သိန္နီတွင် စစ်ရှောင်သွားသည့် နေအိမ်နှင့် ဆိုင်ခန်းကို တရုတ်က လိုက်လံငှားရမ်းနေ
သျှမ်းပြည် သိန္နီမြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်လာပြီးနောက် တရုတ်နိုင်ငံသား အများအပြား ဝင်ရောက်လာပြီး စစ်ဘေးရှောင်သွားသည့် နေအိမ်များနှင့် ဆိုင်ခန်းများအား လိုက်လံငှားရမ်းနေ ကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သိန္နီမြို့ပေါ်ရှိ...
မိုးဗြဲမြို့ ဆည်မြောင်းရေကို မှီခိုနေရသူများ သောက်သုံးရေအခက်တွေ့
သျှမ်း - ကရင်နီ နယ်စပ် မိုးဗြဲမြို့ရှိ ဆည်မြောင်းထဲတွင် အကြောင်းရင်း မသိဘဲ ငါးများ အစုအပြုံလိုက် သေဆုံးခြင်းကြောင့် ရေမသန့်ရှင်းမှု ဖြစ်သဖြင့် ပြည်သူများအတွက် သောက်သုံးရေ အခက်အခဲ ကြုံနေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ရှိ ဆည်မြောင်းထဲတွင် မေလဆန်းပိုင်းမှ စတင်၍ ငါးများ အစုလိုက်အပြုံလိုက် အကြောင်းရင်းမသိရဘဲ...
နောင်ချို စစ်ကောင်စီလက်နက်ကြီးကြောင့် အသက်(၅)နှစ် ကလေးအပါအဝင် အရပ်သား (၄)ဦးသေဆုံးဟု TNLA ပြော
သျှမ်းပြည် နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အသက်(၅)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား (၄)ဦး သေဆုံးကာ (၇)ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ မေလ (၈)ရက် နေ့လယ် (၁၂)နာရီခန့်တွင် အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီတပ်မှ...
မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အကျင့်ပျက်လာဘ်စားမှုကြောင့် အမှုသည်များ နစ်နာနေ
သျှမ်းပြည် မူဆယ်ခရိုင် တာဝန်ခံတရားသူကြီးအဖြစ် ဒုတိယခရိုင်တရားသူကြီးမှ တာဝန်ယူထားစဉ် အမှုကိစ္စများ ဆုံးဖြတ်ရာတွင် အကျင့်ပျက် လာဘ်စားမှုများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ခရိုင်တရားရုံးတွင် ၂၀၂၄ မေလပိုင်းမှ စတင်၍ မူဆယ်ခရိုင် တာဝန်ခံတရားသူကြီး အဖြစ် တာဝန်ယူ ထမ်းဆောင်နေသည့် ဒုတိယ ခရိုင်တရားသူကြီး ဦးသန်းထိုက်စိုးသည် ယခုနှစ်...
စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့ တရားဉပဒေစိုးမိုးမှုမရှိ၊ လောင်းကစားရုံ/မူးယစ်ဆေးပေါများ
SHAN -
“၁၀၂၇ စစ်ဆင်ရေး”အတွင်း ချန်ထားခဲ့သည့် စစ်ကောင်စီထိန်းချုပ်ရာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အတွင်း လောင်းကစားရုံနှင့် မူးယစ်ဆေးဝါး ပေါများလာသည့်အပြင် တရားဉပဒေ စိုးမိုးမှုလည်း မရှိတော့ကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့အတွင်း လောင်းကစားရုံများ၊ KTV များ အထူးပေါများနေကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ များလာသည်နှင့်အမျှ လုယက်မှု၊...
မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၊ လေကြောင်းဗုံးကြဲ
သျှမ်း - ကရင်နီပြည် နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး လေကြောင်း အသုံးပြု တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၇ ရက်) တွင်လည်း မိုးဗြဲမြို့နှင့် ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်သည့်အပြင် လေကြောင်း...
တောင်ကြီးမြို့ PNO ပြည်သူ့စစ်ကားကို တားဆီးစစ်ဆေးသည့် တာဝန်ကျရဲတပ်သား သေနတ်ပစ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် PNO ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦး မောင်းနှင်လာသည့် ကားကို တားဆီးစစ်ဆေးခဲ့သည့် တာဝန်ကျရဲတပ်သား သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။ မေလ ၁ရက် ည ၁၁ နာရီဝန်းကျင်ခန့် တောင်ကြီးမြို့ အိုးရှင်းဈေးဝယ်စင်တာ အနီးတွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင်ဟောင်း မောင်းနှင်လာသည့်ကားကို စစ်ကောင်စီလက်အောက်ခံ တာဝန်ကျရဲတပ်သားက...
၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်အင်အားစုများ သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များအားလုံး စစ်ကောင်စီထံသို့ ပြန်လည်လွှဲပြောင်းပေးရတော့မည်ဖြစ်ပြီး စစ်ကြောင့် ပျက်စီးခဲ့သည့် အစိုးရ အဆောက်အဦများနှင့် ပြည်သူ့နေအိမ်များကို တော်လှန်ရေးအင်အားစုဘက်က တန်းဖိုးအတိုင်းပေးလျော်ရမည် ဖြစ်ကြောင်း ဝါဒဖြန့်ချိနေပါသည်။ ဦးဖိုးမှန် အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ သူပုန်သိမ်းထားတဲ့ မြို့အားလုံးနီးပါးကို တပ်မတော်ထံ...
ဆီဆိုင်မြို့မဈေး ပြန်ဖွင့်သော်လည်း စည်ပင်နှင့်အဆင်ပြေသည့် ဈေးသည်များသာ ဆိုင်ခန်းကျယ်ရရှိ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကောင်စီ ပြန်တည်ဆောက်ထားသည့် မြို့မဈေး ပြန်ဖွင့်နေသော်လည်း စည်ပင်နှင့် အဆင်ပြေသည့် ဈေးသည်များသာလျှင် ဆိုင်ခန်းကျယ် ရရှိကြသည်ဟု စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ မြို့မဈေးရှိ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားသော ဈေးဆိုင်ခန်းများကို ပြန်လည်တည်ဆောက် နေရာချထားခဲ့ပြီး ပြီးခဲ့သည့် မတ်လ (၃၀)ရက်နေ့မှစ၍ ဆီဆိုင်မြို့မဈေးကို...
ညောင်ရွှေမြို့နယ် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင်း ၅၀၀ ဗုံးကြဲ
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီက လေကြောင်း၊ ဒရုန်း နှင့် လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၅ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့နယ် ရေပူ (ထီခိုး) ရွာကို စစ်ကောင်စီက ပေါင်း ၅၀၀...





