ရွာငံမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ စိတ်အလိုကျ စစ်မှုထမ်းခေါ်နေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းရွေးချယ်ရာတွင် ၎င်းတို့စိတ်အလိုကျသာ ရွေးချယ်စေလွှတ်နေကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့နယ်အတွင်း စစ်မှုထမ်းရန် အသက်ပြည့်မီသူများကို စာရင်းကောက်ယူရာတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာမှ စာရင်းဖြင့် လာရောက်ကောက်ယူခြင်း၊ ကျေးရွာအတွင်း မဲနှိုက်၍ စစ်မှုထမ်းခိုင်းခြင်းမျိုး မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးများနှင့် ဆက်ဆံရေး အဆင်မပြေသူများ၊ ဆင်းရဲနွမ်းပါးသူများကိုသာ ရွေးချယ်သွားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့ စိတ်အလိုကျ အဂတိ လိုက်စားပြီး စစ်မှုထမ်း စေလွှတ်နေကြောင်း ရွာငံဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်မှုထမ်းစာရင်းထဲမှာ အုပ်ချုပ်ရေးမှူးနဲ့ အဆင်မပြေတဲ့သူ၊ စစ်တပ်ကို မထောက်ခံတဲ့သူတွေ နဲ့ အခြေခံလူတန်းစားတွေရဲ့ နာမည်တွေပဲ ပါဝင်နေတယ်” ဟု ရွာငံဒေသခံ ၎င်းအမျိုးသားက ပြောသည်။

ရွာငံမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ၎င်းတို့ စစ်မှုထမ်း စေလွှတ်လိုသည့် နာမည်စာရင်းများကို စစ်ကောင်စီတပ်ဖွဲ့ထံ သွားရောက်ပေးထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“အခု လူစာရင်းလည်း သူ (အုပ်ချုပ်ရေးမှူး) က အရင်ကတည်းက စစ်တပ်ကို ကောက်ပြီး ပေးထားတာ၊ ဒါက မတရားဘူး။ သူနဲ့ အဆင်မပြေတိုင်း စစ်တပ်ကို မကြိုက်တဲ့ သူတိုင်းကို စစ်မှုထမ်းစာရင်းထဲ ထည့်တာ၊ အရမ်းလွန်တယ်” ဟု အထက်ပါ အမျိုးသားက ထပ်လောင်းပြောသည်။

စစ်မှုထမ်း

ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာလျှင် စစ်မှုထမ်းရန် အမျိုးသား (၅)ဉီး သွားရမည်ဟုလည်း စစ်ကောင်စီနှင့် နီးစပ်သည့် ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြည်သူများကို ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် အသက်(၁၈) နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကို သာလျှင် စစ်မှုထမ်းခေါ်ယူမည်ဟု ဆိုသော်လည်း လက်ရှိတွင်( ၃၅ )နှစ်အထက် အမျိုးသားများကိုပါ စစ်မှုထမ်းစာရင်းတွင် ထည့်သွင်းခေါ်ယူနေကြသည်ဟု ရွာငံဒေသခံများက ပြောသည်။

စစ်ကောင်စီမှ ခေါ်ဆောင်သွားသည့် စစ်မှုထမ်းများသည် မိမိနေအိမ်နှင့် တစ်ကြိမ်တစ်ခါမျှ ဆက်သွယ်မှု မရတော့သကဲ့သို့ နေအိမ်သို့လည်း ပြန်မလာတော့ကြောင်း အသက် (၃၀) ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်တစ်သုတ်က ခေါ်သွားတဲ့ ရွာက တစ်ယောက်တောင် ခုထိ အဆက်အသွယ် မရသေးဘူး။ သေလား ရှင်လားလည်း မသိဘူး။ ခုနောက်တစ်ခေါက် လာခေါ်တော့ ကျနော်နာမည်က ထိပ်ဆုံးက ပါတယ်။ ကျနော့မှာလည်း အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ မလိုက်ချင်ဘူး။ လိုက်သွားပြီးရင် တစ်သက်တာ ပြန်လာလို့ ရမှာ မဟုတ်တော့ဘူး” ဟု စစ်မှုထမ်းစာရင်း ပါသည့် အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်မှုထမ်းရန်အတွက် အခြားရွေးချယ်စရာ နည်းလမ်းမရှိသဖြင့် စစ်ကောင်စီခေါ်သည့် စစ်မှုထမ်းကို လိုက်ပါသွားရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လိုက်ပါသွားလျှင်လည်း သေလမ်း ရွေးချယ်ခြင်းသာဖြစ်ကြောင်း ၎င်းအမျိုးသားက ပြောသည်။

လွန်ခဲ့သည့် (၂၀၁၈) ခုနှစ် စစ်အာဏာမသိမ်းခင် အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က လစာကောင်းကောင်း ပေးမည်ဟုဆိုကာ ရွာငံမြို့နယ်ရှိ ဒေသခံများထံ စစ်သားလုပ်ရန် လာရောက်စည်းရုံးခဲ့ပြီး အမျိုးသားတစ်ဉီး လိုက်ပါသွားရာ ၂၀၂၄ ခုနှစ် ရခိုင်ပြည်နယ် တိုက်ပွဲတွင် သေဆုံးခဲ့သည်။

ထိုသေဆုံးမှုတွင်လည်း အလောင်းပြန်မရသည့်အပြင် ဓာတ်ပုံပါ မြင်ခွင့်မရကြောင်း မိသားစုဝင်များက ပြောဆိုသည်။

လက်ရှိ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ နယ်မြေစိုးမိုး နေရာယူထားပြီး၊ စစ်ဆေးရေးဂိတ်များတွင် လမ်းသွားလမ်းလာ ခရီးသွားများကို အတင်းအကြ ပ်စစ်ဆေးမှု ပြုလုပ်နေသည့်အပြင် ကျေးရွာအတွင်းလည်း တပ်စွဲခြင်း၊ စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...