ယခုနှစ်ရွေးကောက်ပွဲ တိုင်းရင်းသားပါတီငယ်များ ကန့်သတ်ခံခဲ့ရဟု ရှမ်းတောင်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဆို
ယခုနှစ်ရွေးကောက်ပွဲတွင် ပြည်နည်အခြေပြု တိုင်းရင်းသားပါတီများ တန်းတူယှဉ်ပြိုင်ခွင့်မရှိဘဲ ကန့်သတ်ခံခဲ့ရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းဒါရိုက်တာ ဒေါ်နန်းဝါနုက ဒီဇင်ဘာ ၉ ရက်တွင်ပြောသည်။ “ကိုဗစ်ပတ်သက်ပြီး တားမြစ်ချက်တွေက တိုင်းရင်းသားပါတီငယ်တွေကို ကန့်သတ်ထားသလိုဖြစ်တာပေါ့။ အယောက် ၂၀ ထက်ပိုမစုရ ၃၀ ထက် ပိုမစုရကိစ္စတွေက ပါတီငယ်တွေအတွက်ပဲ ကန့်သတ်ထားသလိုဖြစ်ပြီး လက်ရှိအာဏာနရပါတီနဲ့...
နမ္မတူတိုက်ပွဲ လက်နက်ကြီးကျည်ကျ ရွာသား ၄ ဦး ကျည်စထိမှန် ကိုယ်ဝန်သည်တဦးပါ၀င်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နမ့်ပိုင်ကျေးရွာအနီး RCSS နှင့် TNLA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ လက်နက်ကြီးကျည်ကျသဖြင့် ကိုယ်ဝန်သည် အမျိုးသမီး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ (၄) ဦး ရှိကြောင်းသိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၁၀) ရက် ည ၅ နာရီ...
နမ္မတူတွင်တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀ ကျော်အထိတိုးလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့်မဟာမိတ် တပ်ပေါင်းစုတို့အကြား တိုက်ပွဲကြောင့် စစ်ရှောင် (၂၅၀) ကျော် ရှိလာကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၉) ရက် မနက်ပိုင်း နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာ၊ ကွန်ကျောင်းကျေးရွာ၊ နားကျိုင်းကျေးရွာ နှင့်...
SHAN -
တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် အရပ်သားပြည်သူများ ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းခံမှုအပေါ် လူ့အခွင့်အရေး နှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာ (၇) ရက် ရက်စွဲဖြင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက် လူ့အခွင့်အရေးနှင့် တရားမျှတရေး...
ကျောက်မီးသွေးတူးဖော်မည့် သတင်းကြောင့် မိုးနဲပြည်သူများစိုးရိမ်နေ
SHAN -
သျှမ်းပြည် တောင်းပိုင် နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာ နမ့်မော်ငင်းကန်အနီးတွင် ကျောက်မီးသွေး တူးဖော်မည့်သတင်းကြောင့် ရေအရင်းအမြစ် ထိခိုက်မည်ကို မိုးနဲဒေသခံများစိုးရိမ်ပူပန်နေကြသည်။ နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာ နမ့်မော်ငင်းကန်သည် မိုးနဲမြို့နယ်လူထုအားကိုးအားပြုနေရသည့် နမ့်ဟူးစက်တော် ရေထွက်ဦးနှင့် နီးစပ်ဆက်နွယ်နေသဖြင့် နမ့်မော်ငင်းထိခိုက်ပျက်စီးပါက မိုးနဲလူထု စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ “ အကယ်၍သူတို့ကျောက်မီးသွေးတကယ်လာတူးရင်တော့ မိုးနဲ ကတော့သွားပြီ။...
Quarantine Center ဟာ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရသလား
SHAN -
သျှမ်းပြည်နယ် မြို့တော် အစိုးရ ရုံးစိုက်ရာတောင်ကြီးမြို့မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတဦး နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီခွဲ က ဓါးထောက်ပြီး အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။ တောင်ကြီးတက္ကသိုလ်ရှိ နန်းဝတီအမျိုးသမီးဆောင်မှာဖွင့်ထားတဲ့ Quarantine Center မှာ ထိုင်းနယ်စပ် မြဝတီကနေ နေရပ်ပြန်လာတဲ့အမျိုးသမီးတဦး ဘုရားရှိခိုးနေစဉ် အမည်မသိ...
တောင်ကြီးတက္ကသိုလ် အမျိုးသမီးအဆောင်တွင် Quarantine ဝင်သည့် အမျိုးသမီး အဓမ္မပြုကျင့်ခံရ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးတက္ကသိုလ် တွင် Quarantine Center ဝင်နေသည့် အသက် ၃၃နှစ် အရွယ် အမျိုးသမီးတဦး ယမန်နေ့ (နိုဝင်ဘာ ၂၉ ) ည ၈နာရီခွဲ၌ အဓမ္မပြုကျင့်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ တောင်ကြီးမြို့ ကျောင်းကြီးစုရပ် တောင်ကြီး တက္ကသိုလ်ဝန်းရှိ နန်းဝတီ အမျိုးသမီးဆောင်...
တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်သဖြင့် မိုးကုတ်မြို့ပေါ် စစ်ရှောင် (၁၀၀၀)ကျော်ရောက်ရှိ
မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်(၁၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင် လာကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့်နိုဝင်ဘာ(၂၄)ရက်တွင် မိုးကုတ်မြို့နယ် အတွင်း တအာင်း(ပလောင်)တပ်မတော် TNLA နှင့် အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စတင်ပြီး၊ ထိုတိုက်ပွဲဖြစ်ပွားသည့်ဒေသအနီးရှိ ဒေသခံ(၁၀၀၀)ကျော် မိုးကုတ်မြို့ပေါ်သို့ထွက်ပြး လာကြခြင်းဖြစ်ကြောင်း မန္တလေးတိုင်း လီဆူ စာပေနှင့် ယဉ်ကျေးမှု...
ကျောက်မဲခရိုင် အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ပစ်သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ယနေ့ နိုဝင်ဘာ ၂၁ ရက် ည ၆နာရီဝန်းကျင် တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ က လာရောက်ပစ်သတ်သွားကြောင်းစုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင်က ဦးထိုက်ဇော်သည် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု၊...
မိုင်းတုံမြို့နယ်ရှိ မဲရလဒ် တရားမျှတမှုမရှိသဖြင့် ပယ်ဖျက်ပေးရန် SNLD တောင်းဆို
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ရှိ မဲရုံ အများစု ၏ မဲရလဒ်သည် တရားမျှတမှု မရှိသဖြင့် အားလုံး ပယ်ဖျက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ သို့ SNLD ပါတီမှ တင်ပြတောင်းဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနေ့သည် နည်းလမ်းတကျ...






