တောင်ကြီးမြို့နယ် အကွက်ရိုက်ရောင်းထားသည့်မြေ စစ်ကောင်စီတပ်နှင့် ရဲများ ပြန်သိမ်းဆည်းနေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း အကွက်ရိုက်ရောင်းထားသော မြေကွက်များကို စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံရဲများ ပြန်လည် သိမ်းဆည်းနေကြောင်း ဒေသခံများထံ သတင်းရရှိသည်။

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဗုဒ္ဓတက္ကသိုလ်အနီး နှင့် ကန်ကြီးရပ်ကွက် အပါအဝင် ညိုမီးကျေးရွာ တွင် မြေများကို အကွက်ရိုက်ပြီး ရောင်းချထေားပြီး ခြံစည်းရိုးခတ်ထားသော မြေများကို စစ်ကောင်စီနှင့် ရဲများက လိုက်လံသိမ်းဆည်းနေကြောင်း အကြောင်းသိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ မှ ကားကြီးကွင်းပြုလုပ်ရန်နှင့် လမ်းချဲ့မည်ဆိုသည့် အကြောင်းပြချက်ဖြင့် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဗုဒ္ဓတက္ကသိုလ် အနီး ဟိုပုံးဘက်သွားသည့် မြို့ရှောင်လမ်းဘေးတွင် ရှိသော မြေကွက်များကို မတ် ၂၁ရက်တွင် ဖျက်ဆီးခဲ့ကြောင်း ဒေသခံအမျိုးသားက ပြောသည်။

“သူတို့က ကားကြီးကွင်း ဆောက်ဖို့ သိမ်းတာလို့တော့ကြားတယ်။ လမ်းဘေးကမြေကွက်တွေကိုလည်း လမ်းချဲ့ဖို့ သိမ်းတယ်လို့ ကြားတယ်။ ဗုဒ္ဓတက္ကသိုလ် နဲ့ သိမ်တောင် တိုက်ခွဲ အကြား ခြံစည်းရိုး အကွက်ရိုက်ထားတာအကုန်လာဖြိုသွားတယ်။ အိမ်ဆောက်ထားတာတွေဆိုရင်တော့ ဒဏ်ကြေးပေးရတယ်လို့ ကြားတယ်။” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီဖျက်ဆီးထားသည့် မြေကွက်များ

ထို့အပြင် လက်ရှိတွင် လူမှုကွန်ရက်တွင် မြေကွက်များကို အကွက်ရိုက်ပြီး ပြန်ရောင်းနေသည့်အပေါ် သတိထားရန် ၊ အွန်လိုင်းမှ မြေများ ရောင်းချနေသူများကို မြေယာ ဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ကြရန်နှင့် ထိုကဲ့သို့ မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ ထွေထွေအုပ်ချုပ်ရေးရုံးမှ ထုတ်ပြန်ထားသည်။

“မြေဝယ်ရင် ကြည့်ပြီး သေချာစုံစမ်းပြီး ဝယ်ရင် အကောင်းဆုံးပဲ။ခုက စစ်တပ်နဲ့ မလွတ်ကင်းတဲ့ မြေတွေကို ပွဲစားတွေက ပွဲခရရင် ပြီးရော့ ရောင်းစားနေကြတာ။ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိဘူး။ သူ့တို့ ဖျက်ချင်ရင် အချိန်မရွေးလာဖျက်နိုင်တယ် မြေလွတ်တွေက။” ဟု တောင်ကြီး ဒေသခံ အမျိုးသမီး တစ်ဦး က ပြောသည်။

ဆက်လက်ပြီး တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု ညိုမီးကျေးရွာ၊ ဒုံခရားကျေးရွာ စသော မြို့ရှောင်လမ်း ရှိ အကွက်ရိုက်ထားသော မြေများ၊ စိုက်ပျိုးထားခြင်း မရှိသော မြေလွတ်များ နှင့် လူနေထိုင်ခြင်း မရှိသော မြေကွက်များကို အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီနှင့် ရဲများက ပူးပေါင်းကာ ပြီးခဲ့သည့် မတ်လ(၂၁)ရက်နေ့တွင် လာရောက်ဖျက်ဆီးသွားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အကုန်လာပြီး စည်းရိုးတွေကို ဖျက်ဆီးသွားတာ။ ဘာစီမံကိန်းလုပ်ဖို့လဲ တော့မသိဘူး။ အိမ်ဆောက်ထားတာကျတော့ ဒဏ်ကြေးဆောင် ခိုင်းတယ်။ ဘယ်လောက်လဲ တော့ မသိဘူး။ ဘာမှ မလုပ်ထားတဲ့ မြေအလွတ်တွေကျတော့ အကုန်သိမ်းသွားတာ။ “ ဟုညိုမီး ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီဖျက်ဆီးသွားသည့် မြေဧက ၁၄၀ကျော်ရှိကြောင်းသိရသည်။

ထို့အပြင် မြေအရောင်းဝယ်လုပ်နေသော ပွဲစားအများစုသည် တာဝန်ယူပေးမှု မရှိဘဲ အကွက်ရိုက်မြေများကို တန်ဖိုးနည်းဖြင့် ရောင်းနေလျှင် အလွယ်တကူ မယုံမိစေလိုကြောင်းနှင့် သေချာစိစစ်ပြီးမှ ဝယ်ယူစေရန် အရေးကြီးကြောင်း တောင်ကြီးဒေသခံ အသက် (၂၅ ) ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“ကံကြီး အနောက်ဖက်က မြေတွေဆို စစ်တပ်က သိမ်းရင်သိမ်း မသိမ်းရင် PNO ပြည်သူ့စစ်တွေက သိမ်းတယ်။ ဒါကြောင့် မြေတွေကို ဝယ်ရင် သေချာကြည့်ဝယ်ရင် အကောင်းဆုံးပဲ။ ခုခေတ် ပွဲစား ပေါက်စလေးတွေက ဂျင်းတွေ တအားထည့်ပြီး မြေတွေကို ရောင်းနေတာ။ ဒါကြောင့် သေချာကြည့်ဝယ်ပေါ့။” ဟု အဆိုပါ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

နိုင်ငံရေး အခြေနေ မတည်ငြိမ်မှုများနှင့်အတူ ခိုးဆိုးလုယက်မှုများ ပိုမို များပြားလာမှုကြောင့် ပိုက်ဆံများကို လက်ဝယ်မထားရှိချင်ကြဘဲ မြေများကို စုဆောင်းထားကြခြင်း ဖြစ်သည်ဟု ၎င်းက ထပ်လောင်း ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တွင် ညိုမီးကျေးရွာဖက်တွင် မြေဝယ်ယူထားသူ တစ်ဦးမှာလည်း စစ်ကောင်စီတပ်မှ တပ်ပိုင်မြေဟု ဆိုကာ လာရောက်သိမ်းသွားပြီး ကျပ်(သိန်း ၅၀၀) ဆုံးရှုံးဖူးကြောင်း အမျိုးသမီး တစ်ဦးထံမှ သိရသည်။

လက်ရှိ တောင်ကြီးမြို့နယ်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့ နယ်မြေစိုးမိုးထားပြီး လိုင်စင်မဲ့ကားများကို နေအိမ်အထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...