ထောက်ပို့ဆယ်လီများ၏ ကုန်ပစ္စည်းများကို တရားမဝင်ရောင်းချဟုဆိုကာ လူ ၂ ဦးကို စစ်ကောင်စီဖမ်းဆီး

အဆိုတော် ချမ်းချမ်း၏ ခိုင်းစေမှုဖြင့် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများကို တရားမဝင်ရောင်းချပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ပံ့သည်ဟုဆိုကာ လူ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်တွင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်နေ Treasure Hnin Online Shop လုပ်ကိုင်သူ ဖြူဖြူနှင်းနှင့် မေလ ၈ ရက်တွင် ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် ၅၄ ရပ်ကွက် ချယ်ရီ ၁ လမ်းနှင့် ရွှေသပြေလမ်းထောင့် အမှတ် (၃/က)နေ ဘုန်မြင့်အောင်အား ဖမ်းဆီးခဲ့သည်ဟု ယနေ့ (ဇွန်၃)ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦး၏ ထွက်ဆိုချက်အရ နိုင်ငံဝန်ထမ်းများ လှုပ်ရှားမှုတွင် ပါဝင်ရန်လှုံ့ဆော်ခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်ရန် Social Media များမှတစ်ဆင့် Post တင် ရေးသားခဲ့ခြင်းတို့ကြောင့် ဆိုသည်။

ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံရပြီး ပြည်ပသို့ ထွက်ပြေးတိမ်း အဆိုတော် ချမ်းချမ်း၏ ခိုင်စေချက်အရ ပြည်ပမှတရားမဝင်တင်ပို့လိုက်သော နိုင်ငံခြားဖြစ်ပစ္စည်းများအား အခကြေးငွေဖြင့် ထပ်ဆင့် ဖြန့်ဝေရောင်းချခြင်း၊ ငွေကြေးကောက်ခံပေးခြင်းနှင့် အဆိုတော်ချမ်းချမ်း ပေးပို့စေလိုသော အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ရသူများဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ထိုကြောင့် ဖမ်းဆီးရမိသူနှစ်ဦးကို မှတ်ပုံတင် လက်မှတ်မရှိဘဲ ပြည်တွင်း/ ပြည်ပမှ တရားမဝင်ရောင်းချခြင်း၊ ပြည်ပမှ ဥပဒေမဲ့တင်သွင်းရောင်းချသူများနှင့် ချိတ်ဆက်၍ ထပ်ဆင့်ဖြန့်ဝေရောင်းချခြင်းကြောင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့အစည်းများအား ထောက်ပံ့နိုင်ရန် လူမှုကွန်ရက်များပေါ်တွင် တရားမဝင် ဈေးရောင်းချနေသည့် ဆယ်လီများထံမှ ကုန်ပစ္စည်း ဝယ်ယူပါက အကြမ်းဖက်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဟုလည်း စစ်ကောင်စီကဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...