လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် တစ်နှစ်အတွင်း လူ ၃၅၀ ကျော် ဖမ်းဆီးခံရ

စစ်တပ်အာဏာသိမ်းပြီးနောက် လှုမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ရေးသားဝေဖန်မှုကြောင့် ယခုနှစ် ၂၀၂၄ခုနစ် အတွင်း လူ ၃၅၀ ကျော် ဖမ်းဆီးခံရကြောင်း Data For Myanmar က ယနေ့ (ဒီဇင်ဘာ ၃ )ရက်တွင် ဖော်ပြသည်။

ထိုဖမ်းဆီးခံရသူ အများစုသည် Facebook အပြင် အခြားအွန်လိုင်းပလက်ဖောင်းများဖြစ်သည့် TikTok, Telegram နှင့် Viber မှတစ်ဆင့် စစ်ကောင်စီကို ရေးသားဝေဖန်မှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့အပြင် လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူများလည်း ပါဝင်သည်ဟု ဆိုသည်။

အွန်လိုင်းပေါ်မှ ရေးသားပြောဆိုမှုများကို စစ်ကောင်စီဘက်က စောင့်ကြည့်ပြီး အရေးယူမှုတွေရှိသလို မြေပြင်က လုံခြုံရေး စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးအရေးမှုတွေယူလည်း ရှိသည်ဟု Data For Myanmar ဖော်ပြသည်။

စစ်ကောင်စီ

စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များကလည်း အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူနိုင်အောင် ကိုယ်ရေးအချက်အလက်တွေ စုဆောင်းပေးပို့မှုများ၊ ဖိအားပေးတိုက်တွန်းမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ရေးသားဝေဖန်မှုကြောင့် စုစုပေါင်း ဖမ်းဆီးခံရသူ ၁၈၄၀ ဦးအထိရှိကြောင်း Data For Myanmar က ဖော်ပြသည်။

အာဏာသိမ်းပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားမှုများကြောင့် ဖမ်းဆီးခံရသူအရေအတွက်၏ ၃၆ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်းဆိုထားသည်။

ဖမ်းဆီးခံရသူတွေထဲမှ အများစုမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းက အွန်လိုင်းအသုံးပြုသူတွေဖြစ်ပြီး စုစုပေါင်း ၈၉၆ ဦး ရှိပြီး ထိုထဲတွင် နာမည်ကြီး အနုပညာရှင်များ၊ သရုပ်ဆောင်များနှင့် သတင်းသမားများလည်း ပါဝင်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

လှုမှုကွန်ယက်မှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလတ်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေတွေနှင့် အရေးယူခံရမည်ဟု စစ်ကောင်စီက ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်က ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...