Tuesday, January 27, 2026

ဝမ်ပန်ပြည်သူ့စစ် လဲချားမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန် ကြိုးစားနေ

သျှမ်းပြည် တောင်ပိုင်း လဲချားမြို့နယ် အတွင်း ဝမ်ပန်ပြည်သူ့စစ် ကျောက်မီးသွေး တူးဖော်ရန် ကြိုးစားနေသည် ဟု ဒေသခံများ ပြောပြချက် အရသိရသည်။

 

Photo by ဒေသခံ တဦး/ ဝမ်ပန် ပြည်သူ့စစ် ဆိုင်းဘုတ်

ဝမ်ပန်ပြည်သူ့စစ် ခေါင်းဆောင် ခူးဒေါန သည် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ကျောက်မီးသွေးတူးဖော်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံလူထုကို ခေါ်ယူတွေ့ဆုံ ကာ ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် လဲချားမြို့နယ် နောင်ယာဆိုင်းကျေးရွာအတွင်းရှိ နောင်ယာဆိုင်း ဘုန်းကြီးကျောင်း တွင် ပြုလုပ်ခဲ့သည်။

လက်ရှိ ဝမ်ပန်ပြည်သူ့စစ် အဖွဲ့ ကျောက်မီးသွေး တူးဖော်မည့် နေရာသည် ဝမ်ပန် ကျေးရွာ နှင့် နောင်ယာဆိုင်း ကျေးရွာ ကြားတွင် တည်ရှိသည်။ဝမ်ပန်ကျေးရွာ နှင့် တမိုင်ခန့်သာ ဝေးကွာပြီး၊ နောင်ယာဆိုင်းကျေးရွာ နှင့် ၂မိုင်ခန့်ဝေးကွာ ကာ လဲချားမြို့ နှင့် ၈မိုင်ဝေးကွာသည်။

“ ခူးဒေါန (ဝမ်ပန်ပြည်သူ့စစ် ခေါင်းဆောင်) က ကျနော်တို့ ကို ခေါ်ပြောတာက ကျောက်မီးသွေး တူးမယ်။ တဖက်ရွာကလူတွေကတော့ သဘောတူပြီ။ ကျနော်တို့ ဆီက သဘောထားကိုလာတောင်းတယ် လို့ပြောတယ် ” ဟု နောင်ယာဆိုင်း ကျေးရွာမှ အသက် ၅၀ကျော် အမျိုးသား တဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ထို့ပြင် ဝမ်ပန်ပြည်သူ့စစ် အဖွဲ့ သည် ဒေသတွင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ပြုပြင်ပေးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ၎င်း အမျိုးသားက ပြောသည်။

“ ကျနော်တို့ သူတို့ ကျောက်မီးသွေး တူးဖို့၊ မတူးဖို့ ၃ရက် စဉ်းစားခိုင်းထားတယ်။ ကျနော်တို့က တော့ တူးဖို့ လက်မခံဘူး” ဟု နောင်ယာဆိုင်းကျေးရွာမှ အစည်းအဝေး တက်ခဲ့သည့် သူ တဦး က ပြောသည်။

ဆက်လက်ပြီး ကျောက်မီးသွေး တူးဖော်ရန် အစည်းအဝေးတက်ခဲ့သည့် အိုက်စိုင်း က “ သူက ဒီရွာရောက်ရင် ဟိုရွာက သဘောတူပြီတဲ့၊ ဟိုရွာရောက်တော့ ဒီရွာက သဘောတူပြီလို့ သွားပြောတယ်။ နောက် ဘုန်းကြီး တွေလည်း ကျောက်မီးသွေး တူးဖော် ခွင့်ပေးပြီလို့လည်းပြောတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောပြသည်။

လဲချားမြို့နယ် ဝမ်ပန်ကျေးရွာ နှင့် နောင်ယာဆိုင်း ကျေးရွာအတွင်း မန်ပန်ပြည်သူ့စစ်များ ကျောက်မီးသွေး တူးဖော်မည့်ကိစ္စကို မည်သည့် ဒေသခံမှ သဘောမတူကြောင်း၊ ထို့ပြင် ဘုန်းကြီးများလည်း သဘောမတူကြောင်း သျှမ်းသံတော်ဆင့် စုံစမ်းမေးမြန်းရာတွင် ဒေသခံများနှင့်ဘုန်းတော်ကြီးများကပါ တညီတညွတ် တည်းပြောဆိုသည်။

 

Photo by ဒေသခံ တဦး

“ ကျောက်မီးသွေး တူးဖို့ ကျနော်တို့ တယောက်မှ သဘောမတူထားဘူး။ ကျောက်မီးသွေးတူးရင် လယ်ယာကိစ္စတွေ ရေကိစ္စတွေ ခက်ခဲလာမယ်” ဟု အိုက်စိုင်း က ဆိုသည်။

ထို့ပြင် ဝမ်ပန်ပြည်သူ့စစ် ခေါင်းဆောင် ခူးဒေါန က “ ဒေသခံတွေ သဘောမတူရင်လည်း ဘာမှမဖြစ်ဘူး။ သက်ဆိုင်ရာဆီ တင်ပြီး လုပ်လို့ရတယ်။ကျနော်တို့ ဒီမှာတပ်စခန်းလာချမယ်။ ” ဟု အစည်းအဝေးတက်လာသည့် ဒေသခံများကို ပြောဆိုခဲ့ကြောင်းရွာသားများပြောပြချက်အရသိရသည်။

အဆိုပါ ကျောက်မီးသွေး တူးဖော်မည့် ကိစ္စနှင့် ပတ်သက်ပြီး လဲချားမြို့ ပြည်နယ်လွှတ်တော်အမတ် (၁) စိုင်းကျော်ဇေယျ က “ ကျနော် မကြားရသေးဘူး။ ဒေသခံတွေ က ကျနော့်ကို ဘာမှ မပြောလာသေးဘူး။ လာပြောတာလည်း မရှိဘူး။ ဒေသခံတွေ မလိုလားရင်တော့ ကျောက်မီးသွေး တူးလို့မရဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

လဲချားမြို့နယ် အတွင်း ကျောက်မီးသွေး တူးဖော်မည့် ကိစ္စတွင် မြေစာရင်း၊ ဒေသခံ သဘောတူညီမှု မရပါက တူးဖော် မရကြောင်း လည်း စိုင်းကျော်ဇေယျ က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ ခူးဒေါန ဦးဆောင်သည့် ဝမ်ပန်ပြည်သူ့စစ်ကို ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်လို့ မရရှိခဲ့ပေ။

လဲချားမြို့နယ် အတွင်း ပြည်သူ့စစ်များစွာ လှုပ်ရှားသည့်နေရာဖြစ်ပြီး ဝမ်ပန်ပြည်သူ့စစ်သည် ၂၀၀၆ ခုနှစ်က လွိုင်တိုင်းလျန်းမှ ခွဲထွက်ကာ အစိုးရထံ လက်နက်ချထားသည့် တပ်မဟာ ၇၅၈ ၏ လက်အောက်ခံ တပ်ခွဲ တခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ကျေးသီးဘက်မှာက...

လဲချားမြို့နယ် စစ်ကောင်စီ ညမထွက်ရအမိန့်ထုတ်၊ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်

0
သျှမ်းပြည် လဲချားမြို့နယ် စစ်ကောင်စီမှ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး စစ်ဆေးရေးဂိတ်များတွင် ည (၆) နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ညနေပိုင်းတွင် လဲချားမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ် ရပ်ကွက်များတွင် ည (၆) နာရီမှ...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...

တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။ ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက...