Friday, January 30, 2026

ယခုနှစ်ရွေးကောက်ပွဲ တိုင်းရင်းသားပါတီငယ်များ ကန့်သတ်ခံခဲ့ရဟု ရှမ်းတောင်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဆို

ယခုနှစ်ရွေးကောက်ပွဲတွင် ပြည်နည်အခြေပြု တိုင်းရင်းသားပါတီများ တန်းတူယှဉ်ပြိုင်ခွင့်မရှိဘဲ ကန့်သတ်ခံခဲ့ရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းဒါရိုက်တာ ဒေါ်နန်းဝါနုက ဒီဇင်ဘာ ၉ ရက်တွင်ပြောသည်။

“ကိုဗစ်ပတ်သက်ပြီး တားမြစ်ချက်တွေက တိုင်းရင်းသားပါတီငယ်တွေကို ကန့်သတ်ထားသလိုဖြစ်တာပေါ့။ အယောက် ၂၀ ထက်ပိုမစုရ ၃၀ ထက် ပိုမစုရကိစ္စတွေက ပါတီငယ်တွေအတွက်ပဲ ကန့်သတ်ထားသလိုဖြစ်ပြီး လက်ရှိအာဏာနရပါတီနဲ့ ပြည်မပါတီကြီးတွေကျတော့ လူတွေရာနဲ့ချီ၊ ထောင်နဲ့ချီစုဝေးနေကြတာတွေ မြင်တွေ့ခဲ့ရပါတယ်” ဟု ၎င်းကပြောသည်။

မဲဆွယ်စည်းရုံးသည့် ကာလတွင်လည်း တိုင်းရင်းသားပါတီငယ်များမှ Mask များသာထောက်ပံ့ပေးနိုင်ချိန် လက်ရှိအာဏာရပါတီအနေဖြင့် မဲဆွယ်စည်းရုံးရေးနောက်တွင် ပြည်သူများကို ပြည်နယ်စားနပ်ရိက္ခာအဖွဲ့များက လိုက်လံထောက်ပံ့သည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်းကဆိုသည် ။

ယင်းလုပ်ဆောင်ချက်များသည် တစ်ပါတီ စနစ်ကိုသွားနေသကဲ့သို့ဖြစ်စေပြီး လက်နက်ကိုင် ဖြေရှင်းခြင်းကို သွယ် ဝိုက်အားပေးရာကျကြောင်း ၊ တိုင်းရင်းသားပါတီများ လွှတ်တော်အတွင်း မရောက်စေရေးအတွက် ပယ်ချခံရမှုများ ဖြစ်လာစေပြီး လက်နက်ကိုင်ဓလေ့ နှင့် ခွဲထွက်ခြင်းကို ပိုမိုမြင့်မားလာစေရန် တစ်ဖက်လှည့်ဖြင့် လှုံ့ဆော်ပေး ရာရောက်သည်ဟု နန်းဝါနုက သုံးသပ်သည် ။

ရှမ်းတောင်ရှိ တစ်ချို့သော ပြည်သူ့စစ်အဖွဲ့များ နှင့် တိုင်းရင်းသားလက်နက်ကိုင် ဒေသတွင် COVID ရောဂါအခြေ အနေများ အကြောင်းပြု၍ ဒေသတွင် ပါတီများ ဝင်ထွက်ခွင့်ကို ကန့်သတ်ခဲ့ပြီး  တစ်ချို့သော နေရာများတွင် မြန်မာ့တပ်မတော်ကပါ တားဆီးပိတ်ပင်မှုများရှိခဲ့ကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ သိရသည် ။

ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းနှင့် ရှမ်းတောင်အရပ်ဖက် အဖွဲ့အစည်းရှစ်ဖွဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲ အကြို ၊ ရွေးကောက်ပွဲနေ့ နှင့် ရွေးကောက်ပွဲအလွန် ကာလများကို စောင့်ကြည့်လေ့လာလျက်ရှိပြီး ရှမ်းတောင်တွင် တောင်ကြီး၊ ဆီဆိုင် ၊ ဟိုပုံး ၊ ပင်လောင်း ၊ ကလော ၊ရပ်စောက် ၊ပင်းတယ ၊ရွာငံ ၊ နမ့်စန် ၊ မိုးနဲ ၊ လင်းခေး၊ ကျေးသီး ၊ ကွန်ဟိန်းဟူသောမြို့နယ် ၁၃ မြို့နယ် အား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တွင် တရားဝင် ခွင့်ပြုချက်ရယူ၍ စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။

အဆိုပါ လေ့လာစောင့်ကြည့်ရေးအဖွဲ့အနေဖြင့် အဆိုပါမြို့နယ်များတွင် တွေ့ရှိချက်များကို ဒီဇင်ဘာနောက်ဆုံး အပါတ်တွင် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ အစီရင်ခံစာများပေးပို့သွားမည်ဟု ဆိုသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် ယာဉ်ထိန်းရဲနှင့် ၎င်းလက်ဝေခံများ ပိုက်ဆံတောင်းကြမ်း

0
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းလက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလမှ စပြီး မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းတို့ လက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်းကို မူဆယ်မြို့နေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

လားရှိုးမြို့ထဲ စစ်ကော်မရှင်နှင့် MNDAA ထပ်မံဆွေးနွေး၊ ပြည်ထောင်စုလမ်းမကြီးပေါ် MNDAA တပ်ပြန်ထိုင်

0
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...