မိုင်းပန်တွင် တပ်မတော်မှ လုံခြုံရေးတင်းကျပ်မည်ဟုဆို
သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း တပ်မတော်မှ လုံခြုံရေးတင်းကျပ်မည် ၊ ကင်းလှည့်မည်ဟု ပြောဆိုသတိပေးလာသဖြင့် လယ်ယာသွားမည့် မိုင်းပန်ဒေသခံများ ဘေးကင်းစေရေး သတိဖြင့်သွားလာကြရန် ၊ တားဆီးခေါ်ယူမေးမြန်းခံရပါက ရပ်တန့်ဖြေကြားပေးပါရန် ကျားဖြူလွှတ်တော်ကိုယ်စားလှယ် က ပြောဆို လိုက်သည်။ သြဂုတ် ၁၆ ရက်နေ့က မိုင်းပန်မြို့ အထွေထွေ အုပ်ချုပ်...
သျှမ်းပြည်နယ် အတွင်းရှိ သတင်းမီဒီယာသမားများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
သျှမ်းပြည်နယ်အတွင်းရှိ သတင်းမီဒီယာ သမားများ မှ သတင်းသမားနှင့် လုံခြုံရေး ခေါင်းစဉ်ဖြင့် တောင်ကြီး မြို့ ၊စိန်ပန်းရပ် ၊ အောင်မြေဘုံစံ ကျောင်းတိုက်တွင် ဆွေးနွေးပွဲ ကျင်းပခဲ့သည် ။ သြဂုတ်လ ၁၅ ရက်နေ့က ကျင်းပသော အဆိုပါဆွေးနွေးပွဲတွင် သျှမ်းပြည််နယ်တွင်းရှိသတင်းသမားများအားလုံးစည်းလုံး ညီညွတ်မှုရှိစေရန်နှင့် ခိုင်မာအားကောင်း သော...
မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာ ကျောင်းသား ၁၆ ဦးကို မစင်သုတ်လိမ်းသည့် ဆရာမတဦး တိုင်ကြားခံရ
သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ပန်းဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ နမ့်တောင်းကျေးရွာ အထက်တန်းခွဲ၌ လပတ် စာမေးပွဲကျသည့် စတုတ္ထတန်းကျောင်းသား ၁၆ ဦးကို ဆရာမ တဦးက မစင်သုတ်လိမ်းသဖြင့် ကျောင်းသားမိဘများက တိုင်ကြားထားသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ သြဂုတ် ၁ ရက်နေ့က စာမေးပွဲ အောင်သည့် ကျောင်းသား...
လုပ်အားခ သိန်းတရာ ကျော် မရသေးသည့် Gold Luck Water Park လုပ်ငန်းရှင်ကို အလုပ်သမားများ ဆန္ဒပြ
သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ Gold Luck Water Park လုပ်ငန်းရှင် မှ အလုပ်သမားများကို လုပ်အားခ သိန်းတရာကျော် ပေးချေရန်ကျန်ရှိမှု နှင့် ပတ်သက်ပြီး အလုပ်သမားများက ဆန္ဒထုတ်ဖော်တောင်းဆိုကြကြောင်း သိရသည်။ ဇူလိုင်လ ၃၀ ရက် ယနေ့ မနက်ပိုင်း ၉ နာရီခွဲက...
မိုင်းပျဉ်းဒေသခံတဦးကို RCSS နဲ့ ချိတ်ဆက်သည်ဟုစွပ်စွဲကာ တပ်မတော် ဖမ်းဆီးပြီး မူးယစ်မှုနဲ့ အမှုဖွင့်
သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်း မြို့နယ်တွင် အသက် ၅၂ နှစ်အရွယ် ရွာသားအမျိုးသားတဦးကို NCA ထိုး သျှမ်းလက်နက်ကိုင် အဖွဲ့ နှင့် ပတ်သတ်မှု ရှိသည်ဟု စွပ်စွဲကာ တပ်မတော် ဖမ်းဆီးခဲ့ကြောင်းသိရသည်။ မိုင်းပျဉ်း မြို့နယ် ယန်းခမ်းကျေးရွာအုပ်စု နမ့်တက်ရွာနေ ဦးနန္ဒိယ အား တပ်မတော်က...
အလုပ်သမား လုပ်အားခ သတင်းရေးသားသည့် လားရှိုး သတင်းထောက် ပို့ကုန်၊သွင်းကုန် ဥပဒေဖြင့် တရားစွဲခံရ
သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ရှိ Gold Luck Water Park ရေကစားကွင်း အလုပ်သမား လုပ်အားခ မရသေးသည့် ကိစ္စ နှင့်ပတ်သက်ပြီး သတင်းရေးသားသည့် သတင်းထောက် ခွန်ဇော်ဦး ပို့ကုန်၊သွင်းကုန် ဥပဒေ နှင့် အမှုဖွင့် ခံရကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ဇူလိုင်...
သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် တွင် မြန်မာအစိုးရ တပ်မတော် တပ်သားများ က ဒေသခံ ရွာသား အားရိုက်နှက် ကျူးလွန်မှုပြုလုပ်နေသေးသည့်အပေါ် တာဝန်ရှိသူများမှ စီစစ်အရေးယူသင့်ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ကြေငြာလိုက်သည်။ ဇူလိုင်လ ၆ ရက်နေ့က မိုင်းပျဉ်းမြို့နယ် အသက် ၃၂ နှစ် အရွယ်...
တန့်ယန်းမြို့နယ်တွင် အမျိုးသမီးငယ်တဦးအား အမျိုးသမီး ၄-၅ ယောက်အဖွဲ့က ဝိုင်းဖွဲ့ရိုက်နှက်ရန်ဖြစ်သည့် ဗီဒီယိုကလစ်ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘု လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် နစ်နာသူဆွေမျိုးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက အမှုဖွင့်တိုင်ကြားလိုက်သဖြင့် ရိုက်နှက်မှုလက်သည်အား ရဲများက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေကြောင်းသိရသည်။ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်ကို တန့်ယန်းမြို့ ကျောက်တောင် တရုတ် နတ်စင်အနီးတွင် အမျိုးသမီး ၄-၅ ယောက်ကအုပ်စုဖွဲ့ကာ...
သက်ငယ်မုဒိမ်းမှု ပပျောက်ရေး သျှမ်းအရေးလှုပ်ရှားသူများရဲ့အမြင်
ယခုလ ဇူလိုင် ၆ ရက်နေ့့က သျှမ်းပြည်နယ် တောင်ကြီးမြို့ အပါအဝင် တခြားတိုင်း ပြည်နယ်တွေမှာ “Justice for Victoria” ဆိုတဲ့ သက်ငယ်မုဒိမ်း မှု ပပျောက်ရေး လှုပ်ရှားမှုကို ထောင်ချီ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ထို ဆန္ဒပြမှုကို ကြည့်ချင်းအားဖြင့် မိဘ...
တရုတ်ပြည် နယ်စပ် နောင်တောင်း ဘက်တွင် တရုတ်ရဲများ စစ်ဆေးရေး တင်းကြပ် နမ့်ခမ်းဒေသခံများပြော
သျှမ်းပြည်နယ် နမ့်ခမ်းမြို့ နယ်စပ်ဒေသဖြစ်သည့် တရုတ်ပြည် နောင်တောင်း ဘက်တွင် တရုတ်ရဲများ စစ်ဆေးရေး တင်းကြပ်နေသည် ဟု သတင်းရရှိသည်။ ယခု တလော တရုတ်ပြည် နောင်တောင်းဘက်တွင် မြန်မာပြည်ဘက်မှ လာသည့် ပြည်သူများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း၊ တရုတ်ပြည်သို့့သွားသည့်အခါ သတိထား သွား၊ လာ ကြရန်...





