မူဆယ်-နမ့်ခမ်းကြားတွင် လိုင်စင်မဲ့ ကုန်ကားတစ်စီး ကျပ်နှစ်သိန်း စစ်ကောင်စီထံ ပေးဆောင်နေရ

သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းမှ လားရှိုးသို့ ပြေးဆွဲနေသည့် လိုင်စင်မဲ့ လိုင်းကားများကို စစ်ကောင်စီက တစ်စီးလျှင် ကျပ်ငွေ နှစ်သိန်းနှုန်း ဖြင့် ကောက်ခံနေကြောင်း သတင်းရရှိသည်။

၂၀၂၅ ခုနှစ် မေလတတိယပတ်မှ စ၍ ယနေ့အထိ မူဆယ် – နမ့်ခမ်းမှ လားရှိုး သို့ ပြေးဆွဲနေသည့် လိုင်စင်မဲ့ မော်တော်ယာဉ် များ ကို နမ့်ခမ်းမူဆယ်လမ်းပိုင်း လွယ်ဆုတောင်းနှင့် ပန်ခမ်းတံတားဂိတ်တွင် တစ်စီးလျှင် ကျပ်နှစ်သိန်း နှုန်းဖြင့် စစ်ကောင်စီဂိတ်များက ကောက်ခံနေကြောင်းအမည်မဖေါ်လို သည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

မူဆယ် နမ့်ခမ်းကနေ လားရှိုး ကုန်တင် ပြေးဆွဲနေတဲ့ တစ်ချို့ လိုင်စင်မဲ့ အန်စာတုံး တို့ အယ်လာဖတ် တို့လို ကားကို တစ်ခေါက် နှစ်သိန်းကောက်နေတယ်” ဟု အမည်မဖေါ်လိုသူ နမ့်ခမ်း ကားဆရာတစ်ဉီး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ ဒေသခံများ နှင့် ဌာနဆိုင်ရာများ အသုံးပြုနေကြသော မော်တော်ယာဉ်အများစုမှာ လိုင်စင်မဲ့များဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။

မေလလယ်ပိုင်းကစပြီး လိုင်စင်မဲ့မော်တော်ယာဉ်များကို အရေးယူမည်ဟု အာဏာသိမ်း စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ပြောကြားထားသည်။

အရင်က တင်လာတဲ့ကုန်ပေါ်မူတည်ပြီး တောင်းတာလောက်ပဲ၊ အဲ့တာ နဲလို့ ဒီလိုင်စင်ကို အကြောင်းပြပြီး ငွေ တောင်း တယ်၊ လိုင်စင်မရှိလို့ ငွေတောင်းတဲ့ အပြင် သူတို့တင်လာတဲ့ ကုန်ပေါ်မူတည်ပြီးတော့ ထပ်ကောက် သေး တယ်၊ ငွေရလမ်း နှစ်ခုဖြစ်သွားတာပေါ့”  ဟု လုံခြုံရေးအရအမည်မဖေါ်လိုသည့် မူဆယ်ဒေသခံ တစ်ဉီးကပြောသည်။

မူဆယ်နမ့်ခမ်းလမ်းပိုင်းရှိ လွယ်ဆုတောင်းနှင့် ပန်ခမ်းတံတားတွင် စစ်ကောင်စီက စတင် စစ်ဆေးနေ ပြီး TNLA ထိန်းချုပ်သော နမ့်ခမ်းမြို့တွင်လည်း မေလ ၂၅ ရက်မှစ၍ မော်တော်ကားလိုင်စင်များကို လုပ်ခိုင်းကာ တစ်စီးလျှင် ကျပ် ၂ သိန်းမှ ၅ သိန်းထိ ကောက်ခံနေသည်ဟု ဒေသခံများ၏ ပြောကြား ချက်အရသိရသည်။

ထို့ပြင် ပြီးခဲ့သည် ဇန်နဝါရီလအတွင်း မူဆယ်နယ်စပ်ဂိတ်တွင် စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ တရုတ်လိုင်စင်မဲ့ကားများကိုမြန်မာပြည်အတွင်း ပေါ်တင် သွင်းခဲ့သေးသည်။        

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။                                                                                                                       

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...