Wednesday, January 28, 2026

မူဆယ်တွင် မဲကိုယ်စား လာရောက်ထည့်သူရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် ယနေ့ (နိုဝင်ဘာ၈)ရက် ရွေးကောက်ပွဲနေ့၌ လူစားထိုးပြီး မဲလာပေးမှုများရှိနေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့နယ် တိန်းလုံကျေးရွာရှိ မဲရုံအမှတ်(၁)တွင် အမျိုးသမီးတဦးသည် သူငယ်ချင်းအစား မဲလာပေးပြီး၊ ပြည်သူ့လွှတ်တော် ပုံး တပုံးကိုထည့်ခဲ့ကြောင်း တိန်းလုံ မဲရုံကို စောင့်ကြည့်နေသည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တရုတ်အမျိုးသမီးတဦးက သူ့သူငယ်ချင်းအစားလာပေးသွားတယ်။ တိုကင်နဲ့ အမှတ်စဉ်ပဲကြည့်တော့ သေချာမသိလိုက်ဘူး။ ပြည်သူ့လွှတ်တော်ပုံးတပုံး တော့ ထည့်သွားတယ်” ဟု ၎င်း လူငယ်က ပြောပြသည်။

လက်ရှိမှာ ကိုယ်စားလာရောက်ပြီးမဲထည့်ခဲ့သည့်အမျိုးသမီးကို ထိန်းသိမ်းထားကြောင်းသိရသည်။

အဆိုပါ မဲရုံ(၁)တွင် မဲထည့်ရမည့် မဲဆန္ဒရှင် ၁၄၇၀ ဦးရှိကြောင်းသိရသည်။

သျှမ်းပြည်နေရာအနှံ့အပြားတွင် လူစားထိုးပြီး မဲလာရောက်ပေးမှုများကို တွေ့ရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...