ကလော-သာစည်ကြား ကျွဲတပ်ဆုံ စစ်တပ်ဂိတ် ငွေပေးနိုင်မှ ကုန်ကားများဖြတ်သန်းခွင့်ရ

သျှမ်းပြည်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် ကလော- သာစည်လမ်းရှိ ကျွဲတပ်ဆုံ စစ်တပ်ဂိတ်တွင် ယာဉ်ထိန်းရဲများကို ငွေပေးနိုင်မှ ကုန်ကားများ ဖြတ်သန်းသွားလာခွင့်ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီး (၄)နှစ်အကြာတွင် မြန်မာနိုင်ငံ၌ ကုန်သွယ်ရေးလမ်းကြောင်းများ ခက်ခဲလာပြီး ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ကားများကို စစ်တပ်ဂိတ်၌ တင်းတင်းကျပ်ကျပ်စစ်ဆေးခြင်း ငွေညှစ်ခြင်းများ လုပ်ဆောင်လာသည်။

ထိုကဲ့သို့ ကုန်သွယ်ရေးလမ်းကြောင်းများ ခက်ခဲနေသည့်ထဲမှ သျှမ်းတောင်နှင့် မန္တလေးတိုင်းကို ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းသည်လည်း နှစ်စဉ်နှင့်အမျှ အစစ်ဆေး ပိုမိုတင်းကျပ်လာပြီး ယာဉ်ထိန်းရဲများကို ကားတစ်စီလျှင် ကျပ်ငွေ နှစ်သိန်း ပေးနိုင်မှသာ ကုန်ကားများ ဖြတ်သန်းခွင့်ရကြကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ကားသမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီကျွဲတပ်ဆုံဂိတ်မှာတော့ ကားတွေ ထောင်ချီပိတ်မိတယ်။ ယာဉ်ထိန်းရဲတွေလာခေါ်မှ ကျနော်တို့ ဖြတ်သန်းလို့ရတယ်။ ကျနော်တို့ ကိုယ်ထူကိုယ်ထ ကုန်ကားသမားတွေကတော့ ၄ ရက်လောက်စောင့်ပြီးမှ ဖြတ်ရတယ်။ ဘိလပ်မြေကားတို့ကျတော့ သူတို့က တန်းဖြတ်လို့ရတယ်။ဘာလို့ဆို သူတို့သူဌေးတွေက ရဲတွေကို ငွေပေးထားလို့ ပြောတယ်။” ဟု ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ကားထောင်ချီပိတ်မီနေ

ထို့အပြင် ပြောင်းတင်သည့် ကုန်ကားများကိုလည်း နိုင်ငံခြားဝင်ငွေရသောကြောင့် ဦးစားပေး မောင်းနှင်ခွင့်ပေးနေပြီး ကျောက်မီးသွေးကားနှင့် တခြားသော ကုန်တင်ကားများကိုမူ ၄ ရက်တိတိ စောင့်ဆိုင်းခိုင်းပြီးမှ မောင်းနှင်ခွင့်ရသည်ဟု ၎င်းက ထပ်လောင်းပြောသည်။
အိမ်စီးကားနှင့် ခရီးသည်တင် (Express) ကားများကိုလည်း ဦးစားပေးမောင်းနှင်ခွင့်ပြုနေပြီး ခရီးသည်များကို လမ်းလျှောက်ဆင်းခိုင်းကာ အစစ်ဆေးခံခြင်း၊ မှတ်ပုံတင် ၊စမတ်ကဒ်များကို စစ်ဆေးခြင်းနှင့် တစ်ခါတရံ ဖုန်းများကို ယူစစ်ခြင်းများ ပြုလုပ်သည်ဟု ခရီးသွား အမျိုးသမီးတစ်ဦးက ပြောသည်။

ကုန်တင်ကားများကို ရက်ရှည်စောင့်ဆိုင်းခိုင်းခြင်းကြောင့် ကားသမားများ အဆင်မပြေမှုများ ကြုံတွေ့နေရပြီး ကားကျော်တက် မောင်းနှင်မိလျှင်လည်း လိုင်စင်သိမ်းခံရခြင်း၊ ဒဏ်ကြေးများပေးဆောင်နေရသည်ဟု ခရီးသွား ကားသမားတစ်ဦးက ပြောသည်။

“ကျနော်တို့ မီးသွေးတင်တဲ့ ကုန်ကားတို့က တော်တော်အဆင်မပြေဘူး။ အရမ်းစောင့်ရလို့ ကားကျော်တက်ရင်လည်း ဒဏ်ကြေးကို ကျပ်(၇သောင်း)ကနေ ကျပ်(၂သိန်း)အထိဆောင်ရတယ်။ သူတို့ကတော့ရစ်တာပေါ့လေ ကျနော်တို့ကလည်း စောင့်နေတာ ဘယ်နရက်ရှိပြီဆိုတဲ့ အကြောင်းပြချက်တွေပေးရတာပေါ့လေ။သဘောမကောင်းတဲ့ ရဲနဲတွေ့ရင်တော့ လိုင်စင်ပါသိမ်းခံရတာ။” ဟု အဆိုပါ ကားသမားတစ်ဦးက ပြောသည်။

ယခင်က အဆိုပါ ကျွဲတပ်ဆုံဂိတ်ကို ည ၁၂ နာရီတွင် ပိတ်၍ မနက် ၄ နာရီပြန်ဖွင့်ပေးသော်လည်း ယခုလက်ရှိတွင် ကားတန်းများ ပိုမိုများပြားလာခြင်းကြောင့် မနက် ၂နာရီခွဲ ပိတ်၍ ၄ နာရီအချိန်ပြန်ဖွင့်ပေးထားသည်ဟု ၎င်းက ပြောသည်။

ဖြတ်သန်းသွားလာသည့် ကုန်တင်ကားများကို X-Ray စက်ဖြင့်စစ်ပြီး ပြောင်းကား၊ဘိလပ်မြေကားနှင့် ကုန်စိမ်းကားများကို သံဆူးနှင့် ထိုး၍စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

“ဖြစ်စေချင်တာက ကျနော်တို့ ကားသမားချင်းအတူတူကို ကျနော်တို့ ကုန်ကြမ်းဘက်ကိုလည်း ထည့်တွေးပေးစေချင်တယ်။ နေပူထဲမှာ တနေကုန်တစ်ရက်တည်းလည်း မဟုတ်ဘူးလေ။ ကိုယ်ချင်းစာစေချင်တယ်” ဟု ကုန်တင်ယာဥ်မောင်းသူတစ်ဉီးက ပြောသည်။ ။

သျှမ်းမြောက် သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်သွားပြီးနောက်ပိုင်း ကုန်တင်ယာဉ်များသည် သျှမ်းတောင်မှ တဆင့်မန္တလေးသို့ ဖြတ်သန်းသွားနေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ မှစပြီး ကျွဲတပ်ဆုံဂိတ်ကို စစ်ကောင်စီမှ စစ်ဆေးမှုတင်းကျပ်လိုက်ပြီး တော်လှန်ရေးအင်အားးစုဘက် လက်နက်ခဲယမ်းများနှင့် စားသောက်ကုန်များ မရောက်ရှိစေရန် ရည်ရွယ်ချက်ဖြင့် စစ်ဆေးမှုတင်းကျပ်နေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...