Tuesday, January 27, 2026

မဲရလဒ် တရားမျှတမှု မရှိတဲ့အတွက် ပုံစံ(၁၉ ) လက်မှတ်မထိုးခဲ့တဲ့ မော်ထွန်းအောင်

လူသိများပြီး လူကြိုက်များတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD) က သျှမ်းပြည် အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မော်ထွန်းအောင် ရဲ့ ကွတ်ခိုင်မြို့နယ် မဲရလဒ် ဟာ Fair and Free မရှိတဲ့အတွက် တရားမျှတမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Maw Htun Aung / facebook

ကိုမော်ထွန်းအောင် အနေနဲ့ မဲရလဒ် တရားမျှတမှုမရှိတဲ့အတွက် ပုံစံ(၁၉ ) လက်မှတ်မထိုးရဘူးလို့သိရပါတယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကွတ်ခိုင်မြို့နယ် မှာ မဲရလဒ်တွေ ထွက်လာပြီလို့ကြားရပါတယ်။ ဒါပေမယ့် ကိုမော်ထွန်းအောင် အနေနဲ့ မဲရလဒ် အတွက် ပုံစံ (၁၉ ) လက်မှတ် မထိုးရသေးဘူး လို့ပြောပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဘာကြောင့် ပုံစံ (၁၉ ) မထိုးလည်းဆိုတော့ နံပတ် (၁) က ကျနော်ကိုယ်တိုင် မဲရုံတွေ လှည့်တဲ့ချိန်မှာ ရွေးကောက်ပွဲ တရားမဲ့ကျင့်မှုကို ကျနော်တို့တွေ့တယ်။ မျက်စိရှေ့မှာဖြစ်တာပါ။

အဲ့လိုမျိုး မဲ ကိုယ်စားလာပေးဖို့ ကြံစည်တဲ့ဟာတွေ လူအုပ်လိုက် အုပ်လိုက် လာတဲ့ဟာတွေ အဲ့လိုမျိုးဟာတွေ ကျနော်တို့ တွေ့ရတယ်။ တွေးပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း အကြောင်းကြားတယ်။ ကော်မရှင်ကလည်း မဲရုံမှူး တွေကို ဥပဒေ အတိုင်းလုပ်လိုက်ပါလို့ ပြောတယ်။

ကျနော်တို့ ပြန်ကြားတော့ အဲ့နေ့မှာ ဖြစ်ခဲ့တာတွေကို ရွေးကောက်ပွဲ ကော်မရှင်ကို ထူးခြားဖြစ်စဉ်အနေနဲ့တောင်မှ အစီရင်ခံစာ အနေနဲ့ မတက်လာဘူး။ မတက်လာဘူးဆိုတော့ အဲ့ဟာကို အရေးမယူဘဲနဲ့ ချောင်ထိုးထားသလိုဖြစ်နေတယ်။

နောက်တစ်ခု ကျနော်တို့ အဲနေ့ ( ရွေးကောက်ပွဲနေ့ ) မနက်မှာပဲ အသက်မပြည့်သေးတဲ့ ကလေး လူစားထိုးပြီးတော့ မဲလာပေးဖို့ ဖြစ်တဲ့ဟာ အဲ့ဒါကိုလည်း ကော်မရှင်ရုံးမှာ သူတို့ ဖြေရှင်းတယ်။ နည်းလမ်းရေး ပုံစံ နဲ့ ဖြေရှင်းဖို့လုပ်တယ်။ ဒါပေမယ့် ကျနော်ကတော့ ဥပဒေအတိုင်းပဲ သွားဖို့ ပြောတယ်။

အဲ့ case ( ပြဿနာ) တွေကလည်း မဖြေရှင်းရသေးဘူးပေါ့နော်။ အဲ့လိုမျိုးဟာတွေကို ကြည့်ခြင်းအားဖြင့် ကျနော်သွားခဲ့တဲ့ မဲရုံတွေ နောက်ပြီးတော့ တချို့ လာပြောတဲ့သူတွေလည်းရှိတယ်။ ရွာတွေဘက်မှာ လူစားထိုးပြီး မဲလာထည့်တာတွေ ကလေးတွေ လာထည့်တာတွေ အများကြီးဖြစ်နေတယ်ဆိုပြီးတော့ အဲ့လိုမျိုးပြောကြတယ်။ အဲ့လိုမျိုးပြောကြတဲ့ဟာတွေကို ကျနော်တို့ စုံစမ်းရမှာတွေရှိတယ်။ ဒီအကြောင်းကြောင်းတွေကို ပြန်ကြည့်လိုက်တဲ့ခါကျတော့ ကျနော့်အနေနဲ့က ခုနပြောတဲ့ ဒီရလဒ်တွေက free and fair ပေါ့နော်။

UEC ရဲ့ Mandate ( လုပ်ပိုင်ခွင့်) Free and fair ကို ဒီရလဒ်တွေက ထောက်ခံနေတယ်လို့ ကျနော့်အနေနဲ့ မယူဆဘူးပေါ့။ ကျနော်ကိုယ်တိုင် ကလည်း ဒီတိုင်ကြားချက်တွေ ရွေးကောက်ပွဲ တရားမဲ့ ကျင့်မှုတွေကို ကျနော်ကိုယ်တိုင်က တရားဥပဒေအတိုင်း သွားချင်နေသေးတယ်။ အဲ့ဒါကြောင့်မလို့ ဒီပုံစံ ၁၉ ကို ကျနော် လက်မှတ်မထိုးဘူး။

မေး။ ။ ရှေ့ဆက်ပြီးတော့ ကိုမော်ထွန်းအောင် အနေနဲ့ ဘယ်လို လုပ်ဆောင်သွားဖို့ ရှိပါသလဲရှင့်။

ဖြေ။ ။ ရှေ့ဆက်ကတော့ ကျနော်တို့ရွေးကောက်ပွဲဟာ ဥပဒေရှိတယ်လေနော်။ ကန့်ကွက်ရမယ့်အပိုင်းရှိသလို နောက် UEC ကနေ သူတို့ ဒီလုပ်ဆောင်ရမယ့် အပိုင်းတွေလည်း ရှိမှာပေါ့။ အဲ့ဒါတွေ ပြန်လည်ပြီး ဖြစ်လာဖို့ အဲ့ဒါတွေကိုတော့ ကျနော် လုပ်ဆောင်သွားမှာပါ။

မေး။ ။ လက်ရှိ ကွက်ခိုင်မြို့နယ်မှာဆိုရင် ဘယ်ပါတီက အနိုင်ရထားပါသလဲရှင့်။

ဖြေ။ ။ ကွတ်ခိုင်မှာက USDP က နိုင်ထားပါတယ်။ အားလုံးနီးပါး နိုင်တယ်လို့ ပြောလို့ရတယ်။ အမျိုးသားမှာလည်း နိုင်တယ်။ ပြည်သူ့မှာလည်း နိုင်တယ်။ ပြည်နယ်မှာလည်း တစ်နေရာတော့ ရတယ်ထင်တယ်။ နောက်တစ်နေရာတော့ မပြောတတ်ဘူး။

မေး – ကွတ်ခိုင်မှာဆိုရင် ရွေးကောက်ပွဲ မတရားမှုတွေ ရှိတယ်လို့ ပြောလို့ရပါသလားရှင့်။

ဖြေ – ကျနော်ကတော့ တွေ့ရှိထားတယ်ဗျ။ ကျနော် သွားတဲ့နေရာမှာ မျက်စိရှေ့မှာဖြစ်လို့ ကျနော်ကတော့ တပ်အပ်ကိုပြောရဲတယ်။ ကျနော် သွားတဲ့ မဲရုံတွေမှာတော့ မဲရုံထဲမှာတော့ ကျနော် တွေ့ခဲ့ဟာတွေရှိတယ်။ အဲ့ဒါတွေကို ကျနော် ဖြေရှင်းဖို့ တောင်းဆိုပေမယ့်လည်း ကော်မရှင်ကနေပြီးတော့ သူတို့ဆီ Report မတက်လာဘူး ဆိုပြီးတော့ ကျနော်တို့ကို စာပြန်တင်ခိုင်း နေတာလေးတွေရှိတယ်။ အဲ့လိုမျိုးပေါေ့နာ်။ ကျနော် ကိုယ်တွေ့ဆိုတော့ မတရားမှုတွေကတော့ ဖြစ်ခဲ့တာတော့ ရှိတယ်။

မေး။ ။ ကိုမော်ထွန်းအောင် နောက်ဆုံး အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ။ ။ အဓိက ကျနော် ဘာလို့ လက်မှတ်မထိုးလဲ ဆိုတာက ကျနော်တို့ ရွေးကောက်ပွဲ တစ်ခုဆိုတာက အားလုံးက ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်း လိုက်နာပြီးတော့ ပြည်သူရဲ့ စစ်မှန်တဲ့ ဆန္ဒမဲကို ကျနော်တို့က ယူရတာပေါ့နော်။ အဲ့မျိုးကို ဖြစ်စေချင်တယ်။

ကျနော်ရှေ့မှာ ဖြစ်တဲ့ ရွေးကောက်ပွဲ တရားမဲ့ကျင့်မှု တွေကို မှန်ကန်အောင် ကျနော့်အနေနဲ့ လုပ်ချင်တယ်။ ပါဝင်ပတ်သက်နေတဲ့ တာဝန်အရှိဆုံး ဖြစ်တဲ့ UEC တွေကလည်း အဲ့ Mandate တွေကို လိုက်လုပ်တာမျိုးကို ကျနော် ဖြစ်စေချင်တယ်။ ဒါမယ့် အခုကတော့ အဲ့ဒါမျိုးကို တက်တက်ကြွကြွလုပ်တာမျိုး မတွေ့ရပဲဘူးပေါ့နော်။ ကျနော့်အနေနဲ့ကတော့ အခု ဆက်လက်လုပ်ဆောင်နေတယ် ဆိုတာလည်း နိုင်ခြင်း ရှုံးခြင်းပေါ်မှာ မူတည်ပြီး လုပ်နေတာ မဟုတ်ပါဘူး။

ဒီ ရွေးကောက်ပွဲ free and fair ဖြစ်တဲ့ အနှစ်သာရ တကယ်ရဖို့ပေါ့ ကျနော့်အနေနဲ့ ဥပဒေ လမ်းကြောင်းက ပေးထားတဲ့ဟာတွေနဲ့ လုပ်ဆောင်နေတာပါ။ အဲ့ဒါမျိုးကိုတော့ မဲဆန္ဒရှင် ပြည်သူတွေကော နောက် မီဒီယာကနေ တစ်ဆင့် ပြည်သူတွေ အားလုံးကို သိစေချင်ပါတယ်။ ကျနော့်ကို အားပေးကြတဲ့ မဲဆန္ဒရှင် ပြည်သူများ အားလုံးကို ကျေးဇူး အထူးတင်ကြောင်း ပြောလိုပါတယ်။

ခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါရှင့်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...