မိုင်းကိုင်မြို့နယ် RCSS နှင့် အစိုးရတပ် တိုက်ပွဲ ထပ်ဖြစ် နှစ်ခါပြန် စစ်ရှောင်

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် အစိုးရ တပ်မတော် တို့ ယနေ့ နေ့လည် တိုက်ပွဲပြန်လည်ဖြစ်ပွားကာ ဒေသခံများ ထပ်မံ ထွက်ပြေး နေရသည်ဟု သတင်းရရှိသည်။

 

Photo by ဒေသခံတဦး/ ယနေ့ တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် ပြည်သူများ

ဟမ်းငိုင်းကျေးရွာ အုပ်စု ကုန်းညောင် ဖာဆားကျေးရွာ အနီးတွင် ယနေ့ (မတ် ၂) ရက် နေ့လည် ၂နာရီခွဲတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး လက်နက်ကြီးများ ကျေးရွာ စာသင်ကျောင်းအနီးတွင် ကျကြောင်း၊ ကျေးရွာ ဒေသခံများ ရွာလုံးကျွတ် စစ်ဘေး ထပ်မံ ရှောင်နေရကြောင်း မိုင်းကိုင်မြို့နယ် ပြည်နယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းပန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ နေ့လည် ၂နာရီခွဲ သေနတ်သံတွေ လက်နက်ကြီးသံတွေကြားရတယ်။ ရွာထဲ ကို လက်နက်ကြီးတွေကျတယ်။ ဘယ်နလုံး ကျလဲဆိုတာ ကျနော်သေချာမသိသေးဘူး” ဟု စိုင်းပန် က ဆိုသည်။

Photo by ဒေသခံတဦး/ ယနေ့ တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် ပြည်သူများ

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကုန်းညောင် ဖာဆား ကျေးရွာ တရွာလုံး ထွက်ပြေးလာကြောင်း၊ အဆိုပါ ရွာသားများသည် ယမန်နေ့ (မတ် ၁) ရက်တွင် တိုက်ပွဲများပြန် ငြိမ်သွားသဖြင့် မိမိနေရပ်သို့ပြန်သွားသည့် သူများဖြစ်ကြောင်း လည်း စိုင်းပန် က ပြောပြသည်။

“ သူတို့တွေက ၂ခါပြန် စစ်ရှောင်တဲ့သဘောပါပဲ။ မနေ့က ၂ဖက်တပ်တွေ ဆုတ်သွားပြီ။ စစ်ပွဲတွေမရှိတော့ဘူးဆိုလို့ ပြန်ကြတာ။ ဒီမနက်ထိ အေးဆေးပဲ။ နေ့လည် ၂နာရီခွဲမှ ထပ်ဖြစ်တာ။ စစ်ရှောင်တွေ ဘယ်လောက်ရှိလဲဆိုတာ အတိအကျ မရသေးဘူး။ ကောက်နေတုန်း” ဟု စိုင်းပန် က ထပ်လောင်း ပြောသည်။

Photo by ဒေသခံတဦး/ ယနေ့ တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် ပြည်သူများ

လက်ရှိထွက်ပြေးလာသည့် ကုန်းညောင် ဖာဆားကျေးရွာ မှ ပြည်သူများသည် ဟမ်းငိုင်းကျေးရွာ အုပ်စု ရှိ လွယ်ဇောက်ကျေးရွာ ရှိ ဘုန်းကြီးကျောင်း နှင့် ကုန်းစုံ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြကြောင်း လည်း စိုင်းပန် က ပြောသည်။

ဆက်လက်ပြီး ကုန်းညောင် ဖာဆားကျေးရွာ မှ စစ်ရှောင်လာသည့် အသက် ၃၀ကျော် စိုင်းကျိန် က “ ဒီနေ့ နေ့လည် ၃နာရီ လောက်မှာ ရွာထဲ မှာ သေနတ်သံတွေကြားတယ်။ လက်နက်တွေလည်း ကျတော့ ပြန်ထွက်ပြေးလာတာပါ” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော် တို့ သည် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်း ရှိ လွိုင်တွမ်း တောင်ကြော တွင် ဖေဖော်ဝါရီ ၂၇ ရက် က တိုက်ပွဲစတင်ဖြစ်ပွားကာ ထို စစ်ဘေးရှောင်များ တကြိမ်ထွက်ပြေးခဲ့သည်။

မတ် ၁ရက် တွင် တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားသဖြင့် ကုန်းညောင် ဖာဆား ကျေးရွာ ဒေသခံ အမျိုးသားများ သည် မိမိနေရပ်ကို ပြန်ကာ အိမ်တွင် ကျန်ခဲ့သည့် ကြက်များ၊ နွားများကို ပြန်သွားကြည့်ကြကြောင်း၊ ယနေ့နေ့လည် တိုက်ပွဲ ပြန်ဖြစ်သဖြင့် ပြန်ကာ ထွက်ပြေးလာရကြောင်း စစ်ရှောင် အမျိုးသား စိုင်းကျိန် ကပြောသည်။

RCSS/SSA သည် လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် RCSS/SSA တပ်စခန်းဖြစ်သည့် လွိုင်တွမ်းတောင် စခန်းကို ရှောင်တိမ်းပေးရကြောင်း သိရသည်။

RCSS/SSA တပ်စခန်း ရှောင်ထွက်ခဲ့သော်လည်း လက်ရှိ မှာ တိုက်ပွဲများ ပြန်ဖြစ်သည့် အပေါ် ဒေသခံများ က စိုးရိမ်နေကြသည်။

“ သတင်းတွေမှာ RCSS က တပ်ဆုတ်လိုက်ပြီ၊ တပ်၂ဖက် ညှိလို့ရပြီ၊ တိုက်ပွဲမဖြစ်တော့ဘူးဆိုပြီးတွေ့တော့ ကျနော်တို့ ပြန်တယ်။ ဒါပေမယ့် တိုက်ပွဲက ပြန်ဖြစ်တော့ ကျနော်တို့ဘာကို ယုံရမှာလဲ” ဟု ကုန်းစုံ ကျေးရွာ ဘုန်းကြီးကျောင်းသို့ရောက်နေသည့် စစ်ရှောင် အမျိုးသား တဦး က ပြောသည်။

လက်ရှိမှာ သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင် မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု လွိုင်တွမ်းတောင်ကြော အရှေ့ဘက်တွင် ကျေးသီးမြို့နယ်၊ အနောက်ဘက်တွင် မိုင်းကိုင်မြို့နယ်တို့ ရှိသည်။

ထို့ကြောင့် စစ်ရှောင်များသည် မိုင်းကိုင်မြို့နယ် နှင့် ကျေးသီးမြို့နယ် အတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...