CATEGORY

လူ့အခွင့်အရေး

ဖယ်ခုံမြို့ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရမှုမှ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဆီသို့ ဦးတည်လာသည့် သွေးထိုးလှုံ့ဆော်မှုများ

နိဒါန်း သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ယခုလဆန်းပိုင်း၌ ရဟန်းတစ်ပါးနှင့် အရပ်သားတစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် Telegram၊ TikTok၊ YouTube၊ Facebook တို့၌ အမျိုးသားရေး၊ ဘာသာရေး အစွန်းရောက်တို့၏ သွေးထိုးလှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေသည်ကို တွေ့ရသည်။ အထူးသဖြင့် ဒေသအတွင်းနေထိုင်သည့် ပြည်သူများ အချင်းချင်းကြား၊ လူမျိုးစု လက်နက်ကိုင် အချင်းချင်းကြားနှင့်...

လားရှိုးမြို့ ပွဲအမျိုးမျိုးအကြောင်းပြ ၃လ နီးပါးကြာ လောင်းကစားဝိုင်းများ အကြီးအကျယ်လုပ်

သျှမ်းပြည် လားရှိုးမြို့တွင် ပွဲအမျိုးမျိုး အကြောင်းပြပြီး သုံးလနီးပါး လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ လက်ရှိ မတ်လအထိ ၃လနီးပါး ပွဲအမျိုးမျိုး အကြောင်းပြကာ လောင်းကစားဝိုင်းများကို MNDAA ခွင့်ပြုချက်ဖြင့် အကြီးအကျယ်...

ညောင်ရွှေမြို့နယ် ရေပူရွာ စစ်ဘေးရှောင်များ PNO တပ်ဖွဲ့အတွင်း စစ်မှုထမ်းမှ နေရပ်ပြန်ခွင့်ပြု

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာမှ စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ထဲ စစ်မှုထမ်းနိုင်မှသာ နေရပ်သို့ ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့သည် အင်းလေးဒေသရှိ ကျေးရွာများနှင့် ရေပူကျေးရွာ၊ ဘီလူးချောင်း အရှေ့ဘက်ရှိ နန်းတုပ်ကျေးရွာများကို တစ်လအတွင်း...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...

စစ်ကောင်စီတပ်အတွင်း စုဆောင်းခံထားရသည့် ကလေးစစ်သား ၉၃ ဦးကို မိဘများထံ ပြန်လွှဲ

စစ်ကောင်စီတပ်အတွင်း အသက်မပြည့်သေးဘဲ စစ်သားစုဆောင်းခံထားရသည့် ကလေးစစ်သား ၉၃ ဦးကို ယမန်နေ့ (မတ်လ ၁၉) ရက်တွင် ကုလအဖွဲ့အစည်းများနှင့်မိဘများရှေ့၌ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ တိုင်းဌာနချုပ်အသီးသီး၌ စိစစ်တွေ့ရှိရသည့် အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား ကလေးစစ်သား ၉၃ ဦးကို...

ကျောက်မဲ ကျွန်းပင်ခုတ်သည်ဟုဆိုကာ TNLA မှ တစ်လအကြာ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦး ပြန်လွတ်လာ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ကျွန်းပင်ခုတ်သည်ဟု ပြောဆိုပြီး တစ်လအကြာ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦး ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်ရှိ သတ်မှတ်ကြိုးဝိုင်းအတွင်း ကျွန်းပင်ခုတ်သည်ဟု ဆိုကာ ဇန်နဝါရီ တတိယပတ်တွင် လိုက်လံဖမ်းဆီးပြီး ကျောက်မဲမြို့ပေါ်တွင် ထိန်းသိမ်းထားခဲ့သည့် အရပ်သားများကို...

ထိုင်းရောက်မြန်မာများ အလည်ဗီဇာ သက်တမ်းတိုးခက်အောင် စစ်ကောင်စီတင်းကြပ်နေ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အလည်ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ လာရောက်သည့် မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းတိုးလိုလျှင် မြန်မာပြည် ရဲစခန်းထောက်ခံစာ ပါရမည်ဟု ကြေညာလိုက်သည်။ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်နှင့် ခရီးသွားဗီဇာဖြင့် ထိုင်းနိုင်ငံ လာရောက်သူများ ဗီဇာသက်တမ်းတိုးရန် ထောက်ခံစာ ရယူလိုလျှင် မြန်မာနိုင်ငံတွင် နေထိုင်သော ရဲစခန်း/ ရပ်ကွက်မှ...

အောင်ပန်းမြို့ လမ်းမပေါ်တွင် “(၁၉) ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့” စာရွက်များ ဖြန့်ကြဲ

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ လမ်းမပေါ်တွင် “(၁၉ ) ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့ “ စာသားပါ စာရွက်များကို လမ်းမပေါ်တွင် ဖြန့်ကြဲထားကြောင်း စုံစမ်းသိရှိရသည်။ အာဏာသိမ်းပြီး (၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်)နေ့ တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသော အောင်ပန်း...

လင်းခေးမြို့နယ် စစ်ကောင်စီမှ စစ်မှုထမ်းရန် ဆင့်ခေါ်နေ

သျှမ်းပြည် လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ပထမအကြိမ် ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။ မတ်လ ပထမပတ်မှ စတင်၍ လင်းခေးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ကာ ပြည်သူ့စစ်မှုထမ်း စတင်ကောက်ယူမည်ဟု ပြောဆိုခဲ့ကြောင်း လင်းခေးမြို့ ဒေသခံ...

ညောင်ရွှေမြို့ရောက် စစ်ဘေးရှောင်အချို့ စစ်ကောင်စီ ဖိအားကြောင့် စိုးရိမ်စိတ်ဖြင့် လွိုင်ကော်ပြန်ရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် လာရောက်ခိုလှုံနေသည့် ကရင်နီစစ်ဘေးရှောင်များသည် စစ်ကောင်စီ၏ ဖိအားကြောင့် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်နေကြရကြောင်း သိရသည်။ ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သည့် "၁၁.၁၁"စစ်ဆင်ရေးကြောင့် ညောင်ရွှေမြို့နယ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင် ၈ ထောင်ကျော်ရှိကြောင်း သိရသည်။ ထိုစစ်ဘေးရှောင်များကို...

Latest news