Tuesday, January 27, 2026

စစ်ကောင်စီတပ်အတွင်း စုဆောင်းခံထားရသည့် ကလေးစစ်သား ၉၃ ဦးကို မိဘများထံ ပြန်လွှဲ

စစ်ကောင်စီတပ်အတွင်း အသက်မပြည့်သေးဘဲ စစ်သားစုဆောင်းခံထားရသည့် ကလေးစစ်သား ၉၃ ဦးကို ယမန်နေ့ (မတ်လ ၁၉) ရက်တွင် ကုလအဖွဲ့အစည်းများနှင့်မိဘများရှေ့၌ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တိုင်းဌာနချုပ်အသီးသီး၌ စိစစ်တွေ့ရှိရသည့် အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား ကလေးစစ်သား ၉၃ ဦးကို မိဘ၊ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဆိုသည်။

ထို့ပြင် မိဘများနှင့် အဆက်အသွယ် မရရှိသေးသည့် ကလေးငယ်များအား ကြားကာလ ပြုစုစောင့်ရှောက်ရေး စခန်းသို့ ပို့ဆောင်ထားသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမျ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်တကည်းက UNCTFMR နှင့် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ထိုလုပ်ငန်းစီမံချက်အရ ၂၀၁၂ ခုနှစ်မှ ယနေ့အထိ စစ်ကောင်စီတပ်အတွင်း စစ်သားစုဆောင်းခံထားရသည့် ကလေးစစ်သား စုစုပေါင်း (၁,၁၅၀) ဦး လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း ဆိုသည်။

သို့သော် စစ်ကောင်စီတပ်သည် အာဏသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်းမှာပင် အသက်မပြည်သေးသည့် (၁,၁၀၂) ဦးကို စစ်သားအဖြစ် စုဆောင်းခဲ့သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူး၏ ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ထုတ် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိက္ခဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ကလေးစစ်သား ၉၈၄ ဦး၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၈၃ ဦး၊ ၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်တွင် ၉၃ ဦး စုစုပေါင်း ၁,၁၄၀ ဦးအထိ မိဘနှင့် အုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

နိုင်ငံတဝှမ်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်အနေဖြင့် လက်ရှိကာလ၌လည်း စစ်မှုထမ်းဥပဒေဖြင့် အဓမ္မပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းနေလျက်ရှိသည်။ ထို အဓမ္မဖမ်းဆီးမှုအတွင်း အသက် မပြည့်သေးသည့် ကလေးများ ပါဝင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...