မိုင်းကိုင်မြို့ နယ် အတွင်းရှိ စစ်ရှောင်များ နေအိမ်ကို အစိုးရစစ်သားများ မွှေနှောက်

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် ဟမ်းငိုင်းကျေးရွာ အုပ်စု ရှိ (စစ်ဘေးရှောင်နေသည့်) ဒေသခံများ၏ နေအိမ် ကို တပ်မတော်၏စစ်ကြောင်းများက ဝင်ရောက် မွှေနှောက် ခဲ့ကြောင်း သတင်းရရှိသည်။

 

Photo by ဒေသခံတဦး

မတ်လ ၂ ရက် ယမန်နေ့က သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ ဟမ်းငိုင်းကျေးရွာ အုပ်စု ကုန်းညောင် ဖာဆား ကျေးရွာ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေး တိမ်းရှောင်နေစဉ် အစိုးရ ၏ စစ်သားများသည် စစ်ရှောင်များ၏နေအိမ် တံခါးများ ရိုက်ချိုးပြီး ဝင်ရောက် မွှေနှောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း နေရပ်ပြန် ကြည့်သည့်ရွာသားများပြောပြချက်အရသိရသည်။

၎င်းနှင့်ပတ်သက်ပြီး မိုင်းကိုင်မြို့ အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် အား “မနေ့က ညနေ ပိုင်း ရွာသားတွေပြန်သွားကြည့်တယ်။ စစ်ရှောင်တွေရဲ့နေအိမ် ၄ အိမ်လောက် ဖျက်ဆီး ခံထားရတယ်။ အိမ်တံခါးတွေ ရိုက်ချိုးထားတယ်။ ဘုရားစင်တွေ ဖျက်ဆီးထားတယ်။ အိမ်ထဲမှာလည်း ဝင်ပြီးမွှေနှောက်ထားတာတွေ့ရတယ်” ဟု ဦးစိုင်းလုံ က ဆိုသည်။

ကုန်းညောင် ဖာဆားရွာအတွင်း လက်နက်ကြီးများ ကျခြင်း၊ အိမ်ခေါင်မိုးများတွင် ကျည်ဆန်ဖောက်ဝင်သည့်အပေါက်များဖြစ်ပြီး ပျက်စီးနေခြင်း၊ နေအိမ် ထရံများလည်း ပေါက်ပြဲပျက်စီးနေခြင်း တို့ရှိခဲ့ကြောင်း ဦးစိုင်းလုံ က ဆက်လက်ပြောသည်။

Photo by ဒေသခံတဦး

ထို ကိစ္စနှင့် ပတ်သက်ပြီး ကုန်းညောင် ဖာဆား ကျေးရွာသား အသက် ၄၀ ကျော် အရွယ်အမျိုးသားတဦး က “ မနေ့ က ကျနော်တို့ရွာထဲကို တပ်က သေနတ်ပစ်ပြီး ဝင်လာတယ်။ နောက် ရွာထဲက အိမ် ၅လုံး ကို ဝင်ပြီး မွှေနှောက်ထားတယ်။ ဘုရားစင်တွေ ဗီဒိုတွေ ရိုက်ချိုး ဖျက်ဆီးထားတယ်။ နောက် ဆန်၊ဆီ၊ ဆား၊ ငရုပ်တွေ ယူသွားတယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

နေရပ်ပြန်ကြည့်သည့်အဆိုပါရွာသားပြောပြချက်အရ နေအိမ်ခြံဝင်း၊ရွာလမ်းမကြီးများ၊ လယ်ကွင်းများအတွင်း လက်နက်ကြီးများ ကျရောက်ကြောင်း၊ ရွာတွင်လူသူမရှိသဖြင့် ထိခိုက်ဒဏ်ရာရမှုတော့မရှိကြောင်း ၎င်းက ဆိုသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်သည် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်းရှိ လွိုင်တွမ်း တောင်ကြောဘက် တိုက်ပွဲများငြိမ်သွားပြီဖြစ်သော်လည်း လွိုင်တွမ်း တောင် အနောက်ဘက် ကုန်းညောင် ဖာဆား ကျေးရွာဘက် တွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ စိုင်းခမ်းစံ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ လွိုင်တွမ်း ဘက်ကတော့တိုက်ပွဲမဖြစ်တော့ဘူး။ ဒါပေမယ့် အဲ့ တောင် အနောက်ဘက် ကုန်းညောင်ဖာဆား ဘက်တော့ဖြစ်တယ်။ ထိတွေ့မှုတော့ရှိတယ်။ နောက် အစိုးရ တပ်က စစ်အင်အား အရမ်းဖြည့်လာတယ်” ဟု စိုင်းခမ်းစံ က ဆိုသည်။

မတ် ၃ ရက် ယနေ့အထိ အစိုးရ တပ်မတော် က လားရှိုးမှစစ်အင်အားများ မပြတ်တက်လာနေကြောင်းလည်း ဒေသတွင်းသတင်းများအရသိရသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်သည် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ စတင်ကာ ယနေ့ထိတိုင် တိုက်ပွဲများဖြစ်ပွားကာ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်း နှင့် ကျေးသီးမြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၅၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...