လဲချားမြို့နယ် စစ်ကောင်စီ ညမထွက်ရအမိန့်ထုတ်၊ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်

သျှမ်းပြည် လဲချားမြို့နယ် စစ်ကောင်စီမှ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး စစ်ဆေးရေးဂိတ်များတွင် ည (၆) နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ညနေပိုင်းတွင် လဲချားမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ် ရပ်ကွက်များတွင် ည (၆) နာရီမှ နံနက် (၆) နာရီအတွင်း ညမထွက်ရအမိန့်ကို လော်စပီကာများဖြင့် လိုက်လံဆော်ဩခဲ့ပြီး စစ်ဆေးရေးဂိတ်များတွင် ယင်းအချိန် ဖြတ်သန်းသွားလာသူများ ဖမ်းဆီးခံထားရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ရပ်ကွက်လူကြီးတွေဆီ စာရောက်ပြီးမှ လိုက်အော်တာမျိုး ဖြစ်မှာ။ တောင်ယာသွားတဲ့လူတွေ ည ၆ နာရီ မကျော်ခင် ပြန်လာကြဖို့ ဆော်ဩတာ။ တချို့ရပ်ကွက်လည်း မနေ့ညနေက ပြောတယ်၊ တချို့ဘက်လည်း ဒီမနက်မှ ကြားတယ်။ စစ်ဆေးရေးဂိတ်တွေမှာ ည ၆ နာရီကျော်ရင် ပေးမဖြတ်ဘူး၊ လူကို ဖမ်းမယ် ဘယ်သူမှ ထောက်ခံပေးလို့ မရဘူးလို့ ပြောတာ”ဟု လဲချားဒေသခံ အသက်(၅၀) ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ်များအတွင်း လဲချားမြို့တွင် မာရှယ်လောကဲ့သို့ ညမထွက်ရအမိန့် ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ယခုလို ရပ်ကွက်အတွင်း လှည့်လည်ဆော်ဩကြသည်အထိ မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လဲချားမြို့ စစ်ကောင်စီဂိတ်

လဲချားမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၆၄)နှင့် ခြေမြန်တပ်ရင်း ခမရ-(၅၁၅) တို့ အခြေစိုက်ထားပြီး မြို့အဝင်အထွက် (၃) နေရာတွင် စစ်ဆေးရေးဂိတ် ချထားကာ အသွားအလာ တင်းကြပ်စစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ပင်လုံဘက်က လာရင် မြို့အဝင်နားမှာ ရပ်ကွက်(၄) နဲ့ ဟိုနောင်လုံနား ဂိတ်တစ်ခု ရှိတယ်။ မိုင်းကိုင်ဘက်က လာရင်တော့ တပ် (၆၄) ရှေ့မှာ ဂိတ်ရှိတယ်။ စကစဂိတ် ၃ ဂိတ်လောက် ရှိတယ်။ တောင်ယာဝေးတဲ့လူဆို ဒုက္ခရောက်မှာ၊ ဘာဖြစ်မှာလဲဆိုပြီးတော့ စိတ်မလုံခြုံဘူးပေါ့။ မြို့အဝင်အထွက်ကတော့ ပိုခက်မယ်”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် ညမထွက်ရအမိန့်ကြောင့် လဲချားမြို့အနီးတဝိုက် ဝမ်မိုင်ကဲ့သို့ ကျေးရွာများမှ နံနက်စောစော တပိုင်တနိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူများ၊ နေ့ခင်းအချိန် တောင်ယာသွားရောက်လုပ်ကိုင်သူများ အခက်အခဲ ဖြစ်စေကြောင်း ဈေးသည်များထံမှ သိရသည်။

လဲချားမြို့ အဝင်လမ်း

အလားတူ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီတပ်နှင့် သျှမ်းတပ် SSPP/SSA တို့ လဲချားမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့စဉ်ကလည်း စစ်ကောင်စီမှ ပြည်သူများ ည ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်ထွက်သွားလာခြင်း မပြုရန် ထုတ်ပြန်ခဲ့ဖူးသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၅) ရက်မှ စတင်ပြီး လဲချားနှင့် မိုင်းကိုင်မြို့အကြား တည်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်၊ မိုင်းရယ်ဘက်သို့ ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာ သယ်ယူမည့် ကုန်တင်ကားများကို ဖြတ်သန်းခွင့် မပေးဘဲ တားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...