Tuesday, January 27, 2026

နမ့်ခမ်းမြို့ UP အဖွဲ့ခေါင်းဆောင် ကို သေနတ်ပစ်ခဲ့သည့်တရားခံ လွှတ်မြောက်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်စန့်ရပ်နေ လူမှုညီညွတ်ရေး အဖွဲ့ (UP) အဖွဲ့ခေါင်းဆောင် ဦးစိုင်းအောင်ဝင်း နှင့် ၎င်း၏သား တို့ သေနတ်ပစ်ခံရပြီး ယခုချိန်အထိ တရားခံ လွှတ်မြောက်နေဆဲဟု စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ရက် ည ၆နာရီ ဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင် တစ်ဦးက ဆိုင်ကယ်မောင်းလာပြီး ဆရာ စိုင်းအောင်ဝင်း တို့၏ နေအိမ်ရှေ့တွင် တည့်တည့်တွင် သေနတ်ပစ်ရာ စိုင်းအောင်းဝင်း သေနတ်ဒဏ်ရာ ၂ချက် ရရှိခဲ့ပြီး ၎င်း၏သားလည်း လက်မောင်းနား ကျည်ဆံရှပ်ထိသွားကြောင်း သိရသည်။

“ ၂ ချက်ထိတယ်။ နောက်ကျောနားနဲ့ တင်ပါးဆုံရိုးနား ထိတယ်။ တလုံးကတော့ အူမကြီးကို သွားထိတယ်။ သူသားကတော့ လက်မောင်းနား ရှပ်ပြီး ထိသွားတယ်။ သိပ်တော့ မစိုးရိမ်ရဘူး။ ဘယ်အဖွဲ့လာပစ်တယ်ဆိုတာ မသိရသေးဘူး” UP အဖွဲ့အတွင်းရေမှူး လုံးစိုင်းမောက်ဆိုင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်ထိ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပစ်ခတ်သည်ကို မသိရရှိသေးကြောင်း၊ တရားခံလည်း မမိသေးကြောင်း လုံးစိုင်းမောက်ဆိုင် က ပြောသည်။

ပစ်ခတ်မှုနှင့်ပတ်သက်ပြီး လုံးစိုင်းမောက်ဆိုင် က “ကျနော်တို့ တရားစွဲထားတော့ မရှိသေးဘူး။ ဒါပေမယ့် ဖြစ်ဖြစ်ချင်းမှာတော့ ရဲတွေကတော့ စိုင်းအောင်ဝင်းအိမ် ကို လာပြီးစစ်ဆေးသွားတယ်။ အချက်အလက်တွေကို လာကောက်သွားတယ်” ဟူ လုံးစိုင်းမောက်ဆိုင် ကပြောသည်။

လက်ရှိ ဦးစိုင်းအောင်ဝင်းသည် နမ့်ခမ်းဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။
၂၀၁၅ ကလည်း ဦးစိုင်းအောင်ဝင်း ၏နေအိမ်တွင် လက်ပစ်ဗုံး ပစ်ခတ်ခံရဖူးပြီး ထိုစဉ်တွင် ဗုံးစ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ လူတွေ သွားလာလှုပ်ရှားနေချိန်၊ လူမြင်ကွင်းမှာ ပစ်သွားတာကိုကြည့်ချင်းအားဖြင့် နမ့်ခမ်းက တရားဥပဒေ စိုးမိုးမှု မရှိတော့ဘူးဆိုတာပြတာပဲ။ နောက်ပြီး အိမ်ရှေ့ တည့်တည့်လာပစ်တဲ့ CCTVကလည်းရှိတယ်။ ရဲတွေက အခုထိ မဖမ်းမိဘူးဆိုတော့ စဉ်းစားစရာပါပဲ” ဟု နမ့်ခမ်းဒေသခံ စိုင်းအိုက် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

နမ့်ခမ်းမြို့တွင် တရားဥပဒေ စိုးမိုးမှုမရှိကြောင်း လုံခြုံမှုကင်းမဲ့နေကြောင်းကာ ဒေသခံပြည်သူများ လည်း စိုးရိမ်မှုများဖြင့် နေထိုင်ရေကြောင်း လည်း စိုင်းအိုက်က ပြောသည်။

နမ့်ခမ်းမြို့နယ်တွင် အစိုးရတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့စစ်များလှုပ်ရှားသည့်နေရာတခုဖြစ်ပြီး၊ မကြာခဏ ပစ်ခတ်မှုများရှိသည့်နေရာတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO တပ်သားမှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး ကျည်ထိမှန်ဒဏ်ရာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားအင်း အနောက်ဘက်ကမ်းရှိ ကျောက်တန်းကျေးရွာတွင် PNO ပြည်သူ့စစ်မှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး သေနတ်ထိမှန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ရင်း (၇) မှ တပ်သားများသည် ကျောက်တန်းကျေးရွာရှိ...

လားရှိုးမြို့ပေါ် ညအပြင်ထွက်သူများကို စစ်ကောင်စီက သေနတ်ပစ် ခြိမ်ခြောက်

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီက ညနေ (၆)နာရီကျော် နေအိမ်အပြင်ထွက်သူများကို သေနတ်ပစ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ယခုရက်တစ်ပတ်အတွင်း၌ စစ်ကောင်စီက ည ၆ နာရီမှစတင်ပြီး နေအိမ်အပြင် မထွက်ရန် လော်စပီကာဖြင့် လိုက် ကြေညာခဲ့သည်။ ထို့နောက် ညအချိန်အပြင်ထွက်သူများကို စစ်ကောင်စီ၏ တပ်သားမျာက...

ကျေးသီးမြို့နယ် စစ်ကောင်စီက ပြည်သူပိုင်နွားကို သေနတ်ပစ်ပြီး ပိုင်ရှင်ကို ဓားဖြင့်ခုတ်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနင်းကျေးရွာအုပ်စု နောင်ယုန်းကျေးရွာထဲတွင် စစ်ကောင်စီက ပြည်သူပိုင်နွားကို လာရောက်ပစ်ခတ်ပြီး ပိုင်ရှင်ကိုလည်း ဓားဖြင့် ပြန်လည်ခုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဩဂုတ် ၃၁) ရက် နေ့လည် (၁) နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ပြည်သူပိုင်နွားကို သေနတ်ဖြင့် ပစ်နေသည်ကို ပိုင်ရှင်ကတွေ့ရှိပြီး...

နမ့်ခမ်းမြို့ ဓာတ်တိုင်က လျှပ်စစ်မီးကြိုးများ မကြာခဏ ခိုးခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဓာတ်တိုင်မှ လျှပ်စစ်မီးကြိုးများ မကြာခဏ ခိုးခံရကြောင်း စုံစမ်းသိရှိရသည်။ဧပြီလ မှ စတင်ပြီး ယနေ့ချိန်ထိ နမ့်ခမ်းမြို့ရှိ ရပ်ကွက်တိုင်းတွင် ဓာတ်တိုင်မှ လျှပ်စစ်မီးကြိုးများ၊ အုတ်တံတိုင်းမှ သံဆူးကြိုးများနှင့် အိမ်ရှေ့မြောင်းမှ ကာထားသည့် သံချောင်းများ မကြာခဏ ပျောက်ဆုံးနေကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။“မီးမကြာခဏ ပျက်တော့...

မြန်မာ -တရုတ် နယ်စပ် နမ့်ခမ်းမြို့အနီးတွင် ဗုံးပေါက်ကွဲသံကြား

0
မြန်မာ - တရုတ် နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီးတွင် ယနေ့ (မေလ ၁၉) ရက် မနက် ၇ နာရီဝန်းကျင်တွင် ဗုံးအဆက်မပြတ် ပေါက်ကွဲမှုကြားရသဖြင့် နမ့်ခမ်းမြို့‌ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ယနေ့မနက်ပိုင်းအချိန်တွင် ဗုံးသံ အချက် ၂၀ ထက်မနည်း ဆက်တိုက်ကြားနေရကြောင်း...