Tuesday, January 27, 2026

မိုင်းရှူးမြို့နယ်အတွင်း ရွေးကောက်ပွဲ မဲရုံအချို့ အမှန်ခြစ် UEC အမှတ်တံဆိပ်တုံးများတွင် ရာဘာပြားမပါ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်း  မဲရုံအချို့၌ ရွေးကောက်ပွဲ ကော်မရှင် အသိ အမှတ်ပြု တံဆိပ်တုံးတွင် UEC နှင့် အမှန်ခြစ် အမှတ်အသား ရာဘာတုံး မပါရှိကြောင်း ကြားသိရသည်။

နို၀င်ဘာ ၈ ရက် ယနေ့ ကျင်းပသော ရွေးကောက်ပွဲတွင် မိုင်းရှူးမြို့ မိုင်းအောတ်ကျေးရွာအုပ်စုအတွင်းရှိမဲရုံ၌  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင်အချို့ မဲသွားထည့်ရာတွင် မဲပြားပေါ်ထုသည့်  တံဆိပ်တုံး၌ ရွေးကောက် ပွဲ ကော်မရှင်အသိအမှတ်ပြုထားသည့် UEC နှင့် အမှန်ခြစ် အမှတ်အသား ရာဘာပြား မပါရှိကြောင်း လက်ရှိ သျှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ယခုရွေးကောက်ပွဲတွင် မိုင်းရှူး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင်ဝင်ရောက်ယှဉ်ပြိုင်သည့် ကျားခေါင်းကိုယ်စားလှယ်လောင်းလည်းဖြစ်သည့် နန်းကောင်ခမ်းကပြောသည်။

“ကျမတို့နယ်မြေကတော့ တုံကင်ပြား မရလို့ မဲလာမထည့်တာတွေ၊ ထိုင်းဘက် အလုပ်သွားလုပ်လို့ မဲမထည့် နိုင်တာတွေကြောင့် ပျက်ကွက်တဲ့ မဲဆန္ဒရှင် တအားများတယ်။ မိုင်းစံမြို့နယ်ခွဲဘက်မှာပေါ့။ ထူးခြားချက် နောက်တခုက မိုင်းအောတ်ကျေးရွာအုပ်စုဘက်မှာ ထုတဲ့ တံဆိပ်တုံးက UEC အမှန်ခြစ် ရာဘာပြားမပါဘူး၊ စာမတတ်တော့ ဒီတိုင်းထုလာကြတယ်တဲ့။ ပယ်မဲတွေ၊ ပျက်မဲတွေဖြစ်ကုန်တာပေါ့။  သိတဲ့သူတွေတွေ့မှ UEC တံဆိပ်တုံးအသစ် ပြန်တောင်းရတယ်” – ဟု ပြောသည်။

Photo by Mork Noom Hom – မိုင်းအောတ်အုပ်စု

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုင်းအောတ်ကျေးရွာအုပ်စုအတွင်း မဲရုံတခုတွင် ထုသည့်တံဆိပ်တုံး ရာဘာပြား ပြုတ်ထွက်သွားပြီး ပြောင်းပြန် ပြန်တပ်ထားကြောင်း၊  အခြားတံဆိပ်တုံး တခုမှာမူ ရွေးကောက်ပွဲ ကော်မရှင် အသိအမှတ်ပြု တံဆိပ်တုံးတွင် UEC နှင့် အမှန်ခြစ် အမှတ်အသား လုံးဝမပါရှိကြောင်း၊ အသစ်အစား ပြန်ထိုး ပေးလိုက်ကြောင်း မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဉက္ကဌ ဉီးသိန်းဝင်းက ပြောသည်။

“ကျနော်ကိုယ်တိုင်မဲရုံလိုက်စစ်ကြည့်ပါတယ်။ တခုကွာတဲ့ တံဆိပ်တုံးကို ပြောင်းပြန်ပြန်တပ်ထားတို့၊ အမှန်ခြစ် ရာဘာပြားကို ခွါယူသွားတာတို့ပေါ့နော်။ နောက်တခုက  ရိုးရိုးပြုတ်ထွက်သွားတာပါ။ ချက်ခြင်း အစားထိုး ပေးလိုက်ပါတယ်။ ၄၀ ရာခိုင်နှုန်းလောက်တော့ မဲထည့်သွားပြီးပြီအဲဒီ့အချိန်။ ကျနော့အမြင် တော့ကြီးကြီး မားမားပြသနာမဟုတ်ဘူး သဘောရိုးနဲ့မှားယွင်းတာလို့ ကျနော့အနေနဲ့မှတ်ချက်ပြုပါတယ်” – ဟု မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဉက္ကဌ ဉီးသိန်းဝင်းက သျှမ်းသံတော်ဆင့်အားပြောသည်။

မိုင်းရှူးမြို့နယ်သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အင်အားကောင်း သည့်မြို့  ဖြစ်ပြီး လွန်ခဲ့သည့်ရွေးကောက်ပွဲကလည်း SNLD ပါတီမှလွှတ်တော်နေရာ ၄ နေရာစလုံး အနိုင်ရရှိထားသည်။ လက်ရှိရွေးကောက်ပွဲတွင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ USDP ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP စသည့်ပါတီကြီးများက ဝင်ရောက်ယှဉ်ပြိုင်နေကြကြောင်း ကြားသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။ လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု...
Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

0
သျှမ်းပြည် မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်ကို အမည်မသိ လက်နက်ကိုင်ဆောင်သူ အမျိုးသားနှစ်ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၁၀၀ ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ဝန်းကျင်တွင် မိုင်းရှူးမြို့ ရပ်ကွက် (၃) မြို့မဈေးအရှေ့ဘက်ရှိ ရွှေဆိုင်တစ်ဆိုင်ကို အမည်မသိ လက်နက်ကိုင်ဆောင်သူ...

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ ရွှေ ၆၀ကျပ်သားနှင့် ကျပ်သိန်း ၂၀၀ ပါသွား

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်သည် ယနေ့ (သြဂုတ် ၁၂)ရက် ညနေ ၄နာရီခွဲဝန်းကျင်၌ ဓားပြတိုက်ခံရပြီး ရွှေ ၆၀ ကျပ်သား နှင့် မြန်မာကျပ်သိန်း (၂၀၀) ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ခွဲဝန်းကျင်တွင်...