မှန်အောင် မစားရဲ
SHAN -
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် လွိုင်ကော်၊ ပင်လောင်း တို့ဘက်တွင် စစ်ဘေးရှောင်ပြည်သူများသည် ပြောင်းဖူးနှင့်ဆန် ရောချက်စားသောက်နေရသည်ဟု စုံစမ်းသိရသည်။ လက်ရှိတိုက်ပွဲပြင်းထန်နေသည့် သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံနှင့် ပင်လောင်း စစ်ရှောင်ပြည်သူများသည် တောထဲတွင် တဲထိုးနေရပြီး ဝမ်းစာအတွက် ရုန်းကန်နေရကာ ယူဆောင်လာသည့် ဆန်နှင့် အနီးတဝိုက်ရှိ ပြောင်းဖူးခြံမှ ပြောင်းဖူးများနှင့် ရောနှော ချက်စားနေရသည်ဟု...





