Thursday, January 29, 2026

CATEGORY

လူ့အခွင့်အရေး

နှစ် ၇၀ အတွင်း ကျိုင်းတုံဟော်နန်းနေရာ ပြန်မပေးနိုင်သေးဟု နေပြည်တော် ပြော

စစ်အစိုးရမှ ပြည်သူပိုင်အဖြစ် သိမ်းထားသည့် ကျိုင်းတုံဟော်နန်းနှင့်မြေနေရာအား “ကျိုင်းတုံ ဟော်တယ်အဖြစ် တည်ဆောက်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်အား နှစ် ၇၀  ငှားရမ်းထားသောကြောင့်” လက်ရှိအနေအထားအရ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် မဖြစ်နိုင်သေးကြောင်း နေပြည်တော် လွှတ်တော် အစည်းအဝေးတွင်  ပြောဆိုကြသည်။ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်နယ်အရှေ့ပိုင်း...

မန်ပန် ပြည်သူ့စစ် လားရှိုးမြို့နယ် အတွင်း လယ်ယာမြေ သိမ်းဆည်း

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း မန်ပန်ဌာနေ ပြည်သူ့စစ်သည် ပြည်သူပိုင်လယ်ယာမြေ များထပ်မံ သိမ်းဆည်းမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။   လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ကုန်းပေါင်းကျေးရွာရှိလူထု၏ လယ်ယာမြေ ၃၇၀ ဧက ကို ဒီဇင်ဘာ လကုန်တွင်သိမ်းဆည်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကုန်ပေါင်းကျေးရွာ ပြည်သူများ က ပြောသည်။ မန်ပန်ဌာနေပြည်သူ့စစ်သည်...

မြေမြုပ်မိုင်းနင်းမိ ရွာသားတဦးထပ်သေ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ တွင် မြေမြုပ်မိုင်း နင်းမိကာ အမျိုးသား ၁ ဦး သေဆုံး၊ တဦး ဒဏ်ရာ ပြင်းထန်ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ မိုင်းငေါ့မြို့နယ် မန်ကန်ကျေးရွာ အနီး တွင် ညနေ ၅နာရီ က ထင်းဖြူ သွားခုတ်သည့် အမျိုးသား...

သီပေါမြို့နယ် လူငယ်တဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ကျေးရွာ တွင် အသက် ၁၈နှစ် အရွယ် လူငယ် သေနတ်ပစ်ခံရသည့် အလောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ရက်နေ့မှ စတင်ပြီး ပျောက်ဆုံးနေသည့် စိုင်းအောင်လူ ကို ကျည်ဆံဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ကို...

ဒီမိုကရေစီခေတ်တွင် အဓမ္မလုပ်အားပေးခိုင်းစေမှုများမှ အမြန်ဆုံးလွှတ်မြောက်လို

သို့- နိုင်ငံတော်အစိုးရ သမ္မတ မင်း နှင့်စစ်ဉီးစီးချုပ်ကြီး အပါအ၀င် လွှတ်တော်အမတ်များ နှင့် သက်ဆိုင်ရာအာဏာပိုင်များသိစေရန်အတွက် သျှမ်းသံတော်ဆင့်မှ တဆင့်တင်ပြပေးရန်   ကျနော်သည် လားရှိးမြို့နယ်အရှေ့ဘက်မိုင် ၆၀ အကွာ မိုင်းကျက်အုပ်စုမှာနေထိုင်တဲ့ တောသူတောင်သားလယ်ယာ သမားတဦးသာဖြစ်ပါသည်။ ကျနော်တို့ရွာသည်မြို့နှင့်ဝေးပြီးသွားလာဆက်သွယ်မှုအတော်အတန်ခက်ခဲ ပါသည်။ ထိုသို့ခက်ခဲသောနေရာတွင်နေသူများအဖို့ စီးပွါးရေးကောင်းဖို့ မပြောနှင့် အလွယ်ဆုံး တယ်လီဖုန်း ဆက်သွယ်ရေးပင် လိုင်းမိတချက် မမိတချက်ပါ။ အင်တာနက်ဆိုတာတော့ ဝေးဝေးထား...

နမ့်စန်မြို့လယ်ခေါင် အမျိုးသားတဦး သေနတ်ပစ်ခံရ

သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့ လယ်ခေါင်တွင် အမျိုးသား တဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၃၀) ညနေ ၄နာရီ ကျော် တွင် အမည်မသိ လက်နက်ကိုင် ၂ဦးက ဆိုင်ကယ်ဖြင့် မောင်းလာကာ ထူးဆန်း ယာဉ်ငယ်လိုင်း ဂိတ်မှူးကို သေနတ်ဖြင့်...

ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ် သားအမိ ၂ဦး ကျည်ထိသေ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယမန်နေ့ မွန်းလွှဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီး ၂ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၈) တွင် မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA)တို့ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားကာ...

ကွတ်ခိုင်မြို့နယ် ကျောင်းဆရာမ တဦးကို TNLA တပ်သား ပစ်သတ်ကြောင်း ဝန်းခံ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟွေခုတ်ရွာ မူလတန်းပြ ကျောင်းဆရာမ ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သား သေနတ်ဖြင့် ပစ်သတ်ခံကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ဇန်နဝါရီ ၂၄ရက် ည ၇နာရီ ဝန်းကျင်တွင် TNLA တပ်သား မိုင်းဖိုးစိန်သည် ဟွေခုတ်ကျေးရွာ...

ရက်ဆက် မိုင်းနင်းမိသူများလာ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အရပ်သားများ ရက်ဆက်တိုက် မိုင်းနင်းမိနေကြောင်း သတင်းရရှိသည်။   ယမန်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာ ဒေသခံ အမျိုးသား ၃ဦးသည် ထင်ခုတ်ပြီး နေအိမ်ကို ဆိုင်ကယ်ဖြင့် အပြန် မိုင်းနင်းမိကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း...

ကျောက်မဲမြို့ နယ်တွင် အမျိုးသမီး တဦး မိုင်းနင်းမိ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ နယ် တွင် ယမန်နေ့ (ဇန်နဝါရီ ၂၁) တွင် မိုင်းနင်းမိကာ အမျိုးသမီး တဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။   ယမန်နေ့ မနက်ပိုင်း ၉ နာရီ ခွဲတွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ အုပ်စု တောင်ပို့လို ကျေးရွာ တွင်နေထိုင်သည့်...

Latest news