စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနထုတ် ပုံနှိပ်စာအုပ်များကို စာသင်နှစ်ဆုံးလျှင် ပြန်အပ်ခိုင်းမည်

စစ်ကောင်စီလက်အောက်ရှိ ပညာရေးဝန်ကြီးဌာနသည် ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် အခြေခံပညာသင်ကျောင်းများတွင် ဖြန့်ဝေသည့် ကျောင်းသုံးဖတ်စာအုပ်များကို စာသင်နှစ်အဆုံးတွင် ပြန်လည်အပ်နှံခိုင်းမည်ဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ သတင်းရရှိသည်။

မေလ (၂၂) ရက်မှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ရာ ပုံနှိပ်ဖတ်စာအုပ်များကို စာသင်နှစ်အဆုံးတွင် ပြန်အပ်ရမည် ဖြစ်သောကြောင့် ရိုရိုသေသေ ကိုင်တွယ်ရန် မှာကြားလိုက်သည်ဟု သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့တွင် နေထိုင်သည့် G-10 ကျောင်းသားတစ်ဦးက ပြောသည်။

“စာအုပ်ကို ပြန်အပ်ရမှာမလို့ သေချာကိုင်ပေးဖို့ မှာလိုက်တယ်။ တခြားကျောင်းတွေမှာတော့ ပုံနှိပ်စာအုပ် အသစ်တွေ မရဘဲ အဟောင်းတွေပဲ ရတယ်လို့ကြားတယ်။ ကျနော်တို့ ကျောင်းက လူနည်းတော့ ပုံနှိပ်စာအုပ် မလောက်ငှတာ မရှိဘူး။ ဒါပေမယ့် ပုံနှိပ်စာအုပ် ပြန်ပေးရမယ်ဆိုတော့ နှစ်ကုန်ရင် အကောင်းတိုင်းရှိဖို့ မသေချာဘူး။ ပြန်မပေးနိုင်ရင် အစားထိုး အပြင်မှာ ပြန်ဝယ်ပေးရမယ်ပြောတယ်” ဟု အဆိုပါ ကျောင်းသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခြေခံပညာ ကျောင်းအပ်နှံခြင်းကို မေလ (၂၂)ရက်မှ ဇွန်လ (၂)ရက်နေ့အထိ အပ်နှံနိုင်ပြီး ဇွန်လ (၃)ရက်နေ့တွင် ကျောင်းစတင် တက်ရောက်နိုင်၍ မည်သည့် ကျောင်းအပ်နှံခ ကျောင်းဝင်ကြေး စသည်တို့ ပေးဆောင်ရန် မလိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် စာရေးကိရိယာများ ဈေးတက်လာသောကြောင့် စာရေးမှတ်ရန် စာအုပ်ကိုပင် ဈေးကြီးပေးဝယ်နေရသောကြောင့် အခြေခံလူတန်းစား မိဘများအနေဖြင့် ကျောင်းသားများအတွက် စာအုပ်ထောက်ပံ့ရန် ခက်ခဲကြောင်း ဆိုသည်။

“စာအုပ် တစ်ဒါဇင်ကို (၁၇၅၀၀)တဲ့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမကြားဖူးဘူး၊ ဈေးနှုန်းကလည်း ကြီးလိုက်တာ။ ဘောပင်တစ်ချောင်းကို ကျပ်(၁၅၀၀) အထိရှိတယ်။ နေ့စားအငှားလိုက်နေတာ တစ်ရက်မှ မနားရသေးဘူး။ စားဖို့လည်း ရှာရ ကျောင်းသားအတွက် စရိတ်လည်းရှာရနဲ့။ သူ့အတွက် တစ်သိန်းဖိုး ဈေးသုံးတာ ဘာမှ ထွေထူးမရလာဘူး” ဟု ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများ တောက်ပံ့ပေးသော်လည်း အင်္ကျီများမှာ ကျောင်းသူများနှင့် ဆိုဒ်မတော်နေသောကြောင့် ဝတ်ရအဆင်ပြေမှု မရှိကြောင်း အဆိုပါ မိခင်က ထပ်လောင်းပြောသည်။

ထိုသို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်စာအုပ်များ ပြန်အပ်ရန် ညွှန်ကြားလိုက်သောကြောင့် တောင်ကြီးမြို့ပေါ်တွင်လည်း စာအုပ်များကို မဲနှိုက်စနစ်ဖြင့် အလုအယက် ဝယ်ယူနေရသည်ဟု မြို့ခံများထံမှ သိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း စစ်ကောင်စီဖွင့်လှစ်မည့် အခြေခံပညာကျောင်းများတွင် ကျောင်းလာအပ်သည့် ကျောင်းသားကျောင်းသူ ဦးရေမှာ ယခင်ထက် ၄ ပုံ ၁ ပုံသာလျှင် ရှိသေးကြောင့်နှင့် ကျောင်းပြန်ဖွင့်လျှင် ကျောင်းသန့်ရှင်းရေးလုပ်ရန် တံမြက်စည်းခ၊ ရေသန့်အတွက် ပိုက်ဆံပေးရမည်ဖြစ်ကြောင်း ကျောင်းသားမိဘများက ပြောဆိုသည်။

ယမန်နှစ် ၂၀၂၄ မေလ ၂၃ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသူ ၁၇ သိန်း ၉ သောင်းအထိ ရှိခဲ့သည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ လေးနှစ်ကျော်ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ကျောင်းနေအရွယ်ကလေးများ ၅ သန်းနီးပါး စာသင်ခန်းနှင့် ဝေးကွာပြီး ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...