မူဆယ်တွင် စက်သုံးဆီစာအုပ်ဖြင့် သတ်မှတ်လီတာအတိုင်း ရောင်းချ လုံလောက်မှုမရှိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် ကိုယ်ပိုင်ယာဉ်များအတွက် စစ်ကောင်စီဘက်မှ စက်သုံးဆီ ဝယ်ယူခွင့် မှတ်တမ်းစာအုပ်များဖြင့် သတ်မှတ်လီတာအတိုင်း ရောင်းချနေခြင်းကြောင့် သုံးစွဲရန် လုံလောက်မှု မရှိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (၂၀၂၅ မတ်လ ၂၄ ရက်)မှ စတင်ပြီး မူဆယ်မြို့တွင် လိုင်စင်ရှိ ကိုယ်ပိုင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို စစ်ကောင်စီ ထုတ်ပေးသည့် စက်သုံးဆီ ဝယ်ယူခွင့် မှတ်တမ်းစာအုပ်များဖြင့် သတ်မှတ်ထားသည့် ဆီဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိခြင်းကြောင့် သုံးစွဲရန် လုံလောက်မှု မရှိကြောင်း ဒေသခံများက ပြောသည်။

“စာအုပ်ကတော့ ၂၀ ရက်နေ့က ထုတ်ပေးတာ၊ ဆီကတော့ မနေ့ကမှ စရောင်းတယ်။ ပြောတာတော့ သူတို့ရောင်းပေးမယ့် ဆီဈေးက အပြင်ဆီဆိုင်တွေထက် လျော့မယ်။ တစ်ပတ်ကို တစ်ဂါလံပဲ ရောင်းပေးတယ်၊ တစ်လကို ၄ ဂါလံပဲ ရတယ်။ ပုံမှန် ရောင်းဝယ် လုပ်တဲ့သူတောင် စက်သုံးဆီ တစ်ဂါလံက တစ်ရက်မောင်းတာနဲ့ ကုန်ပြီ ဘယ်လိုမှ မလောက်ဘူး”ဟု မူဆယ်မြို့မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီထံမှ ခွဲတမ်းရရှိပြီး အကန့်အသတ်ဖြင့် ရောင်းချရန် သတ်မှတ်ထားသည့် ရွှေရာဇာ၊ သံလွင်၊ စိုးသစ္စာ၊ ပန်းဆေး၊ Royal Muse ၊ မုံးပေါ်နှင့် နမ့်ခွန်ပြည့် ဆီဆိုင်များတွင် တစ်ပတ်လျှင် နှစ်ရက်သာ ရောင်းချခွင့်ရှိပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီကို တစ်လီတာလျှင် သတ်မှတ်နှုန်းထား ၅၂၀၀ ကျပ်ဖြင့် ရောင်းချကြောင်း ဒေသခံများထံမှ သိရသည်။

မူဆယ် စစ်ကောင်စီမှ ထုတ်ပေးသည့် စက်သုံးဆီ ဝယ်ယူခွင့် မှတ်တမ်းစာအုပ်များ CJ

အလားတူ ယာဉ်တစ်စီးကို တစ်ပတ်လျှင် ၄ လီတာခွဲသာ ဝယ်ယူခွင့်ပြုပြီး တစ်လလျှင် စုစုပေါင်း ၁၈ လီတာ သတ်မှတ်ထားသည်။

လက်ရှိတွင် ပြင်ပစက်သုံးဆီဆိုင်များမှာ စက်သုံးဆီ တစ်လီတာလျှင် ၆၅၀၀ မှ ၇၀၀၀ ကျော်အထိ ရောင်းချနေကြပြီး ၁၅၀၀ ခန့် ဈေးနှုန်းကွာခြားမှု ရှိနေသည်။

“ပန့်ဆိုင်မှာ ရောင်းနေတာ တရုတ်ကနေ ဝင်တာပဲ။ တချို့လည်း တရုတ်ပြည်မှာ ကုန်သွားတင်ရင်း ကိုယ့်ကား၊ ဆိုင်ကယ်ထဲ ထည့်လာတဲ့ဟာ ပိုက်နဲ့စုပ်ပြီး ဘူးနဲ့ ပြန်ရောင်းတာ ရှိတယ်။ မန္တလေးဘက်က တက်တဲ့ ဓာတ်ဆီကျတော့ နမ့်ခမ်းနဲ့ ၁၀၅ မိုင်အထိပဲ ရောက်တယ်၊ အဲ့ဘက်မှာ တစ်လီတာကို ၆၅၀၀ ကနေ ၈၀၀၀ ကျပ်အထိ ရှိတယ်”ဟု မူဆယ်မြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာလမှ စတင်ပြီး မူဆယ်မြို့ပေါ်ရှိ တရားဝင် လိုင်စင်ရယူထားသည့် ကိုယ်ပိုင်လုပ်ငန်းရှိ မီးစက်များတွင် အသုံးပြုရန်နှင့် ကညနတွင် မှတ်ပုံတင်ထားသည့် ကား၊ ဆိုင်ကယ်များကို သတ်မှတ်ဆီဂါလန်အတိုင်း ခွင့်ပြုရန် စက်သုံးဆီ ဝယ်ယူခွင့်မှတ်တမ်းစာအုပ်ကို လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်နှင့်တကွ စစ်ကောင်စီထံ လျှောက်ထားပြီးမှ ခွင့်ပြုသလောက်သာ ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – မူဆယ် စစ်ကောင်စီမှ ထုတ်ပေးသည့် စက်သုံးဆီ ဝယ်ယူခွင့် မှတ်တမ်းစာအုပ်များ (ဓာတ်ပုံ – ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...