မိုင်းဆတ် “ဝ” နယ်မြေအတွင်း အစိုးရတပ် နှင့်ဆက်နွယ်သည့် USDPပါတီ မဲပေးရန် တိုက်တွန်းနေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် “ဝ” တပ်ဖွဲ့လှုပ်ရှားနယ်မြေ နေထိုင်သူများအားလုံး ကြံ့ခိုင်ရေးပါတီ ကို မဲထည့်ပေးရန် “ဝ”တပ်ဖွဲ့ ကညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။

မိုင်းဆတ်မြို့နယ်အတွင်းရှိ “ဝ” တပ်ဖွဲ့ လှုပ်ရှားသည့်နယ်မြေအတွင်း နိုင်ငံရေးပါတီများအား ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး အတွက် ဟုအကြောင်းပြကာ ဝင်ထွက်သွားလာခွင့်မပေးသဖြင့် နိုင်ငံရေးပါတီများ ထိုနေရာသို မဲဆွယ်ခွင့်မရရှိခဲ့ကြကြောင်း၊ ထို့ကြောင့် ထိုနေရာတွင် လွတ်လပ်ပြီး တရားမျှတမှုမရှိနိုင်ဟုဆိုကာ ရွေးကောက်ပွဲ ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီ (၄)ခု က ယမန်နေ့ (နိုဝင်ဘာ ၄)ရက်က တောင်းဆိုခဲ့သည်။

သို့သော် “ ဝ” တပ်ဖွဲ့ ထိန်းချုပ်နေရာဖြစ်သည့် ဝမ်ဟုံ၊ ဆီဘုတ်၊ မိုင်းယွန်း၊ တာကူးတွင်နေထိုင်သည့် ပြည်သူများကို သက်ဆိုင်ရာ အာဏာပိုင်းများက အစိုးရတပ်မတော်နှင့် ဆက်နွယ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) ပါတီကို မဲထည့်ရန် ပြောဆိုခဲ့ပြီး၊ မဲထည့်ပုံ၊ထည့်နည်းများ ကို ခေါ်ယူသင်ကြားပေးနေကြောင်းလည်း အမည်မဖော်လိုသည့် “ဝ”တပ်ဖွဲ့ဝင် တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ကို ခေါ်ပြီးတော့အစိုးရတပ် ပါတီကိုပဲ မဲပေးဖို့ ပြောပါတယ်။ ကျန်ပါတီတွေမပေးဖို့ နောက်ပြီး တံဆိပ်တုံးထုတာတွေ သင်ပေးပါတယ်” ဟု ၎င်း အမည်မဖော်လိုသည့် “ ဝ”တပ်သား က ဆိုသည်။

ယခင် ထိုဒေသတွင်နေထိုင်သည့် ပြည်သူများသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရန် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကိုသာမဲပေးရန် “ ဝ”တပ်ဖွဲ့က ပြောဆိုခဲ့ပြီး၊ ၅နှစ်သာကာလအတွင်း အပြောင်းအလဲမရှိလာသည့်အတွက် ယခုနှစ် ရွေးကောက်ပွဲမှာ အစိုးရတပ် ပါတီဖြစ်သည့် USDPကို မဲပေးရန် ဖြစ်ကြောင်းသိရသည်။

“ တိုင်းရင်းသားလက်နက်ကိုင်တပ်သားတွေ က မဲပေးခွင့်မရှိပေမယ့် “ဝ”ထိန်းချုပ်နယ်မြေက ဝ တပ်သားတွေကတော့ မဲပေးလို့ရတယ်။ “ဝ”နယ်မြေက လူကြီးပေါ်မူတည်တယ်။ ဘယ်သူ့ကိုမဲထည့်ဖို့ ဆိုတာက ဒါကတော့ တရားမျှတမှု မရှိဘူး” ဟု မိုင်းဆတ်မြို့နေ အသက် ၄၀ကျော် စိုင်းတစ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စက်တင်ဘာ လဆန်းပိုင်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA “ဝ” တပ်ဖွဲ့ နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ပြီး ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မိုင်းဆတ်မြို့နယ် နိုင်ငံရေးပါတီများ ဝင်ခွင့်မရသည့် ဒေသများတွင် မဲဆန္ဒရှင်များကို တိုင်းရင်းသားပါတီများအား မဲပေးရန် ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ကြောင်းလည်း မိုင်းဆတ်ဒေသခံများပြောပြချက်အရ သိရသည်။

ကိုဗစ်-၁၉ ကာကွယ်တားဆီးမှု ဟု ပြောဆိုကာ “ဝ”ထိန်းချုပ်နယ်မြေ ဝင်၊ထွက် မဲဆွယ်စည်းရုံးခွင့်မရရှိသည့်အတွက် နိုင်ငံရေးပါတီများကလည်း တရားလွတ်လပ်သည့် ရွေးကောက်ပွဲမဖြစ်ကြောင်း၊ မဲဆွယ်ခွင့်မရဘဲ ရွေးကောက်ပွဲကျင်းပခြင်းသည် မဖြစ်သင့်ကြောင်းလည်း ဝေဖန်ထောက်ပြမှုများရှိနေသည်။

“ လွတ်လွတ်လပ်လပ် နဲ့ စည်းရုံးခွင့်မရှိဘဲ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာအကြောင်းမရှိတော့ဘူး။ ကြားရတဲ့ သတင်းတွေလည်းမကောင်းဘူး။ ဒီနေရာက လုံးဝ ရွေးကောက်ပွဲဖျက်သိမ်းရမယ့်နေရာပါ” ဟု လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNDP) ကိုယ်စားပြုပြီး မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော် နေရာဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အေးသီတာမြင့် က ပြောဆိုလိုက်သည်။

ထို့ပြင် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ပြဿနာ တစုံတရာမရှိဘဲ တဦးတယောက်တည်း ၏ တိုင်ကြားချက်ကြောင့် ရွေးကောက်ပွဲ ကျင်းပခွင့်မရခဲ့သည့် ကိစ္စရှိခဲ့ပြီး၊ လက်ရှိမှာ ထိုနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ(၄)ခု တိုင်ကြားထားခြင်းကို တစုံတရာ တုန့်ပြန်မှုမရှိသည့်အပေါ် စဉ်းစားစရာများဖြစ်နေကြောင်းလည်း သျှမ်းပြည် လူထုများက မှတ်ချက်ပြုလိုက်သည်။

မိုင်းဆတ်မြို့နယ် အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ “ဝ” အမျိုးသားပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်ရင်းသားများ ဒီမိုကရက်တစ်ပါတီ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီတို့ ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...