သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းခံထားရသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြည်သူမှ အခမဲ့ ဝေပေးသည့် ထမင်းထုပ်များကို လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဝန်ထမ်းများက ပြန်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ...
ကလော-သာစည်ကြား ကျွဲတပ်ဆုံ စစ်တပ်ဂိတ် ငွေပေးနိုင်မှ ကုန်ကားများဖြတ်သန်းခွင့်ရ
သျှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် ကလော- သာစည်လမ်းရှိ ကျွဲတပ်ဆုံ စစ်တပ်ဂိတ်တွင် ယာဉ်ထိန်းရဲများကို ငွေပေးနိုင်မှ ကုန်ကားများ ဖြတ်သန်းသွားလာခွင့်ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီအာဏာသိမ်းပြီး (၄)နှစ်အကြာတွင် မြန်မာနိုင်ငံ၌ ကုန်သွယ်ရေးလမ်းကြောင်းများ ခက်ခဲလာပြီး ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ကားများကို စစ်တပ်ဂိတ်၌ တင်းတင်းကျပ်ကျပ်စစ်ဆေးခြင်း ငွေညှစ်ခြင်းများ လုပ်ဆောင်လာသည်။ ထိုကဲ့သို့ ကုန်သွယ်ရေးလမ်းကြောင်းများ...
ညောင်ရွှေ PNO တပ်သားမှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး ကျည်ထိမှန်ဒဏ်ရာရှိ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားအင်း အနောက်ဘက်ကမ်းရှိ ကျောက်တန်းကျေးရွာတွင် PNO ပြည်သူ့စစ်မှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး သေနတ်ထိမှန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ရင်း (၇) မှ တပ်သားများသည် ကျောက်တန်းကျေးရွာရှိ...
ရွာငံမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ စိတ်အလိုကျ စစ်မှုထမ်းခေါ်နေ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းရွေးချယ်ရာတွင် ၎င်းတို့စိတ်အလိုကျသာ ရွေးချယ်စေလွှတ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း စစ်မှုထမ်းရန် အသက်ပြည့်မီသူများကို စာရင်းကောက်ယူရာတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာမှ စာရင်းဖြင့် လာရောက်ကောက်ယူခြင်း၊ ကျေးရွာအတွင်း မဲနှိုက်၍ စစ်မှုထမ်းခိုင်းခြင်းမျိုး မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးများနှင့် ဆက်ဆံရေး အဆင်မပြေသူများ၊ ဆင်းရဲနွမ်းပါးသူများကိုသာ ရွေးချယ်သွားကြောင်း...
နမ့်စန်မြို့တွင် ထိန်းသိမ်းထားသည့် ကျားဖြန့် (၇၀၀) ကျော်ကို ပြည်သူများ ထမင်းထုပ်သွားဝေနေရ
သျှမ်းပြည်တောင်ပိုင်းတကြောရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီမှ ယခုရက်ပိုင်း အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ မတ် ၂၂ ရက်မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ (၇၀၀)...
မူဆယ်တွင် စက်သုံးဆီစာအုပ်ဖြင့် သတ်မှတ်လီတာအတိုင်း ရောင်းချ လုံလောက်မှုမရှိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် ကိုယ်ပိုင်ယာဉ်များအတွက် စစ်ကောင်စီဘက်မှ စက်သုံးဆီ ဝယ်ယူခွင့် မှတ်တမ်းစာအုပ်များဖြင့် သတ်မှတ်လီတာအတိုင်း ရောင်းချနေခြင်းကြောင့် သုံးစွဲရန် လုံလောက်မှု မရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (၂၀၂၅ မတ်လ ၂၄ ရက်)မှ စတင်ပြီး မူဆယ်မြို့တွင် လိုင်စင်ရှိ ကိုယ်ပိုင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို စစ်ကောင်စီ ထုတ်ပေးသည့်...
MNDAA ထိန်းချုပ်နယ်မြေ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာ
လမ်းဘေး မီးတိုင်မှာ အမျိုးသမီး အလှပုံနဲ့ ဖုန်းနံပတ်ပါ တရုတ်စာသား ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား ချိတ်ဆွဲထားပါတယ်။ အဲ့ဒီဒေသဟာ တရုတ်ပြည် မဟုတ်ဘဲ ညီနောင်မဟာမိတ် တပ်ပေါင်းစုတွေ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ၂၀၂၄ ခုနစ် သြဂုတ်လတွင် အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တဲ့...
တောင်ကြီးမြို့နယ် အကွက်ရိုက်ရောင်းထားသည့်မြေ စစ်ကောင်စီတပ်နှင့် ရဲများ ပြန်သိမ်းဆည်းနေ
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း အကွက်ရိုက်ရောင်းထားသော မြေကွက်များကို စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံရဲများ ပြန်လည် သိမ်းဆည်းနေကြောင်း ဒေသခံများထံ သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဗုဒ္ဓတက္ကသိုလ်အနီး နှင့် ကန်ကြီးရပ်ကွက် အပါအဝင် ညိုမီးကျေးရွာ တွင် မြေများကို အကွက်ရိုက်ပြီး ရောင်းချထေားပြီး ခြံစည်းရိုးခတ်ထားသော...
မူဆယ်မြို့ အမျိုးသမီးတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက ပြန်ပေးဆွဲ
သျှမ်းပြည် မူဆယ်မြို့တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဉီးကို အမည်မသိလက်နက်ကိုင်လူတစ်စုက ဖမ်းဆီးပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၂၄ ရက်) မနက် ၁၀ နာရီခွဲကျော် မူဆယ်မြို့ ကောင်းမူးလွယ်ရပ်ကွက် မီးကင်းရုံးအနီး တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး တစ်ဉီးကို အမည်မသိလက်နက်ကိုင်လူတစ်စုက တားပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မူဆယ်မြို့...
ဖယ်ခုံမြို့ ကောက်လာသည့် မိုင်းပေါက်ကွဲ တစ်ဦးသေဆုံး၊ ကလေးငယ် ၃ ဦးဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဘီသူ (အထက်)ကျေးရွာတွင် ကောက်လာသည့်မိုင်းပေါက်ကွဲရာ အမျိုးသားတစ်ဉီးသေဆုံးပြီး ကလေးငယ် ၃ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ် ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဖယ်ခုံမြို့နယ် ဘီသူ(အထက်)ရွာရှိ ကလေးငယ်သည် ရွာပြင်တွင် ကျနေသည့် မပေါက်ကွဲသေးသော မိုင်းကို ကောက်ယူလာသဖြင့် နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း...





