Wednesday, April 24, 2024

ကွတ်ခိုင်မြို့နယ်တွင် ကြိုတင်မဲရေတွက်မှု လက်ရှိအချိန်ထိမပြီးစီးနိုင်သေး

Must read

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လက်ရှိ ညသန်းခေါင်ချိန်ထိ ကြိုတင်မဲ ရေတွက်မှု မပြီးသေးကြောင်း စုံစမ်းသိရသည်။

ကြိုတင်မဲများတွင် အသက် ၆၀နှစ်အထက် သက်ကြီးရွယ်အိုမဲများသာမက အသက် ၁၈နှစ်အရွယ်များပါနေကြောင်း၊ ကြိုတင်မဲအရေအတွက်သည် သာမန်မဲထက်ပိုများနေကြောင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းပြည့်ဖြိုးကျော် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကြိုတင်မဲတွေ အခုချိန်ထိ မပြီးသေးဘူး။ ထပ်ရှိနေသေးတယ်။ ကြိုတင်မဲက ဒီနေ့ထည့်တဲ့မဲထပ်များနေတယ်။ ကြိုတင်မဲမှာ အသက် ၁၈နှစ်လူတွေ ပါနေသလို ဒီနေ့မှာ အစားထိုးမဲထည့်တာတွေလည်းရှိတယ်” ဟု စိုင်းပြည့်ဖြိုးကျော်က ပြောသည်။

သျှမ်းပြည်နယ် တချို့နေရာများတွင် မကြာမီအချိန်အတွင်း မဲရလဒ် အဖြေထွက်လာနိုင်သည့်အခြေအနေရှိသော်လည်း ကွတ်ခိုင်မြို့နယ်တွင် ယခုချိန်ထိ ကြိုတင်မဲရေတွက်ခြင်းမပြီးစီးနိုင်သေးပေ။

Leave a Comments

- Advertisement -spot_img

Latest article