Tuesday, January 27, 2026

ထောက်ပို့ဆယ်လီများ၏ ကုန်ပစ္စည်းများကို တရားမဝင်ရောင်းချဟုဆိုကာ လူ ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

အဆိုတော် ချမ်းချမ်း၏ ခိုင်းစေမှုဖြင့် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများကို တရားမဝင်ရောင်းချပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ပံ့သည်ဟုဆိုကာ လူ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်တွင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်နေ Treasure Hnin Online Shop လုပ်ကိုင်သူ ဖြူဖြူနှင်းနှင့် မေလ ၈ ရက်တွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် ၅၄ ရပ်ကွက် ချယ်ရီ ၁ လမ်းနှင့် ရွှေသပြေလမ်းထောင့် အမှတ် (၃/က)နေ ဘုန်မြင့်အောင်အား ဖမ်းဆီးခဲ့သည်ဟု ယနေ့ (ဇွန်၃)ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦး၏ ထွက်ဆိုချက်အရ နိုင်ငံဝန်ထမ်းများ လှုပ်ရှားမှုတွင် ပါဝင်ရန်လှုံ့ဆော်ခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်ရန် Social Media များမှတစ်ဆင့် Post တင် ရေးသားခဲ့ခြင်းတို့ကြောင့် ဆိုသည်။

ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံရပြီး ပြည်ပသို့ ထွက်ပြေးတိမ်း အဆိုတော် ချမ်းချမ်း၏ ခိုင်စေချက်အရ ပြည်ပမှတရားမဝင်တင်ပို့လိုက်သော နိုင်ငံခြားဖြစ်ပစ္စည်းများအား အခကြေးငွေဖြင့် ထပ်ဆင့် ဖြန့်ဝေရောင်းချခြင်း၊ ငွေကြေးကောက်ခံပေးခြင်းနှင့် အဆိုတော်ချမ်းချမ်း ပေးပို့စေလိုသော အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ရသူများဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ထိုကြောင့် ဖမ်းဆီးရမိသူနှစ်ဦးကို မှတ်ပုံတင် လက်မှတ်မရှိဘဲ ပြည်တွင်း/ ပြည်ပမှ တရားမဝင်ရောင်းချခြင်း၊ ပြည်ပမှ ဥပဒေမဲ့တင်သွင်းရောင်းချသူများနှင့် ချိတ်ဆက်၍ ထပ်ဆင့်ဖြန့်ဝေရောင်းချခြင်းကြောင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့အစည်းများအား ထောက်ပံ့နိုင်ရန် လူမှုကွန်ရက်များပေါ်တွင် တရားမဝင် ဈေးရောင်းချနေသည့် ဆယ်လီများထံမှ ကုန်ပစ္စည်း ဝယ်ယူပါက အကြမ်းဖက်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဟုလည်း စစ်ကောင်စီကဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...