CATEGORY

လူ့အခွင့်အရေး

TNLA ထိန်းချုပ် ကျောက်မဲမြို့ကို စစ်ကောင်စီ တိုက်လေယာဉ် လေကြောင်းဗုံးကြဲ

သျှမ်းပြည် ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၅ ရက်) နံနက် ၁၁ နာရီကျော်အချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့အနီးသို့ စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ၅ မိနစ်ခြားပြီး ၂ ကြိမ်...

ကူမင်းဆွေးနွေးပွဲ မအောင်မြင်၍ စစ်ကောင်စီမှ TNLAထိန်းချုပ်နယ်မြေများကို ဗုံးဆက်တိုက်ကြဲ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့အပါဝင် TNLAထိန်းချုပ်ထားသည့် မြို့နယ်များကို ကူမင်းဆွေးနွေးပွဲ အပြီး စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။ ယမန် မေလ (၃)ရက်နေ့ နှင့် မေလ (၂)ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်း ၊မိုးကုတ်မြို့ အပါဝင် နောင်ချိုမြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဓမ္မာရုံနှင့် ပြည်သူနေအိမ်...

ဆန္ဒပြခဲ့သည့် သိန္နီဈေးသည်များကို ကိုးကန့်တပ် MNDAA ကဖမ်းဆီး ခြိမ်းခြောက်ခဲ့

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးသည်များကို နေရာပြောင်းရွှေ့ခိုင်းမှု၊ ဆိုင်ခန်း ဖြိုဖျက်မှုနှင့် ပတ်သက်၍ ဆန္ဒပြခဲ့သူများကို ကိုးကန့်တပ် MNDAA က ခေတ္တဖမ်းဆီးပြီး ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃၀ ရက်နေ့) နံနက်ပိုင်းတွင် သိန္နီမြို့ ရပ်ကွက် (၁)...

အခွန်ကောက်ခံမှုကြား ဈေးသည်တွေရဲ့ သောက

နန်းစိမ်း(အမည်လွှဲ) တစ်ယောက် ဆိုင်ကယ်ကို မောင်းနှင်ရာမှာ အာရုံပင် ကောင်းစွာမစိုက်ဘဲ ဦးတည်ရာမဲ့ ဖြစ်နေသည်။ အကြောင်းမူကား ယခင်ရောင်းနေကျ သိန္နိမြို့ ရှိ ဈေးဟောင်း (မြို့မဈေး) ထဲတွင် ကိုးကန့်တပ် MNDAA မှ ဈေးမရောင်းချရန် တားမြစ်ပိတ်ပင်လိုက်သဖြင့် နန်းစိမ်းမှာ ဈေးရောင်းဖို့အတွက် ဆိုင်ခန်းအသစ် ထပ်ရှာနေရခြင်း ဖြစ်သည်။ အားကိုးစရာ...

ကမ္ဘာ့အလုပ်သမားနေ့တွင် AAC အလုပ်သမားရုံး ဖြိုဖျက်ခံရ

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကို ကူညီဆောင်ရွက်ပေးနေလျက်ရှိသော လက်တွဲကူညီ (AAC) မဟာမိတ်အဖွဲ့ရုံးကို မြေပိုင်ရှင်နှင့် ထိုင်းအာဏာပိုင်များက ယနေ့ မေလ (၁) ရက်တွင် ဝင်ရောက်ဖြိုဖျက်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင် ထစန်ရပ်ကွက်ရှိ အဆိုပါရုံးကို မြေပိုင်ရှင်နှင့် ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖြိုဖျက်ခဲ့ခြင်း ဖြစ်သည်။ AAC မဟာမိတ်ရုံးသည် ထိုင်းအစိုးရထံတွင်...

ရွာငံတွင် စစ်ကောင်စီတပ်သားများ အရပ်သား နေအိမ်တပ်စွဲ၊ ပိုက်ဆံတောင်း စားနပ်ရိက္ခာယူစားနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အရှေ့ဘက် ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး၊ အရပ်သားနေအိမ်တွင် တပ်စွဲကာ၊ ပိုက်ဆံတောင်းပြီး နေအိမ်ရှိ စားနပ်ရိက္ခာများလည်း ယူစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်နေ့မှ၍ ယနေ့ (ဧပြီ ၃၀)ရက်ထိ ရွာငံမြို့နယ် အရှေ့ဘက်ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး အရပ်သား နေအိမ်များထဲတပ်စွဲနေထိုင်ခြင်း၊...

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်ဟု စစ်လော်ဘီက ဝါဒဖြန့်

သျှမ်း-ကရင်နီ (ကယားပြည်) နယ်စပ်ဒေသ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူသေဆုံးတာမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့သေဆုံးတယ်ဆိုပြီးတော့ ‌ရွှေဖီမြေသတင်းဌာနက ရေးသားတင်ထားတဲ့ သတင်းတွေကို စခရင်ရှော့ယူပြီး စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။ မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင် ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ ဧပြီလ‌...

နောင်ချိုတွင် အပစ်ရပ်ထားသည့်ကြားမှ နေ့စဉ်လေယာဉ်ဖြင့် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် အပစ်ရပ်ထားသည့်ကြားမှ စစ်ကောင်စီသည် နေ့စဉ်နီးပါး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရပါသည်။ ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်မှ (၂၈) ရက်အထိ နောင်ချိုမြို့နယ် လုံးရုံကျေးရွာအုပ်စု ကျောက်ကြမ်းကျေးရွာနှင့် သဖန်းကုန်း ကျေးရွာဘက်တို့တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ထိခိုက်မှုမရှိသော်လည်း အဆောက်အဦ...

မိုင်းရယ် MNDAA တပ်သားများ ဈေးဆိုင်များတွင် အကြွေးယူစားပြီး ပြန်မဆပ်

ိသျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုမှ MNDAA တပ်ဆုတ်ခွာစဉ် ကိုးကန့်တပ်သားများ ဈေးဆိုင်တွင် အကြွေးယူစားခဲ့သည်ကို ပိုက်ဆံမရှင်းခဲ့ခြင်းကြောင့် ဆိုင်ရှင်များ စိတ်ဆိုးဒေါသထွက်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု နောင်မိုကျေးရွာရှိ MNDAA စစ်ဆေးရေးဂိတ်မှ ကိုးကန့်တပ်သားများသည် ဝမ်လုံကျေးရွာအတွင်း ကုန်စုံဆိုင်များမှ စားသောက်ကုန်များကို အကြွေးယူစားခဲ့ပြီး...

လားရှိုးမြို့ပေါ် စစ်ကောင်စီယန္တရား ပြန်လည်ပတ်ပါက စစ်မှုထမ်းခေါ်ယူခံရမည်ကို ဒေသခံများစိုးရိမ်

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်ပါက စစ်မှုထမ်းခေါ်ယူခံရမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မေလ (၁) ရက်မှစတင်ပြီး စစ်ကောင်စီတပ် ပြန်လည်အခြေစိုက်ထားသည့် လားရှိုးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရန် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံမှ ဝန်ထမ်းအများအပြား ထပ်မံရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂...

Latest news