ညောင်ရွှေမြို့ရောက် စစ်ရှောင်များကို လာမည့် မတ်လကုန် နေရပ်သို့ အပြီးပြန်နေခိုင်း

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လာမည့်နှစ် မတ်လတွင် ၎င်းတို့၏ နေရပ်သို့ အပြီးပြန်နေခိုင်းကြောင်း စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများက အကြောင်းကြားထားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (နိုဝင်ဘာလ တတိယပတ်)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ကျေးရွာ ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ခေါ်ယူ၍ ညောင်ရွှေမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် တည်းခိုနေသည့် စစ်ရှောင်ပြည်သူများ လာမည့် ၂၀၂၅ ခုနှစ် မတ်လကုန်ပိုင်းတွင် မိမိ နေရပ်သို့ ပြန်နေခိုင်းကြောင်း လွိုင်ကော်စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့လက တတိယပတ်ကပဲ အုပ်ချုပ်ရေးမှူးရုံးက ရပ်ကွက်လူကြီးတွေခေါ်ပြီး အစည်းဝေးလုပ်တယ်။ လာမယ့် မတ်လကုန်ရင် နေရပ်ပြန်ခိုင်းတယ်လို့ ပြောတယ်။ ဘုန်းကြီးကျောင်းမှာ တည်းတာပိုများတာကြောင့်လား မသိဘူး။ ကျမတို့လည်း နေစရာမရှိလိုသာ နေနေရတာ ဖြစ်နိုင်ရင် ကိုယ့်အိမ်ကိုပဲနေချင်တာပေါ့”ဟု ၎င်းက ပြေသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနစ် တွင်လည်း ညောင်ရွှေအုပ်ချုပ်ရေးမှူးက နှင့် ရပ်ကွက်လူကြီးများ အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်ရှောင်များကို နေရပ်သို့ ပြန်ခိုင်းသေးသည်။

သို့သော် ထိုအချိန်တွင် လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဘုန်းကြီးကျောင်းတွင် ဆက်လက်နေထိုင်ရန် ဆရာတော်က ခွင့်ပြုထားခြင်းကြောင်သာ ဆက်နေရကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဉီးက ထပ်လောင်းပြောသည်။

“မနှစ်ကလည်း အဲလိုပဲ အစည်းဝေးခေါ်ပြီး နေရပ်ကို ပြန်ခိုင်းတယ်။ ဟိုမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ် ပြန်လို့မရသေးဘူးဆိုပြီး ဆရာတော်က ထပ်နေဖို့ ခွင့်ပြုထားတယ်။ တချို့ကလည်း အိမ်တွေ အကုန်ပျက်ပြီး မီးရှို့ခံရတဲ့ အိမ်တွေလည်း နည်းတာမဟုတ်ဘူး။ အခုတောင် စားဖို့ မနည်းရုန်းကန်နေရတယ်”ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် လွိုင်ကော်မြို့တွင် “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်အချို့သည် ဘေးလွတ်ကင်းရာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်သူ ရှိသကဲ့သို့ တိမ်းရှောင်ရန် ခက်ခဲနေသည့် ပြည်သူများသာ ၎င်းမြို့အနီးတဝိုက်ရှိ တောထဲတွင် တဲထိုးပြီး နေထိုင်နေရကြောင်း ၎င်းစစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောသည်။

ဘေးလွတ်ရာသို တိမ်းရှောင်နေရသော်လည်း သက်ကြီးရွယ်အို အချို့သည် လေဖြတ်ရောဂါဝေဒနာကြောင့် ပိုမို ဒုက္ခရောက်နေသည်ဟု သိရသည်။

“စစ်အာဏာသိမ်းပြီး “၁၁.၁၁”စစ်ဆင်ရေးကတည်းက ဘေးလွတ်ရာကို ပြေးကြတယ် အဆင်ပြေတဲ့နေရာရှာပြီး နေနေကြတာပဲ၊ တချို့လည်း တောထဲမှာပဲနေတယ်။ ဒီသက်ကြီးရွယ်အို တချို့ဆို လေဖြတ်ရောဂါ ဝေဒနာကို ပိုခံစားနေရတယ် ကုဖို့ အဆင်မပြေရင်လည်း ဒီတိုင်းလေးပဲထားထားရတဲ့ အခြေနေမျိုးလည်း ရှိတယ်”ဟု ၎င်းက ပြောသည်။

ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် တစ်ထောင်ဝန်ကျင် သည် အလုပ်ကိုင်ရှားပါးခြင်းများကို ကြုံတွေ့နေပြီး အလှူရှင်မရှိသည့် အတွက်ကြောင့် စားနပ်ရိက္ခာများကို ချေးငှား၍ စားသုံးနေရကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...