သီပေါ စော်ဘွား စဝ်ကြာဆိုင် “ ၅၈”နှစ်ကြာ အဖြေမရှိ ပျောက်ဆုံးနေ

၅၈ နှစ်ကြာ ပျောက်ဆုံးခဲ့သည် သီပေါ စော်ဘွားစဝ်ကြာဆိုင် အတွက် အမှန်တရား ကို ပြန်လည် ဖော်ထုတ်နိုင်ရန် သီပေါမြို့ သျှမ်းကျောင်းသားလူငယ်များ ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။

 


Photo by နန်းမွေနွံလျန်း၊ ၅၈နှစ်ကြာ သီပေါစော်ဘွား စဝ်ကြာဆိုင် အတွက် တရားမျှတမှု ရရှိရန် ဆုတောင်းပွဲပြုလုပ်

ယနေ့ မတ် ၂ရက်သည် စစ်အာဏာရှင် အာဏာသိမ်းခဲ့သည် မှာ နှစ်ပေါင်း ၅၈ နှစ် တိုင်ခဲ့ပြီဖြစ်ပြီး သီပေါ စော်ဘွား စဝ်ကြာဆိုင်လည်း ပျောက်ဆုံးခဲ့သည်မှာ ၅၈နှစ်ရှိခဲ့ပါပြီ။

စဝ်ကြာဆိုင် ပျောက်ဆုံးမှု သည် ယနေ့ထိတိုင် အဖြေမပေါ်ခဲ့ကြောင်း၊ စဝ်ကြာဆိုင် သေဆုံးခဲ့မှု၊ ပျောက်ဆုံးမှု ကို အမှန်တရား ပြန်လည် ဖော်ထုတ်ပေးရန် ရည်ရွယ်ပြီး သျှမ်း တက္ကသိုလ် ကျောင်းသား လူငယ်များ အဖွဲ့ က ယနေ့ သီပေါမြို့ လွယ်မုတ်တောင်ပေါ်ရှိ စော်ဘွားသင်္ချ ိုင်းတွင် ပြုလုပ်ခဲ့သည် ဟု နန်းမွေနွံလျန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။


Photo by နန်းမွေနွံလျန်း၊ ၅၈နှစ်ကြာ သီပေါစော်ဘွား စဝ်ကြာဆိုင် အတွက် တရားမျှတမှု ရရှိရန် ဆုတောင်းပွဲပြုလုပ်

“ အဓိက သျှမ်းလူငယ်တွေ ကို သျှမ်းပြည်ရဲ့ သမိုင်းအမှန်တွေကို သိဖို့ပါ။ သီပေါစော်ဘွား စဝ်ကြာဆိုင် အတွက် အမှန်တရား ပေါ်ပေါက်ရေး နဲ့ နှစ်ပေါင်းများစွာ အာဏာရှင် လက်အောက်မှာ အမှောင်ဖုံးခံရတဲ့ သျှမ်းပြည်အတွက် ဆုတောင်းပေးတာပါ” ဟု ယနေ့ ဆုတောင်းပွဲ ပြုလုပ်ရတဲ့ အကြောင်းရင်းကို နန်းမွေနွံလျန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပျောက်ဆုံးချိန်တွင် စဝ်ကြာဆိုင်သည် အသက် ၃၈ နှစ် အရွယ်သာရှိသေးပြီး၊ ထို ခေတ်ကာလတွင် သူသည် ဒေသ ခေါင်းဆောင် တဦးဖြစ်သကဲ့သို့ စော်ဘွား လည်း ဖြစ်သည်။


Photo by နန်းမွေနွံလျန်း၊ ၅၈နှစ်ကြာ သီပေါစော်ဘွား စဝ်ကြာဆိုင် အတွက် တရားမျှတမှု ရရှိရန် ဆုတောင်းပွဲပြုလုပ်

စော်ဘွား စဝ်ကြာဆိုင်၏ သတင်းကို ၅၈နှစ် ကြာအမှောင်ချ ခဲ့သည့် ကိစ္စ နှင့် ပတ်သက်ပြီး နန်းမွေနွံလျန်း က ” သူလိုလူတစ်ယောက်ကို ဗမာစစ်တပ် ဖမ်းဆီးပြီးလက်စဖျောက်ခဲ့တယ်။ စစ်အာဏာသိမ်းတဲ့နှစ်ပေါင်း ၅၈နှစ်အတွင်း ကျမတို့ သျှမ်းပြည်သူတွေ ဘယ်လောက်များ စစ်အာဏာရှင် စနစ်နဲ့ လူမျိုးကြီး ဝါဒရဲ့သားကောင်ဖြစ်ခဲ့ရပြီလဲ” ဆို တာ သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

စဝ်ကြာဆိုင် အတွက် အမှန်တရားနှင့် တရားမျှတ မှု ကို တောင်းဆိုရန် သျှမ်းလူထု အသိုင်းအဝိုင်းများ အားလုံးပူးပေါင်း ပါဝင်တောင်းဆိုသင့်သည် ဟု သျှမ်း တက္ကသိုလ် လူငယ်များက ပြောသည်။

စဝ်ကြာဆိုင်သည် သီပေါနယ် ကို အုပ်ချုပ်ခဲ့သည့် နောက်ဆုံးစော်ဘွားဖြစ်ပြီး အိမ်ရှေ့စံ ဘဝတွင် အမေရိကန် နိုင်ငံ ကော်လိုရာဒို သတ္တုတွင်း ပညာသင်ကျောင်း၌ သတ္တုတွင်းတူးဖော်ရေး အင်ဂျင်နီယာ ပညာကို သင်ကြားခဲ့သည်။

ထိုကျောင်းမှ ကျောင်းသူ တဦးဖြစ်သည့် သြစတြီးယား နိုင်ငံသူ Inge Sargent ( မဟာဒေဝီ စဝ်သုစန္ဒီ) နှင့် လက်ထပ်ခဲ့သည်။

ထို့ပြင် မဟာဒေဝီ စဝ်သုစန္ဒီ ကိုယ်တိုင်ရေးသားထားသည့် “ Twilight Over Burma: My life as a Shan Princess” စာအုပ်ကို အခြေခံထားသည့် ဇာတ်ကားကို ၂၀၁၆ ခုနစ် ဇွန် ၁၄ ရက် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် တပ်မတော် ၏ ပုံရိပ်ကို ဆိုးဝါးစေသည့် အကြောင်းပြချက် ဖြင့် ပြသခွင့်မရခဲ့ပေ။

၁၉ ၆၂ခုနစ် မတ် ၂ရက် မနက် ၈ နာရီ ၂၅မိနစ်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း က “ ပြည်ထောင်စု “ အထူး ယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်း စိမ့်သော ငှာ ဗမာတပ်မတော် မှ တာဝန်ယူ စောင့်ရှောက်လိုက်ပြီး ဖြစ်ကြောင်း ” မြန်မာ့အသံ မှ တဆင့် တိုင်းပြည်ကို ပြောကြားခဲ့သည်။

ထို့နေ့တွင် သီပေါမြို့ စော်ဘွား စဝ်ကြာဆိုင် နှင့် အတူ သျှမ်းစော်ဘွား အမြောက်အများ လည်းပျောက်ဆုံးသည့်နေ့ ဖြစ်သလို ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက် ၏ သားတော် စဝ်ဆေဟုန်လည်း စစ်တပ် လက်ချက်ဖြင့် အသက် သေဆုံးခဲ့သည်။

ထိုနေ့သည် ပြည်ထောင်စု မပြိုကွဲရန် စစ်တပ် က အာဏာသိမ်း ကယ်တင် ခဲ့သော်လည်း တိုင်းရင်းသားများအတွက် ပြည်ထောင်စု ပြိုကွဲခဲ့သည့် ရက်တရက်ဖြစ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အာဏာသိမ်းသမ္မတ တိုက်တွန်း၊ ရက် (၁၀၀) အတွင်း တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟုဆို

0
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်းနှင့် အစိုးရသစ်၏...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...